Knowledge

ဗုဒ္ဓမြတ်စွယ်တော်ကို အနီးကပ်ဖူးမျှော်ခွင့် ရ၍ ဖူးမျှော်နိုင်ကြပါစေ

မိတ်ဆွေ တို့ သိမ်းဆည်း ထားရင် မမှားပါ ဗုဒ္ဓမြတ်စွယ်တော်မြတ်
တရုတ်ပြည်မှာ ရှိသည့် ဗုဒ္ဓဘုရားရှင်၏ အထက်လက်ဝဲ


စွယ်တော်မြတ်၏ အနီးကပ်ပုံတော် ဖြစ်ပါသည်။
တရုတ်ဘုန်းတော်ကြီး တစ်ပါးက စွယ်တော်တိုက်တွင်

အစောင့် ကျစဉ် ရိုက်ယူထားခဲ့သည့် အနီးကပ် ပုံတော်ဖြစ်ပါသည်။


စွယ်တော်မြတ်အတွင်း၌ ဘုရားရှင်၏ အသွေးတော်ကဖြစ်သည့်
ဓာတ်တော်များ ကိန်းနေသည်ကို ကြည်ညိုဖွယ် ဖူးမြင်နိုင်ပါသည်။


တရုတ်ပြည်သစ် ထူထောင်ပြီးချိန်တွင် တရုတ်ဗုဒ္ဓဘာသာဝင်များ
ဘုန်းတော်ကြီးများနှင့် ပြည်သူ့အစိုးရတို့ ပူးပေါင်းညီညွတ်စွာဖြင့်


ဗုဒ္ဓမြတ်စွယ်တော်အား ကွမ်ကျီး ကျောင်းတော်သို့ ပင့်ဆောင်ခဲ့ကြသည်။


ရတနာခုနစ်သွယ် စီခြယ်ထားသည့် စွယ်တော်ပလ္လင်နှင့် စီစဉ်၍


တင့်တယ်ခမ်းနား ထည့်ဝါစွာ သပ္ပါယ်စွာ
အထွတ်အမြတ်ထား ကိုးကွယ်ခဲ့ကြသည်။


မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများသို့ ဒေသစာရီ ကြွချီ၍
ဗုဒ္ဓဘာသာဝင် ပြည်သူများ၏ ပူဇော်အထူးကို ခံယူခဲ့သည်။


တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော် ကို ၁၉၅၅ ခုနှစ်
အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ပင့်ဆောင်သည်။

#crd