Knowledge

တကယ့်လူမှလူ အစစ် လေးစားအတုယူဖွယ် အလှုုရှင်ကြီး

အဝီစိတွင်း စက်ရေတွင်း အငှားလိုက်တူးပြီး ရေတွင်း တူးခများ ရတာကို

ခြိုးခြံချွေတာ စားသောက်နေထိုင်ပြီး ခြစ်ခြစ်ကုပ်ကုပ် စုဆောင်းထားရှိပြီး စုဆောင်း

ရရှိငွေ ၄၅၀၂၀၀ဝိ လေးဆယ့်ငါးသိန်းနှစ်ထောင်ကျပ် ရရှိလာသောအခါ

၂၀၀ဝိ ကို သုံးစွဲရန် ချန်ထားပြီးလေးဆယ့်ငါးသိန်း

ကျပ်ကို စလင်းမြို့သံဃာတော်များ အရုဏ်ဆွမ်း မခက်ခဲစေရန်

စလင်းမြို့ သာသနဟိတ နေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းကြီးသို့ ရာသက်ပန်

ငွေပင်ငွေရင်း ပဒေသာပင်အဖြစ် စိုက်ထူလှူဒါန်းလိုက်ပါသော ကုသိုလ်ရှင်ကြီး

ယခင်ကလည်းအမွေဆိုင်ဝိုင်းရောင်းရငွေမှ မိမိဝေစုရသော

၂၁၀၀၀၀ဝိ နှစ်ဆယ့်တစ်သိန်းကျပ်ကိုဘခင်ကြီးဦးရာဆယ် မိခင်ကြီးဒေါ်နှင်း

အမ ဒေါ်လှလေး တို့အား ရည်စူး၍ရာသက်ပန် ငွေပင်ငွေရင်း ဆွမ်းပဒေသာပင်

စိုက်ထူလှူဒါန်းထားတာ အခုလှူတာနဲ့ဆိုရင် ပဒေသာပင်တန်ဖိုး ၆၆၀၀၀၀၀ ခြောက်ဆယ်

ခြောက်သိန်းစိုက် ထူထားတဲ့ ထာဝရ အလှူရှင်ကြီးလည်း ဖြစ်သွားပါပြီ ခင်ဗျား ဆွမ်းလောင်း

သင်းကြီးကို လစဉ်အလှူငွေ၁၀၀ဝိ နှုန်းနဲ့တစ်နှစ်ပါတ်လုံး နှစ်စဉ်မပျက် လှူဒါန်းနေတဲ့

အာစိဏ္ဏကံ အလှူရှင်ကြီးလည်း ဖြစ်ပါတယ်။စလင်းမြို့သာသနဟိတ နေ့စဉ် အရုဏ်ဆွမ်း

လောင်းအသင်းကြီးမှာ ရာသက်ပန် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းထားကြတဲ့

အလှူငွေများကို ဘဏ်မှာ စနစ်တကျ အပ်နှံထားပြီး အရင်းကို မလျော့ပါးစေဘဲ ရရှိလာတဲ့

အတိုးအညွန့် များကိုသာ ဆွမ်းလောင်းလှူတဲ့ ကိစ္စများမှာ သာ သုံးစွဲတာဖြစ်လို့ အလှူရှင်များ

မရှိတော့သည့်တိုင်အောင်သား စဉ်မြေးဆက် အမြဲ ကုသိုလ်ရနေမယ့် အလှူ ဖြစ်ပါတယ်။

#crd