Knowledge

ငွေကြေးအခက်ခဲကြာင့် ၁၅ နှစ်ထက်ပိုပြီး မနေရနိုင်တော့ဘူးဆိုတဲ့ ၄ နှစ်အရွယ် ကလေးရဲ့ ဖြစ်ရပ်

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နေတဲ့
ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကလေးငယ်။


Bayezid Hossain ဆိုတဲ့ကလေးရဲ့ ခန္ဓာကိုယ်သေးသေးလေးမှာ
အဘိုးကြီးရဲ့ ခန္ဓာကိုယ်က ဆွဲကပ်နေပါတယ်။

ဒီကလေးလေးဟာ အမှန်တကယ်တော့ အသက်၄ နှစ်ပဲရှိပါသေးတယ်။
ဒါပေ့မယ့် ပါးရေတွေတွန့်နေပြီး အရေပြားတွေတွဲကြနေတဲ့

သူ့ရဲ့ ရုပ်ရည်ကတော့ သူဟာ ကလေး မဟုတ်ဘူးလို့
ပြောနေသလိုလိုဖြစ်နေပါတယ်။


Bayezid ဟာဆိုရင်အလွန်ကိုမှ ဖြစ်နိုင်ချေနည်းပါးတဲ့
ရှားပါးရောဂါတစ်ခုကို ခံစားနေရတဲ့ အတွက်

သာမန် ကလေးတစ်ယောက်ပိုင်ဆိုင်တဲ့ ဘဝကိုပိုင်ဆိုင်ခွင့်မရခဲ့ပါဘူး။


သူ့ရဲ့ ရုပ်ရည်ကြောင့်လဲ ရွယ်တူကလေးတွေက သူ့ကို
ကြောက်ရွံ့ပြီး အခေါ်အပြောမလုပ်ကြပါဘူး။

အဲ့ဒီရောဂါကို Progeria လို့ခေါ်ပြီး မျိုးရိုးဗီဇ နဲ့သက်ဆိုင်ပြီး
အရွယ်နှင့်မလိုက်အောင် အသက်ကြီးစေတဲ့ ရောဂါ

Cutis Laxa လို့လဲခေါ်လို့ရပါတယ်။


ကလေးဟာ နေစဉ်နေ့တိုင်း အပေါ့သွာခြင်း အရိုးအဆစ်များ
မကောင်းခြင်း သွားများကျိုးခြင်း သွားမကောင်းခြင်း စတဲ့

ကိစ္စတွေနဲ့ပတ်သက်ပြီး အခတ်အခဲများစွာနဲ့ နေထိုင်နေရပါတယ်။


ကျွန်မသူ့ကို မွေးပြီး စစခြင်းတွေ့တုန်းကဆို အရမ်းကိုလန့်သွားခဲ့ပါတယ်။
ကလေးလေးဟာ အရိုးပဲရှိပြီး ဂြိုလ်သားနဲ့တူတဲ့အတွက်ကြောင့်

ကျွန်မအရမ်းကို ခံစားခဲ့ရပြီး အသည်းကွဲခဲ့ရပါတယ်။ဟု
အသက် ၁၄ နှစ်မှာသူ့ကိုမွေးခဲ့တဲ့ အမေကပြောပါတယ်။


မွေးမွေးခြင်းကဆိုရင် ဆရာဝန်တွေကလဲ ဒီလိုမျိုး ကလေးကို
အခုမှတွေဘူးတာကြောင့် ဘာကိုလုပ်လို့ လုပ်ရမှန်းမသိခဲ့ပါဘူး။

သူတို့လုပ်နိုင်တာဘာမှမရှိပါဘူး လို့လဲပြောခဲ့တယ်။

ကလေးရဲ့ ရုပ်ရည်အပြင်ပန်းက အလွန်ရင့်ရော်နေသော်လည်း
ကလေးလေးဟာ ဉာဏ်ရည်အလွန်ကောင်းတဲ့သူလေးပါ။


အဲ့ဒီရောဂါကိုကုသရင် ဒေါ်လာ ၅,၂၀၀ ကျော်လောက်ကုန်ကျမှာဖြစ်ပြီး
မိဘတွေကလဲ ခွဲစိတ်ခကို မတတ်နိုင်ကြပါဘူး။

ဒါ့ကြောင့်လဲ ကလေးရဲ့ အခြေအနေဟာ တစ်နေ့
တစ်နေ့ပိုပြီးဆိုးရွားလာပါတယ်။


ဆရာဝန်တွေကလဲ ကလေးလေးဟာ အသက် ၁၅ နှစ်ထက်ပိုပြီး
မနေနိုင်လောက်ပါဘူးလို့လဲ စိတ်မကောင်းစွာဖြင့်ပြောကြားခဲ့ပါတယ်။

#crd