Knowledge

ကလေးသုံးယောက်ထိ မွေးဖွားထားတဲ့ ကမ္ဘာ့ပထမဦးဆုံးကလေးမွေးခဲ့တဲ့ အမျိုးသား

ကမ္ဘာပေါ်မှာ ပထမဦးဆုံးကလေးမွေးခဲ့တဲ့ အမျိုးသား


ဖေ့ဘွတ်တစ်ခွင်မှာ အမျိုးသားတစ်ဦး

ဗိုက်ကြီးနေတဲ့ ပုံတြွေပန့်နှံ့လာခဲ့ပါတယ်။


တစ်ချို့သောမိန်းကလေးတွေက သူတို့ ချစ်ချစ်တွေကို

မန်းရှင်း ခေါ်ပြီး ကိုကို့ ချစ်ကိုယ်စား ကိုယ်ဝန်ဆောင်ပေးနော်

ဟားဟား တို့မိန်းမတွေ ကိုယ်ဝန်ဆောင်စရာ မလိုတော့ဘူးကွ

တို့တွေ ပြောကြနေကြတာတွေရှိကြပါတယ်။


တကယ်တော့ အဲ့ဒီလူရဲ့ နာမည်ဟာ Thomas Beatie ဖြစ်ပြီး

သူဟာ အမေရီကန် လူမျိုးတစ်ယောက်ဖြစ်ပါတယ်။

သူဟာဆိုရင် ကမ္ဘာပေါ်မှာ ပထမဦးဆုံးကိုယ်ဝန်ဆောင်ခဲ့တဲ့

အမျိုးသား The Pregnant Man လို့လဲ လူသိများပါတယ်။


အဲ့ဒီမှာ ယောက်ျားတစ်ယောက်က ဘာလို့

ကိုယ်ဝန်ဆောင်လို့ရတာလဲမေးတဲ့ အခါမှာ တော့

သူကလိင်ပြောင်းထားတဲ့သူမို့လို့ ဆောင်လို့

ရတာပါလို့ပြန်လည်ဖြေကြားချင်ပါတယ်။



သူကိုယ်ဝန်ဆောင်ခဲ့ရတဲ့ အကြောင်းအရင်းကတော့

သူယူလိုက်တဲ့ မိန်းမဟာ ကိုယ်ဝန်ယူလို့ မရတဲ့ အတွက်

သူ့မိန်းမအစား မျိုးဥ အလှူခံပြီးဆောင်ခဲ့တာပါ။


သူဟာဆိုရင် စုစုပေါင်းကလေး သုံးယောက်မွေးဖွားခဲ့ပါတယ်။

၂၀၁၂ မှာတော့ သူ့မိန်းမနဲ့ ကွာရှင်းခဲ့ပြီး

ယခုအချိန်မှာတော့ သူက မိန်းမနောက်တစ်ယောက်နဲ့

လက်ထပ်ထားပါတယ် ဆေးပညာအရ


ယခုအချိန်ထိတော့ ယောက်ျား စစ်စစ်တွေက

ကိုယ်ဝန်ဆောင်လို့ မရသေးပါဘူး။

#credit