Health

သွေးတိုး သွေကြောပိတ်တာ သက်စေမည့် သဘာဝဆေးနည်း

စာဖတ်ပရိသတ်အားလုံး မဂ်လာပါနော်။

လူသားအားလုံး ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုလိုချင်ကြပါတယ်။

ဒါ့ကြောင့်လည်း ကျန်းမာရေးကို ဂရုစိုက်ကြရတာပါ။

သွေးတိုးတာ သွေးကြောပိတ်တာတွေကို သက်သော

စေဖို့အတွက် သဘာဝဆေးနည်းကို ဝေမျှပေးပါရစေ။

သွေးကြောပိတ်တာဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့် သွေးကြောပိတ်တာကို ဖြေရှင်းဖို့လိုပါတယ်။

ဒါ့အပြင် ဒီသဘာဝဆေးဟာ အအေးမိဖျားနာတာနဲ့

တခြားကူးစက်ရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ရေ ၂ လီတာ

ကြက်သွန်ဖြူ ၄ မွှာ

သံပုယိုသီး ၄ လုံး (အခွံမနွှာပါနှင့်)

ဂျင်း ၁ လက်မ ခွဲ

ပြုလုပ်နည်း

ကြက်သွန်ဖြူကို အခွံနွှာပြီး ပါးပါးလှီးပါ။

သံပုယိုသီးကို အခွံမနွှာဘဲ ပါးပါးလှီးလိုက်ပါ။

ပြီးရင် ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲထည့်ပြီးဖျော်ပါ။

ဂျင်းကိုလည်း ပါးပါးလှီးထည့်ပြီး ဖျော်စက်ကိုလှည့်လိုက်ပါ။

အခုတော့ ရေ ၂ လီတာကို အိုးထဲထည့်ပြီး ဆူအောင်တည်ရပါမယ်။

ပြီးရင် ဆူနေတဲ့ရေထဲကို စောစောက ကြိတ်ထားတဲ့အရာတွေကို ထည့်လိုက်ပါ။

အပူရှိန်လျှော့ပြီး ၅ မိနစ် ၁၀ မိနစ်လောက် တည်ပါ။

ပြီးရင် မီးဖိုပေါ်ကချပြီး အအေးခံပါ။

ပြီးရင် အဲဒီအရည်ကို သေချာမွှေပေးပြီး ခရားတစ်လုံးထဲထည့်ကာ ရေခဲသေတ္တာထဲထည့်ထားပါ။

တစ်နေ့ကို ၂ ကြိမ် စားပွဲတင်ဇွန်း ၂ ဇွန်းစာ သောက်ပေးပါ။

အစာမစားခင် ၂ နာရီအလိုမှာ သောက်ပေးရမှာဖြစ်ပါတယ်။

မှတ်ချက် ဆေးမသောက်ခင်မှာ အရည်ကို သေချာမွှေပေးပါ။

ဂျင်းတွေက အနည်ထိုင်ပြီး အောက်ခြေမှာ ရောက်နေတတ်လို့ဖြစ်ပါတယ်။

ကြက်သွန်ဖြူကြောင့် ခံတွင်းနံ့ဆိုးမှာ စိတ်မပူပါနဲ့နော်။

သွေးလွှတ်ကြောကို သန့်စင်ပေးပြီး သွေးကြောပိတ်တာကို သက်သာစေမှာဖြစ်ပါတယ်။

Credit