Local News

သစ်တံခါးဆရာတော်နဲ့ သင်္ကန်းစည်းနေတဲ့ ပိုင်တံခွန်နောက်လိုက်ပြီး မေတ္တာခံယူတဲ့ အုပ်စိုးခန့်

သစ်တံခါးဆရာတော်နဲ့ သင်္ကန်းစည်းနေတဲ့ ပိုင်တံခွန်နောက်လိုက်ပြီး မေတ္တာခံယူတဲ့ အုပ်စိုးခန့်

နိုင်ငံကျော် အဆိုတော် တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင် တစ်ယောက်လည်းဖြစ်တဲ့ အုပ်စိုးခန့်ကတော့ လူငယ်ပေမယ့် အရွယ်နဲ့မလိုက်အောင် ဘာသာရေးနဲ့ ကုသိုလ်ရေးကို အထူး လိုက်စားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

အုပ်စိုးခန့် ကတော့ မကြာခဏ ဆိုသလို သူရရှိတဲ့ အနုပညာ ကြေးလေးတွေနဲ့ အလှူအတန်းတွေကို မကြာခဏ ပြုလုပ်တတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေ ချီးကျူးခံရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

လက်ရှိမှာလည်း အုပ်စိုးခန့်က Covid-19 ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ်များအတွက် အလှူအတန်းတွေကို မကြခဏဆိုသလို ပြုလုပ် နေတာကို တွေ့ရပါတယ်။

လက်ရှိမှာတော့ အုပ်စိုးခန့်က သူတို့မိသားစု ယုံကြည်ကိုးကွယ်တဲ့ သစ်တံခါးဆရာတော်ကြီးရဲ့ သာသနာပြုခရီးစဉ်တွေမှာ လိုက်ပါပြီး ကုသိုလ်ယူနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း အုပ်စိုးခန့်က သစ်တံခါးဆရာတော်ကြီးနဲ့ သင်္ကန်းစည်းနေတဲ့ ပိုင်တံခွန်ရဲ့ အနောက်ကိုလိုက်ပြီး မေတ္တာဓာတ်ခံယူ ကုသိုလ် ယူခဲ့တဲ့ အမှတ်တရကို ပရိသတ်တွေ သာဓု ခေါ်ဆိုနိုင်ဖို့အတွက် အခုလိုပဲ မျှဝေပေးလာခဲ့တာကို တွေ့ရပါတယ်။

အုပ်စိုးခန့်ကတော့ သူ့ရဲ့ နှစ်သစ် အစမှာ သစ်တံခါးဆရာတော် ဘုရားကြီးထံမှာ မေတ္တာဓာတ်ခံယူရင်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နှစ်သစ်က ကံကောင်းခြင်းတွေ၊ စီးပွားလာဘ်လာဘတွေ တိုးတက်ပြီး ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။


နိုငငြံကွောြ အဆိုတောြ တစယြောကလြညြးဖှစသြလို သရုပဆြောငြ တစယြောကလြညြးဖှစတြဲ့ အုပစြိုးခနြ့ကတော့ လူငယပြမယြေ့ အရှယနြဲ့မလိုကအြောငြ ဘာသာရေးနဲ့ ကုသိုလရြေးကို အထူး လိုကစြားသူတစယြောကပြဲ ဖှစပြါတယြ။




