Local News

အင်းစိန်တံတားလက်တံသစ် လွတ်လပ်ရေးနေ့ နံနက်တွင် ဖွင့်လစ်မည်

အင်းစိန်တံတား လက်တံအသစ် မနက်ဖြန်နံနက်ခင်းလွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး

ဖွင့်ပွဲအခမ်းအနားပြီးလျှင် တံတားပေါ် ယာဉ်များဖြတ်သန်း၍ စတင်အသုံး ပြုနိုင်ပြီဖြစ်ပါကြောင်း

မြန်မာ့မီးရထားမှ တာဝန်ယူ တည် ဆောက်ခဲ့သော အင်းစိန်ဂုံးကျော်တံတား လက်တံအသစ်

မင်းကြီးလမ်းဘက် ကို မနက်ဖြန် ၄-၁-၂၀၂၁ လွတ်လပ်ရေးနေ့ တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။

၂၀၁၉ ခုနှစ် ဇွန်လ ၁ရက်နေ့မှ စတင်တည်ဆောက်‌ခဲ့သော အရှည် ၄၄၁ ပေ

အကျယ် ၂၂ ပေ လူသွားလမ်း တစ်ဖက် ၃ အပါအဝင် တစ်လမ်းသွား တံတားလက်တံ

အသစ်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။

ထို့နောက် မြေပြင်ပြုပြင်ခြင်း မီးအလှဆင်ခြင်း

ဆေးသုတ်ခြင်းစသည့် အချောသပ်လုပ်ငန်းများ ဆက်လက်ပြုလုပ်ခဲ့ရာ

ယခုအခါ ၁၀၀% ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။

credit