Local News

မိခင်ကိုယ်တိုင်က အမှိုက်ပုံမှာပစ်ထားခဲ့တဲ့ ၈ လအရွယ် သားငယ်လေးကို ထပ်မံခေါ်ယူမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

မိခင်ကိုယ်တိုင်က အမှိုက်ပုံမှာပစ်ထားခဲ့တဲ့ ၈ လအရွယ် သားငယ်လေးကို ထပ်မံခေါ်ယူမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ အဆင်းရော အချင်းပါပြည့်စုံသူလေးတစ်ယောက်အဖြစ် ပရိသတ်သတ်မှတ်ထားခြင်းခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက အနုပညာလုပ်ငန်းတွေအပြင် ပရဟိတအလုပ်တွေကိုပါ ဦးဆောင်လုပ်ကိုင်နေတဲ့

ထက်မြက်တဲ့ မိန်းမသားတစ်ယောက်အဖြစ် ရပ်တည်နေတာမို့ ပရိသတ်တွေက မလေးစားပဲနဲ့ကို မနေနိုင်ပါဘူး။

ခိုင်နှင်းဝေက လတ်တလောမှာတော့ သူမရဲ့ ဂေဟာကို

အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ ကလေးတွေကို ဂရုစိုက်စောင့်ရှောက်ပေးနေရပြီး

ဒီကနေ့မှာလည်း သူမရဲ့ ခိုင်မိသားစုဂေဟာကို ရောက်ရှိလာတဲ့ သားလေးအကြောင်းကို ပြောပြလာပါတယ်။

ကျွန်မတို့ ခိုင် မိသားစု ရဲ့ 41ယောက် မြောက် ၈လသားလေးပါရှင်။

အဖေနဲ့ အမေကွဲပြီး အဖေ့ဘက်က ဆွေမျိုးများမှလဲ တာဝန်မယူသလို

အမေက ကလေးကို ရိုက်နှက်ပြီး မှော်ဘီအမှိုက်ပုံမှာ ပစ်ထားခဲ့၍

အနီးပတ်ဝန်းကျင်မှ ထိန်းသိမ်းစောင့်ရှောက်ကာ ကျွန်မဆီ ဆက်သွယ်အကြောင်းစုံ ပြောပြခဲ့ပါတယ်။

အမှန်တကယ် ခိုကိုးရာမဲ့နေသောကြောင့် ဒီသားလေးကို ကျွန်မတို့ ခိုင် ဂေဟာမှ ယူစောင့်ရှောက်ဖြစ်ခဲ့ပါတယ်ရှင် ဆိုပြီး ဒီကနေ့ အသစ်ရောက်ရှိလာတဲ့ သားလေးအကြောင်းကို ပြောလာပါတယ်။

ခိုင်နှင်းဝေကတော့ သူမဆီရောက်ရှိလာသမျှ ကလေးတိုင်းကို မိခင်ရင်းသဖွယ် ရင်အုပ်မကွာစောင့်ရှောက်ပေးနေသူတစ်ယောက်ဖြစ်ပြီး

အခုဆိုရင် ခိုကိုးရာမဲ့ကလေးပေါင်း ၄၁ ယောက်ထိ ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။

ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း

သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။


Source Khine Hnin Wai s fb
Bilie Cele Connections Crd
ယူနီကုဒ်ဖြင့်ဖတ်ရန်

မိခင်ကိုယ်တိုင်က အမှိုက်ပုံမှာပစ်ထားခဲ့တဲ့ ၈ လအရွယ် သားငယ်လေးကို ထပ်မံခေါ်ယူမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ အဆင်းရော အချင်းပါပြည့်စုံသူလေးတစ်ယောက်အဖြစ် ပရိသတ်သတ်မှတ်ထားခြင်းခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက အနုပညာလုပ်ငန်းတွေအပြင် ပရဟိတအလုပ်တွေကိုပါ ဦးဆောင်လုပ်ကိုင်နေတဲ့ ထက်မြက်တဲ့

မိန်းမသားတစ်ယောက်အဖြစ် ရပ်တည်နေတာမို့ ပရိသတ်တွေက မလေးစားပဲနဲ့ကို မနေနိုင်ပါဘူး။

ခိုင်နှင်းဝေက လတ်တလောမှာတော့ သူမရဲ့ ဂေဟာကို အကြောင်းအမျိုးမျိုးနဲ့

ရောက်လာကြတဲ့ ကလေးတွေကို ဂရုစိုက်စောင့်ရှောက်ပေးနေရပြီး

ဒီကနေ့မှာလည်း သူမရဲ့ ခိုင်မိသားစုဂေဟာကို ရောက်ရှိလာတဲ့ သားလေးအကြောင်းကို ပြောပြလာပါတယ်။

ကျွန်မတို ခိုိင် မိသားစု ရဲ့ 41ယောက် မြောက် ၈ လသားလေးပါရှင်။

အဖေနဲ့ အမေကွဲပြီး အဖေ့ဘက်က ဆွေမျိုးများမှလဲ တာဝန်မယူသလို

အမေက ကလေးကို ရိုက်နှက်ပြီး မှော်ဘီအမှိုက်ပုံမှာ ပစ်ထားခဲ့၍

အနီးပတ်ဝန်းကျင်မှ ထိန်းသိမ်းစောင့်ရှောက်ကာ ကျွန်မဆီ ဆက်သွယ်အကြောင်းစုံ ပြောပြခဲ့ပါတယ်။

အမှန်တကယ် ခိုကိုးရာမဲ့နေသောကြောင့် ဒီသားလေးကို ကျွန်မတို့ ခိုင် ဂေဟာမှ ယူစောင့်ရှောက်ဖြစ်ခဲ့ပါတယ်ရှင် ဆိုပြီး

ဒီကနေ့ အသစ်ရောက်ရှိလာတဲ့ သားလေးအကြောင်းကို ပြောလာပါတယ်။

ခိုင်နှင်းဝေကတော့ သူမဆီရောက်ရှိလာသမျှ ကလေးတိုင်းကို မိခင်ရင်းသဖွယ် ရင်အုပ်မကွာစောင့်ရှောက်ပေးနေသူတစ်ယောက်ဖြစ်ပြီး

အခုဆိုရင် ခိုကိုးရာမဲ့ကလေးပေါင်း ၄၁ ယောက်ထိ ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။

ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို

ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။


Source Khine Hnin Wai s fb
Bilie Cele Connections Crd