Health

ထိုင်းနိုင်ငံမှာ ဆေးခါးကြီးပင်ကထုတ်တဲ့ တိုင်းရင်းဆေးကို ကိုဗစ်ကုသဆေးအဖြစ်သုံးဖို့ အတည်ပြု့

ဆေးခါးကြီးပင်က ထုတ်တဲ့တိုင်းရင်းဆေးကို
ကိုဗစ်ကုသဆေးအဖြစ်အသုံးပြုဖို့


ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
ဒီဆေးဟာ လူအများစုက Green Chiretta လို့ သိထားတဲ့

ဆေးဘက်ဝင် ငရုတ်ခါး ခေါ် ဆေးခါးကြီးအပင်ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး
ကိုဗစ်ရောဂါ ကူးစက်ခံရတာတွေကို သက်သာစေတဲ့အတွက်

ကုသဆေးအဖြစ် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒီလိုအသုံးပြုခွင့် ပေးလိုက်တာဟာ ကိုဗစ်ရောဂါပြင်းထန်မှုကို

သက်သာစေဖို့နဲ့ ကုသစရိတ်သက်သာစေဖို့အတွက် ရည်ရွယ်ပြီး
ကနဦးကုသမှုကို အစိုးရဆေးရုံငါးခုမှာ စတင်အသုံးပြုမယ်သွားမယ်လို့ ဆိုပါတယ်။


အဲဒီတိုင်းရင်းဆေးကို အသက် ၁၈ နှစ်နဲ့ ၆၀ ကြားက
လုပ်အားပေးတွေအတွက်စမ်းသပ်အသုံးပြုစေခဲ့ရာမှာ

ထိရောက်မှုရှိတဲ့အတွက် အသုံးပြုခွင့်ပေးလိုက်တာဖြစ်ပါတယ်။
စမ်းသပ်မှုတွေအရ ရောဂါပိုးတွေ့ပြီး ၇၂ နာရီအတွင်း

အဲဒီဆေးကိုသုံးရင်ဘေးထွက်ဆိုးကျိုးမရှိဘဲ သုံးရက်အတွင်း
သိသိသာသာ သက်သာစေတယ်လို့လည်း သိရပါတယ်။

ဒီဆေးထုတ်တဲ့အပင်ကို ထိုင်းနိုင်ငံမှာ Fah Talai Jone လို့ ခေါ်ကြပြီး
ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ပြီး ရောဂါပြင်းပြင်းထန်ထန်

ခံစားရတာကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
အခုအချိန်မှာ‌တော့ အဲဒီဆေးကို ထိုင်းနိုင်ငံ FDA မှာ ကိုဗစ်ကာကွယ်ဆေးအတွက်


မှတ်ပုံတင်နိုင်ဖို့ အသင့်အနေအထား ရှိနေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့က ကိုဗစ်ထပ်တိုးလူနာ ၂၅၀ ရှိခဲ့ပြီး

ကူးစက်ခံရသူပေါင်း ၇၀၀၀ ကျော် ရှိလာတာကြောင့်
ကူးစက်မှုတွေ ထပ်တိုးလာမှာကို တားဆီးဖို့အတွက်

လူတွေကို အိမ်ထဲမှာပဲနေကြဖို့ လူစုလူဝေးမလုပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။
#crd