Local News

ယနေ့ ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ မန္တလေးမြို့ နေရာ ၁၀ ခု၌ နှစ်ဦး ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်မည်

COVID 19 ကပ်ရောဂါ အန္တရာယ် ကင်းလွတ်စေရန်

မန္တလေး၌ နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်


COVID 19 ကပ်ရောဂါ အန္တရာယ်မှ ကင်းလွတ်ပြီး

အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားဥစ္စာများ ပေါကြွယ်ဝစေရန်

မန္တလေးမြို့၌ ဆရာတော်၊ သံဃာတော်များက မြို့အနှံ့ လှည့်လည်ကာ

အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်လျှက် ရှိသည်။

အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖော်ပူဇော်ခြင်းကို

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး


ယနေ့ ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ မန္တလေးမြို့ နေရာ ၁၀ခု၌

ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်မည် ဖြစ်သည်။

ယနေ့ ဇန်နဝါရီ(၁)ရက်တွင် မန္တလေး စျေးချိုနာရီစင် ကျုံးဘေး

မင်္ဂလာတံတားအနီးနှင့် မန္တလေးတောင်တော် အနီးတွင်လည်းကောင်း

ဇန်နဝါရီ ၂ ရက်တွင် မန္တလေး မဟာမုနိဘုရားကြီးဝန်းကျင်

ပြင်ဦးလွင်အတက်လမ်း ဘိုးဘိုးကြီးနတ်နန်းအနီး အမရပူရမြို့နယ်

သံလမ်းလမ်းဆုံနှင့် ဦးပေစိဘုရား တောင်ဘက်အနီး တွင်လည်းကောင်း

ဇန်နဝါရီ (၃)ရက်တွင် ပုသိမ်ကြီးမြို့နာရီစင်၊ ရန်ကင်းတောင်ဘုရားအနီးနှင့်


အင်းခရုဘုရားတွင် လည်းကောင်း တစ်နေ့လျှင် သံဃာတော်အပါး ၃၀ ဖြင့်

ရွတ်ဖတ်ပူဇော်မည် ဖြစ်ကြောင်း တိုင်းအစိုးရက ကြေညာထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်ကြသူများ အန္တရာယ်ကင်းစေရန်နှင့်

COVID 19 ရောဂါကပ်ဘေး အန္တရာယ်ကျရောက်ခြင်းမှ ကင်းလွတ်ပြီး

အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားဥစ္စာများ ပေါကြွယ်ဝစေရန်

ရည်ရွယ်ကာ သံဃာတော်များက ပရိတ်ရွတ်ဖတ် ပူဇော်ပေးခြင်းဖြစ်ကြောင်း

တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး

ဦးကျော်ကျော်လှိုင်က ပြောသည်။


COVID 19 ကပ်ရောဂါ အန္တရာယ် ကင်းလွတ်စေရန် မန္တလေး၌

နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

COVID 19 ကပ်ရောဂါ အန္တရာယ်မှ ကင်းလွတ်ပြီး

အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားဥစ္စာများ ပေါကြွယ်ဝစေရန် ရည်ရွယ်ကာ

မန္တလေးမြို့၌ ဆရာတော် သံဃာတော်များက မြို့အနှံ့ လှည့်လည်ကာ

အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်လျှက် ရှိသည်။


အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖော်ပူဇော်ခြင်းကို

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး

ယနေ့ ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ မန္တလေးမြို့ နေရာ ၁၀ ခု၌

နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်မည် ဖြစ်သည်။

ယနေ့ ဇန်နဝါရီ ၁ ရက်တွင် မန္တလေး စျေးချိုနာရီစင် ကျုံးဘေး

မင်္ဂလာတံတားအနီးနှင့် မန္တလေးတောင်တော် အနီးတွင်လည်းကောင်း


ဇန်နဝါရီ ၂ ရက်တွင် မန္တလေး မဟာမုနိဘုရားကြီး၀န်းကျင်

ပြင်ဦးလွင်အတက်လမ်း ဘိုးဘိုးကြီးနတ်နန်းအနီး အမရပူရမြို့နယ်

သံလမ်းလမ်းဆုံနှင့် ဦးပေစိဘုရား တောင်ဘက်အနီး တွင်လည်းကောင်း

ဇန်နဝါရီ  ၃ ရက်တွင် ပုသိမ်ကြီးမြို့နာရီစင် ရန်ကင်းတောင်ဘုရားအနီးနှင့်

အင်းခရုဘုရားတွင် လည်းကောင်း တစ်နေ့လျှင် သံဃာတော်အပါး ၃၀ ဖြင့်

ရွတ်ဖတ်ပူဇော်မည် ဖြစ်ကြောင်း တိုင်းအစိုးရက ကြေညာထားသည်။


မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်ကြသူများ အန္တရာယ်ကင်းစေရန်နှင့်

COVID 19 ရောဂါကပ်ဘေး အန္တရာယ်ကျရောက်ခြင်းမှ ကင်းလွတ်ပြီး

အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားဥစ္စာများ ပေါကြွယ်ဝစေရန် ရည်ရွယ်ကာ

သံဃာတော်များက ပရိတ်ရွတ်ဖတ် ပူဇော်ပေးခြင်းဖြစ်ကြောင်း

တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်လှိုင်က ပြောသည်။

#crd