Health

ကိုဗစ်ကာကွယ်ဆေး ထိုးထားတဲ့သူမှာ ကိုဗစ်ရောဂါဖြစ်တယ် ဆိုတဲ့ကိစ္စ

အမေရိကန်ပြည်ထောင်စု California ရှိ အသက် ၄၅ နှစ်ရှိသူ
သူနာပြုတစ်ဦးဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ Pfizer ရဲ့

ကိုဗစ်ကာကွယ်ဆေးကို ပထမအကြိမ်ထိုးခဲ့ပါသတဲ့။
စုစုပေါင်း ဆေး dose ပမာဏ 0.3 mL စီနဲ့ ၂၁ ရက်ခွာပြီးနှစ်ကြိမ်ထိုးရမှာပါ။


သူဟာ ကိုဗစ်ရောဂါသည်တွေရှိတဲ့ လူနာဆောင်မှာအလုပ်လုပ်ခဲ့ပါတယ်။
၆ ရက်အကြာ ဒီဇင်ဘာ ၂၄ ရက်နေ့ညနေမှာ ချမ်းဖျားဖျားပြီး

ဒီဇင်ဘာ ၂၆ ရက်နေ့မှာ Covid-19 Positive ဖြစ်ကြောင်းသိခဲ့ရပါတယ်။
ဘာဖြစ်လို့ ကာကွယ်ဆေးထိုးထားပါရဲ့နဲ့ ကိုဗစ်ရောဂါဖြစ်ခဲ့တာလဲ


လူရဲ့ကိုယ်ခန္ဓာဟာ antibodies တုန့်ပြန်မှုအတွက် အနည်းဆုံး
၁၀ ရက်ကနေ ၁၄ ရက်အချိန်စောင့်ရပါတယ်လို့

ကူးစက်ရောဂါကျွမ်းကျင်သူ Dr Christian Ramers ကပြောပါတယ်။
ပထမအကြိမ်ကာကွယ်ဆေးတစ်လုံးထိုးလိုက်ချိန်မှာ
ရောဂါကာကွယ်နိုင်မှု ၅၀% ရာနှုန်းပဲပေးအုံးမှာပါ။


ဒုတိယအကြိမ်ကာကွယ်ဆေး booster dose ထိုးလိုက်ပြီးမှ
၉၅ % အထိကာကွယ်မှုပေးမှာပါ။

ဒါတောင် ရာနှုန်းပြည့် ၁၀၀% ကာကွယ်မှုမပေးသေးပါဘူး။
ဒါကြောင့်ကာကွယ်ဆေးကို လူများများမှာထိုးနိုင်သလောက်ထိုးလေ
ပိုပြီးကာကွယ်မှုရှိလေပါပဲ။

စုပေါင်းကာကွယ်မှုဟာပိုပြီးအင်အားရှိစေပါတယ်။
ဒါ့ကြောင့် ကာကွယ်ဆေးဟာ တကယ့်ကိုကာကွယ်မှုပေးပါလိမ့်မယ်။


သို့သော်အချိန်စောင့်ရပါတယ်။ လူများများမှာ မြန်မြန်ထိုးပေးနိုင်ဖို့လိုပါတယ်။
ကာကွယ်ဆေးထိုးပြီးရင် Mask လုံအောင်တပ်ခြင်း လက်သေချာဆေးခြင်း

social dustancing စည်းကမ်းတွေကို တစ်နိုင်ငံလုံး
ရောဂါခုခံအား herd immunity ရတဲ့အချိန်အထိ
ဆက်လက်လိုက်နာ ဖိုလိုအပ်ပါတယ်။
#crd