Health

ဘယ်လ်ဂျီယမ်နိုင်ငံ ၌ စန်တာကလော့ဖိုးဖိုးက တဆင့်ကိုဗစ်ကြောင့် ဘိုးဘွား ၁၈ ဦးအနိစ္စရောက်

ဘယ်လ်ဂျီယမ် စန်တာကလော့ဖိုးဖိုးက တဆင့်

ကိုဗစ်-၁၉ ကူးစက် ဘိုးဘွားရိပ်သာရှိ ဘိုးဘွား ၁၈ ဦး အနိစ္စရောက်


နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ လဆန်းက စပြီး အနောက်တိုင်းမှာ

ခရစ်စမတ် အရိပ်အငွေ့တွေ လှုပ်ရှားစ ပြုလာစမြဲ ဖြစ်ပါတယ်။

မြန်မာ့ဓလေ့ရိုးရာအရ အတာရေသဘင် နှစ်သစ်ကူးကာလလို

အနောက်တိုင်း ခရစ်စမတ်ကယလဟာ တစ်ဦးချင်းအတွက်

ဆွေမျိုးမိသားစုအတွက် ၁ နှစ် ၁ ခါ မဖြစ်မနေ ကြုံတောင့်ကြုံခဲ ဆင်နွှဲကြပါတယ်။

နှစ်ကူး မင်္ဂလာ ဆုတောင်းပေးကြပါတယ် ဒုတိယ ကမ္ဘာစစ်လို စစ်ကြီး


အကြီးအကျယ် တိုက်ခိုက်နေချိန်မှာတောင် ယာယီ အပစ်ရပ်ကြ

အေးချမ်းစွာ မေတ္တာပို့သကြ ခရစ်စမတ်ကို အလေးထား ကျင်းပကြပါတယ်။

၂၀၂၀ ခုနှစ်ကတော့ ကမ္ဘာ့ ကူးစက် ကပ်ရောဂါ ကျရောက်တဲ့

အမင်္ဂလာနှစ် လို့ ဆိုကြရမယ် ထင်ပါတယ်။

၂၀၂၀ ဒီဇင်ဘာလဆန်းရက်မှာ ဘယ်လ်ဂျီယမ် နိုင်ငံ Mol မြို့ရှိ

ဘိုးဘွားရိပ်သာ တစ်ခုကို ထုံးစံအတိုင်း စန်တာကလော့ဖိုးဖိုးက

အဘိုးအဘွား တွေဆီ သွားရောက် ဆုတောင်း မေးမြန်းခဲ့ပါတယ်

သို့ပေမဲ့ အဆိုပါ စန်တာကလော့ဖိုးဖိုး သရုပ်ဆောင်ထားသူဟာ

ဘယ်လိုမှ မခံစားရ ဘာရောဂါ လက္ခဏာမှ မပြလေတော့ သူ့ကိုယ်မှာ

ကိုဗစ် ၁၉ ကူးစက်ပိုး ရှိနေတာ မသိခဲ့ပါဘူး ဘိုးဘွားရိပ်သာ သွားရောက်ခဲ့ပြီး

၃ ရက်မြောက်နေ့မှ ပိုး ရှိ မရှိ စစ်ဆေးကြည့်တော့ သူ့ မှာ

ကိုဗစ် ၁၉ ကူးစက်ပိုး တွေ့ရှိခဲ့ပါတယ်။

ဘိုးဘွားရိပ်သာ နေ ဘိုးဘွားတွေကို ကူးစက် ကျန်ရစ်ခဲ့ပါတော့တယ်။

ခရစ်စမတ်အကြိုည နဲ့ ခရစ်စမတ်နေ့  ၂ ရက်အတွင်း ဘိုးဘွား ၅ ဦး အနိစ္စရောက်ခဲ့ပါတယ်။


၂၀၂၀ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ ဘိုးဘွား ၁၈ ဦး အနိစ္စရောက်ခဲ့ရပြီး

၁၂၁ ဦး ရောဂါကူးစက်ခံနေရပါတယ် ဒါ့အပြင် ဘိုးဘွားရိပ်သာ ဝန်ထမ်း ၃၆ ဦးလည်း

ကိုဗစ် ၁၉ ကူးစက်ခံထားရပါတယ် ဘယ်လ်ဂျီယမ်နိုင်ငံဟာ

ကိုဗစ် ၁၉ အပြင်းအထန် တိုက်ခိုက်ခံရတဲ့ နိုင်ငံ ဖြစ်ပါတယ်။


ကမ္ဘာပေါ်မှာ ကိုဗစ် ၁၉ ကြောင့် သေဆုံးရနှုန်း ဒုတိယ အမြင့်ဆုံး နိုင်ငံ ဖြစ်ပါတယ်

နိုင်ငံ့လူဦးရေ တစ်ထောင် ၁,၀၀၀ ဦးတိုင်းမှာ လူ  ၁.၆၅ တစ်ကျော်ဦး သေဆုံးနေပါတယ်။

ဇော်ဂျီ

ဘယ်လ်ဂျီယမ် စန်တာကလော့ဖိုးဖိုးက တဆင့် ကိုဗစ် ၁၉ ကူးစက်

ဘိုးဘွားရိပ်သာရှိ ဘိုးဘွား ၁၈ ဦး အနိစ္စရောက်


နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ လဆန်းက စပြီး အနောက်တိုင်းမှာ

ခရစ်စမတ် အရိပ်အငွေ့တွေ လှုပ်ရှားစ ပြုလာစမြဲ ဖြစ်ပါတယ်။

မြန်မာ့ဓလေ့ရိုးရာအရ အတာရေသဘင် နှစ်သစ်ကူးကာလလို

အနောက်တိုင်း ခရစ်စမတ်ကယလဟာ တစ်ဦးချင်းအတွက်

ဆွေမျိုးမိသားစုအတွက်  ၁ နှစ်  ၁ ခါ မဖြစ်မနေ ကြုံတောင့်ကြုံခဲ ဆင်နွှဲကြပါတယ်။

နှစ်ကူး မင်္ဂလာ ဆုတောင်းပေးကြပါတယ် ဒုတိယ ကမ္ဘာစစ်လို စစ်ကြီး


အကြီးအကျယ် တိုက်ခိုက်နေချိန်မှာတောင် ယာယီ အပစ်ရပ်ကြ

အေးချမ်းစွာ မေတ္တာပို့သကြ ခရစ်စမတ်ကို အလေးထား ကျင်းပကြပါတယ်။

၂၀၂၀ ခုနှစ်ကတော့ ကမ္ဘာ့ ကူးစက် ကပ်ရောဂါ ကျရောက်တဲ့

အမင်္ဂလာနှစ် လို့ ဆိုကြရမယ် ထင်ပါတယ်။

၂၀၂၀ ဒီဇင်ဘာလဆန်းရက်မှာ ဘယ်လ်ဂျီယမ် နိုင်ငံ Mol မြို့ရှိ

ဘိုးဘွားရိပ်သာ တစ်ခုကို ထုံးစံအတိုင်း စန်တာကလော့ဖိုးဖိုးက


အဘိုးအဘွား တွေဆီ သွားရောက် ဆုတောင်း မေးမြန်းခဲ့ပါတယ်။

သို့ပေမဲ့ အဆိုပါ စန်တာကလော့ဖိုးဖိုး သရုပ်ဆောင်ထားသူဟာ

ဘယ်လိုမှ မခံစားရ ဘာရောဂါ လက္ခဏာမှ မပြလေတော့ သူ့ကိုယ်မှာ

ကိုဗစ် ၁၉ ကူးစက်ပိုး ရှိနေတာ မသိခဲ့ပါဘူး။

ဘိုးဘွားရိပ်သာ သွားရောက်ခဲ့ပြီး  ၃ ရက်မြောက်နေ့မှ ပိုး ရှိ မရှိ

စစ်ဆေးကြည့်တော့သူ့ မှာ ကိုဗစ် ၁၉ ကူးစက်ပိုး တွေ့ရှိခဲ့ပါတယ်။


ဘိုးဘွားရိပ်သာ နေ ဘိုးဘွားတွေကို ကူးစက် ကျန်ရစ်ခဲ့ပါတော့တယ်

ခရစ်စမတ်အကြိုည နဲ့ ခရစ်စမတ်နေ့ ၂ ရက်အတွင်း ဘိုးဘွား ၅ ဦး အနိစ္စရောက်ခဲ့ပါတယ်။

၂၀၂၀ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ ဘိုးဘွား ၁၈ ဦး အနိစ္စရောက်ခဲ့ရပြီး

၁၂၁ ဦး ရောဂါကူးစက်ခံနေရပါတယ်။


ဒါ့အပြင် ဘိုးဘွားရိပ်သာ ဝန်ထမ်း ၃၆ ဦးလည်း ကိုဗစ် ၁၉ ကူးစက်ခံထားရပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံဟာ ကိုဗစ် ၁၉ အပြင်းအထန် တိုက်ခိုက်ခံရတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ကိုဗစ် ၁၉ ကြောင့် သေဆုံးရနှုန်း ဒုတိယ အမြင့်ဆုံး နိုင်ငံ ဖြစ်ပါတယ်။

နိုင်ငံ့လူဦးရေ တစ်ထောင် ၁,၀၀၀ ဦးတိုင်းမှာ လူ ၁.၆၅ တစ်ကျော်ဦး သေဆုံးနေပါတယ်။

#crd