Knowledge

၈လကြာချစ်ကြိုက်ခဲ့ကြပြီး အိမ်ထောင်ပြုဖို့လုပ်ခဲ့ကြပေမဲ့ ရုတ်တရက် လေဖြတ်သွားတဲ့ချစ်သူကိုမထားခဲ့ဘဲ ၄ နှစ်ကြာပြုစုစောင့်ရှောက်ပေးခဲ့တဲ့ အမျိုးသမီး

၈လကြာချစ်ကြိုက်ခဲ့ကြပြီး အိမ်ထောင်ပြုဖို့လုပ်ခဲ့ကြပေမဲ့ ရုတ်တရက် လေဖြတ်သွားတဲ့ချစ်သူကိုမထားခဲ့ဘဲ ၄ နှစ်ကြာပြုစုစောင့်ရှောက်ပေးခဲ့တဲ့ အမျိုးသမီး

တရုတ်နိုင်ငံရှိ 1985 ခုနှစ်မှာ သာမန်မိသားစုမှမွေးဖွားလာတဲ့ Liu Ning အမည်ရှိအမျိုးသမီးဟာတက္ကသိုလ်မှဘွဲ့

ရပြီးနောက် သင့်လျော်တဲ့အလုပ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီး သူမရဲ့မိသားစုဘဝကလည်း ကောင်းမွန်လာခဲ့ပါတယ်။

2016 ခုနှစ် အောက်တိုဘာမှာ Liu Ning က သူမရဲ့မွေးရပ်မြေသို့ပြန်ရောက်နေစဉ်မှာ Peng Yalou

အမည်ရှိအမျိုးသားနှင့်တွေ့ဆုံပြီးနောက် မကြာခင်မှာဘဲ ၎င်းတို့နှစ်ဦးချစ်ကြိုက်သွားခဲ့ကြပါတယ်။

၎င်းတို့စုံတွဲရဲ့အိမ်ထောင်ပြုဖို့ဆုံးဖြတဲ့အခါမှာလည်း နှစ်ဖက်မိဘများကသဘောတူခဲ့ကြပါတယ်။ 2017 ခုနှစ် ဇူလိုင်လမှာ

၎င်းတို့နှစ်ဦးတွေ့ဆုံခဲ့ချိန်က ဆယ်လမျှသာရှိပါသေးတယ်။

တစ်နေ့ Liu Ning က အလုပ်မှအိမ်ပြန်ရောက်တဲ့အခါ အိမ်တံခါးကိုဖွင့်လိုက်တာနှင့်တစ်ပြိုင်နက် ပြင်းရှတဲ့ဓာတ်ငွေ့နံ့ကိုခံစားလိုက်ရတာကြောင့်

သူမ အိပ်ခန်းထဲသို့အပြေးအလွှားသွားတော့ သတိလစ်နေတဲ့ Peng Yalou တွေရှိခဲ့ရပြီး အရေးပေါ်ဆေးရုံပိုခဲ့ရပါတယ်။

ဒါပေမဲ့ အရေးပေါ်အကူအညီပေးရေးဌာနသို့နောက်ကျမှရောက်ရှိလာခြင်းကြောင့် Peng Yalou ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းအချို့

ပြင်းထန်စွာ ထိခိုက်သွားခဲ့ပါအရေးကြီးတဲ့လက္ခဏာများ ကပြန်လည်ကောင်းမွန်လာပေမဲ့လည်း

သတိမေ့မြောနေတဲ့ Peng Yalou ဟာ အထူးကြပ်မတ်ကုသဆောင်မှာတစ်လကြာနေခဲ့ရပြီး ထိုအချိန်မှာ

ဆရာဝန်များက Peng Yalou ဟာ ပြန်မနိုးလာနိုင်တော့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဆိုပါသတင်းက Peng Yalou ရဲ့မိခင်နှင့် Liu Ning တို့ကိုထိတ်လန့်စေခဲ့သလို မျှော်လင့်ချက်လည်းပျောက်ဆုံးသွားစေခဲ့ပါတယ်။

Ge Yumei က မိသားစုကိစ္စအားလုံးကိုတာဝန်ယူရတာကြောင့် သူမရဲ့စိတ်ဖိစီးမှုကပိုတိုးလာစေခဲ့ပြီး

Liu Ning ဟာလည်း သူမရဲ့မငြိမ်မသက်နေတဲ့စိတ်များကို အချိန်အတော်ကြာရုန်းကန်ခဲ့ရပြီးနောက်

သူမ ထွက်ခွါရန်အကြောင်းပြချက်များမရေမတွက်နိုင်အောင်နေရှိပေမဲ့လည်း နောက်ဆုံး သူမဟာ Peng Yalou နဲ့အတူရှိနေဖို့သာဆုံးဖြတ်ခဲ့ပါတယ်။

Peng Yalou ဟာ နောက်ဆုံးပြန်လည်နာလန်ထူရန်အိမ်သို့ပြန်ရောက်တဲ့အခါမှာလည်း Liu Ning နှင့်

မိခင် Ge Yumei တို့ကသာ အတူတူ စောင့်ရှောက်ခဲ့ကြပြီး Liu Ning ဟာ သူမရဲ့ကိုယ်အလေးချိန်

နှစ်ဆနီးပါးရှိတဲ့ Peng Yalou အား တစ်နေရာမှတစ်နေရာသို့ရွေ့ပေးရန် သူမအတွက် အလွန်လေးလံနေခဲ့ပါတယ်။

Liu Ning အတွက် အခက်ခဲဆုံးအရာက Peng Yalou ကိုပြန်လည်ထူထောင်ရေးဆီခေါ်သွားချိန် ဘီးတပ်ကုလားထိုင်ပေါ်တင်ပေးရတဲ့အချိန်ပါဘဲ။

တစ်နေ့မှာ Liu Ning ဟာ သူမချစ်သူရဲ့မျက်နှာကိုသုတ်ပေးနေတဲ့အချိန်မှာ Peng Yalou ရဲ့မျက်လုံးထဲမှမျက်ရည်များကိုမြင်လိုက်ရတာကြောင့်

သူမရဲ့နှလုံးသားမှာ ပျော်ရွှင်မှုတွေအပြည့်နဲ့ ခုန်ပေါက်သွားခဲ့ပြီး

သူမ မည်မျှပင်ပင်ပန်းပန်းခဲ့သည်ဖြစ်စေ ထိုက်တန်တယ်လို့သာတွေးနေခဲ့ပါတယ်။

Peng Yalou က တဖြည်းဖြည်း သတိပြန်ရလာတာနဲ့အမျှ Liu Ning ဟာ ချစ်သူဖြစ်သူအား မတော်တဆမှုဖြစ်ပြီးနောက် သူရဲ့မိခင်က

သူမရဲ့နေအိမ်ကိုရောင်းချခဲ့ပြီး ဆေးရုံတက်ကုသရန်ငွေကိုချေးငှါးခဲ့ရသလို မိခင်ဖြစ်သူက

စိတ်ပိုင်းဆိုင်ရာကြောင့် မကြာခဏငိုကြွေးနေခဲ့ကြောင်းနှင့် သူမတို့ရဲ့အနာဂတ်အကြောင်းကိုပြောပြခဲ့ပါတယ်။

Liu Ning ဟာ ချစ်သူကိုပြုစုစောင့်ရှောက်ဖို့ အလုပ်မှထွက်လာခဲ့တာကြောင့် သူမမှာ ဝင်ငွေမရှိတဲ့အပြင် အကြွေးတွေအများကြီးရှိနေခဲ့ပါတယ်။

Liu Ning ဟာ မိသားစုအပေါ် ငွေကြေးဆိုင်ရာ ဖိအားအချို့ကိုသက်သာစေရန် သူမချစ်သူရဲ့ယခင်အလုပ်ဖြစ်တဲ့ဖရဲစေ့များရောင်းချတဲ့အလုပ်ကို အွန်လိုင်းမှာ ထုတ်လွှင့်ရောင်းချခဲ့ပါတယ်။

နောက်ပိုင်းမှာ သူမသူငယ်ချင်းတစ်ယောက်ရဲ့အကြံပြုချက်အရ သူမဟာ သူမတို့ရဲ့နေ့စဉ်ဗီဒီယိုလေးတွေကိုရိုက်ကူးမှတ်တမ်းတင်ပြီး

သူမတို့နှစ်ဦးရဲ့ဇာတ်လမ်းတွေကို အင်တာနက်ရှိလူတိုင်းနဲ့တဖြည်းဖြည်းရင်းနှီးလာစေခဲ့ပါတယ်။

ရိုးရှင်းတဲ့ထိုဗီဒီယိုတွေမှာ သူမရဲ့ဂရုစိုက်မှုနှင့် Peng Yalou အပေါ် နက်ရှိုင်းတဲ့သူမရဲ့ချစ်ခြင်းမေတ္တာများပါဝင်နေပါတယ်။

Liu Ning နှင့် Peng Yalou တို့ရဲ့ဇာတ်လမ်းဟာ အင်တာနက်အသုံးပြုသူအများအပြားကို ထိမိစေခဲ့တာကြောင့် အင်တာနက်

အသုံးပြုသူများစွာက Peng Yalou အတွက် အမြန်ပြန်ကောင်းလာစေဖို့ဆုတောင်းပေးခဲ့ကြတဲ့အပြင်

သူမတို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာနဲ့ အဆာပြေစာမုန်းများစွာကို ပေးပို့ခဲ့ကြပါတယ်။

ထို့ပြင် အင်တာနက်အသုံးပြုသူအများအပြားက ငွေရေးကြေးရေးအရကူညီပေးကြရုံသာမကဘဲ အခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ အလှူငွေတွေစီစဉ်ပေးခဲ့ကြပါတယ်။

Peng Yalou ရဲ့အခြေအနေဟာလည်း နေ့စဉ်နှင့်အမျှ ပိုကောင်းလာပြီး လူအများရဲ့စိုးရိမ်ပူပန်ပေးမှုများကြောင့် Liu Ning ကလည်း စိတ်သက်သာရာရလာခဲ့ပါတယ်။

ချစ်သူကို နှစ်ပေါင်းများစွာ ကောင်းစွာပြုစုစောင့်ရှောက်လာခဲ့ပြီးနောက် Liu Ning က Peng Yalou အား

ကံကြမ္မာက ရှင့်ကိုစွန့်ပစ်ခဲ့ရင်တောင် ကျွန်မတော့အဲ့လိုလုပ်မှာမဟုတ်ဘူး ဆိုတဲ့ သူမရဲ့ချစ်ခြင်းစကားလုံးက

မရေမတွက်နိုင်တဲ့အင်တာနက်အသုံးပြုသူများကို ထိမိသွားစေခဲ့ပါသေးတယ်။

Credit Original Writer