Cele News

နေဒွေးက မွေးစားဖို့တောင်းဆိုလာတဲ့အသက် ၇၀ကျော် စီကအဖွားရဲ့ မြေးလေး

နေဒွေးက မွေးစားဖို့တောင်းဆိုလာတဲ့အသက် ၇၀ကျော် စီကအဖွားရဲ့ မြေးလေး

လူရွှင်တော်မိုးစက်မှ အခက်အခဲဖြစ် နေတဲ့ သူတွေကို ကူညီလှူဒါန်း ပေးနေရင်း အခုလို

အိုးတိုက်ခွဲပြာ ရောင်းနေတဲ့ မြေးအဖွားနှစ်ယောက်ကို တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

အဖွားအသက်မှာ ၇၀ ဖြစ်ပြီး မြေးလေးရဲ့ မိဘ နှစ်ပါးစလုံးမှာလည်း မရှိတော့ကြောင်း အဖွားမှ လူရွှင်တော် မိုးစက်ကို ပြောလာပါတယ်။

ကောင်လေးရဲ့ မိခင်မှာ တရုတ် ပြည်ဆိုပြီး ထွက်သွားပြီးကတည်းက ပြန်မလာတော့ကြောင့်

ဖခင်မှာလည်း ပြန်မလာတော့ကြောင်းပြောရင်း ဝမ်းရေးအတွက် မြေးအဖွားနှစ်ယောက်

ကျူးကျော်တဲလေးမှ ာနေထိုင်ရင်း အိုးတိုက်ခွဲပြာလေးတွေ လိုက်လံရောင်းချ နေကြတာပဲ ဖြစ်ပါတယ်။

မြေးဖြစ်သူလေးရဲ့ အသက်ကတော့ ၉ နှစ်လို့ သိရပါတယ်။

လူရွှင်တော် မိုးစက်မှ မြေးအဖွားနှစ်ယောက်ကို အလှူငွေလှူဒါန်းပေးရင်း အခြားသူများလည်း

သိရှိပြီး လှူဒါန်းပေးလို့ရအောင် လူမှုကွန်ရက်စာမျက်နှာပေါ် တင်ပေးထားတာပဲ ဖြစ်ပါတယ်။

ဒါကို သရုပ်ဆောင် နေဒွေးက မြင် သွားပြီ အဖွားရဲ့ မြေးလေးကို မွေးစားလိုတဲ့အကြောင်း

လူရွှင်တော် မိုးစက်ဆီကို ဖုန်းဆက်လာတာပဲ ဖြစ်ပါတယ်။

လူရွှင်တော် မိုးစက်က ဖြစ်စဉ်အပြည့်အစုံကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အခုလို ရေးထားပါတယ်။

မိဘတွေ ပြန်မလာကြလို့ မြေးအဖွားနှစ်ယောက် ရုန်းကန်နေရတာကြောင့် အဖွားရဲ့မြေးလေးကို

မင်းသား ကိုနေဒွေးက မွေးစားချင်တယ်ဆိုပြီး ကျွန်တော့်ဆီကို ဖုန်းနဲ့ဆက်သွယ်လာပါတယ်။

အဖွားတို့ အိမ်နားက ဖုန်းကိုဆက်ပြီး အဖွားကို မေးလိုက်တဲ့အခါမှာ ကျူးကျော်တဲလေးထဲမှာ

နေနေရပြီး နေ့စဉ်သူနဲ့ အတူ တိုက်ဖွဲပြာ လည်ရောင်း နေရ သူ့မြေးလေး ကောင်းစားမယ်ဆိုရင်

သူထည့်ပေးပါမယ်တဲ့ အဖွားကိုလဲ လစဉ်ထောက်ပံ့ပေးပြီး မြေးအဖွားနှစ်ယောက်

တွေ့ဆုံခွင့်လဲ ပေးမယ်ဆိုလို့ကိုနေဒွေး ကို အထူးကျေးဇူးတင်မိပါတယ်ခင်ဗျာ။

မြေးအဖွားနှစ်ယောက်ကို မခွဲလိုပေမယ့် သရုပ် ဆောင်နေဒွေးမှ သူမွေးစား ပြီးရင်လည်း

အခုလို တွေ့ဆုံခွင့်လည်း ပေးမယ် ကောင်းကောင်းမွန်မွန် လေးလည်း နေရမယ်ဆိုရင် ကလေးလေးဘဝ ပိုကောင်းလာနိုင်ပါတယ်။

ဒီလိုမှ အသက် ၇၀ အရွယ် အဖွားနှင့် မြေးလေး တို့လည်း အဆင်ပြေပြေလေး နေထိုင်သွားကြရမှာပါ။

Credit