Knowledge

တောင်းစားလို့ ရလာတဲ့စားစရာတွေကို ညီမလေးအား ခွံ့ကျွေးရင်း ကျေနပ်ပီတိဖြစ်စွာ ပြုံးပျော်နေခဲ့တဲ့ ကောင်လေး

ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာတဲ့ ကလေးငယ် တစ်ဦးဟာ လမ်းပေါ်မှာ အများပြည်သူတွေထံ တောင်းစားနေတာကို တွေ့ရခြင်းဟာ အဆန်းမဟုတ်တော့ပါဘူး။

လမ်းပေါ်မှာ အဆိုပါကလေးငယ် များစွာကို နေရာတိုင်းမှာ တွေ့နိုင်ပြီး ကလေးအချို့ဟာ သူတို့အား ငွေများပေးဖို့ အတင်းအကျပ် ဖိအားပေးပြီး လူအများကို နှောက်ယှက်ခြင်းကြောင့် မောင်းထုတ် ခံရတတ်ပါတယ်။

လမ်းပေါ်က ကလေးတွေဟာ ခိုးတာ လုတာတွေလည်း လုပ်တတ်ပါသေးတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က Geo Tolentino Ringor အမည်ရှိတဲ့ အမျိုးသမီးနှင့် သူမရဲ့ခင်ပွန်း John Benedict Ringor တို့ကတော့

သူတို့အား အကောင်းဆုံးနည်းဖြင့် အံ့အားသင့်သွားစေခဲ့တဲ့ လမ်းပေါ်က ကောင်လေးတစ်ဦးနဲ့ တွေ့ဆုံခဲ့ကြရပါတယ်။

သူတို့ ဇနီးမောင်နှံဟာ မနီလာမြို့တော်ရဲ့ ထင်ရှားတဲ့ Jollibee ဆိုတဲ့ အသင့်စား အစားအစာဆိုင်မှာ ရှိနေခဲ့ရင်း ဆိုင်အပြင်ဘက်မှာ

ကောင်လေးတစ်ယောက် အစားအစာ တောင်းစားနေတာကို ခင်ပွန်း John Benedict က သတိပြုမိခဲ့ပါတယ်။

John Benedictက အဆိုပါကောင်လေးကို ပိုက်ဆံပေးမယ့်အစား ဇနီးဖြစ်သူ Geo ကို ကောင်လေးအတွက် Jollibee အစာဘူးတစ်ခု ဝယ်ပေးဖို့ ပြောပြီး ကောင်လေးကို ပေးခဲ့ပြီး

အဆိုပါကောင်လေးကလည်း ယူပြီးတာနဲ့ ချက်ချင်းဘဲ အမြန်ထွက်သွားခဲ့ပါတယ်။

သူတို့ဇနီးမောင်နှံကလည်း ကောင်လေး ထွက်သွားတာကို အထွေအထူး မတွေးခဲ့ကြပါဘူး။

အဲ့ဒီနောက် Geo နဲ့ John Benedict တို့ဟာ အဆိုပါဆိုင်မှ အထွက် သူတို့ဆီ အစာတောင်းစားခဲ့တဲ့ ကောင်လေးကို သူ့ရဲ့ညီမလေးလို့ ထင်ရတဲ့ ကလေးမလေး တစ်ယောက်နဲ့ အတူရှိနေတာကို တွေ့ခဲ့ကြပါတယ်။

အဆိုပါ ကလေးနှစ်ယောက်ဟာ Jollibee ဆိုင် ထွက်ပေါက်အနီးရှိ ကွန်ကရစ်တုံးပေါ်မှာ ထိုင်နေကြပြီး ကောင်လေးက သူတို့ပေးတဲ့ အစားအစာကို ညီမလေးဖြစ်သူအား ခွံ့ကျွေးနေတာကို မြင်ခဲ့ကြပါတယ်။

Geo က အဆိုပါ ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းကို ဓာတ်ပုံအချို့ ရိုက်ယူခဲ့ပြီး ဓာတ်ပုံတစ်ပုံမှာ အဆိုပါကောင်လေးက သူ့ညီမလေးအား

အစာခွဲ့ကျွေးပြီးနောက် သူ့မျက်နှာပေါ်မှာ ရွှင်လန်းမှုအပြည့်နဲ့ ပီတိအပြုံး ပြုံးနေတာကို တွေ့ခဲ့ရပါတယ်။

အဆိုပါ ကောင်လေးဟာ ကိုယ်တိုင်က ငယ်ရွယ်နေသေးပေမဲ့လည်း ညီမလေးအတွက်တော့ ကိုယ်ကျိုးစွန့်ဖို့ အဆင်သင့်ရှိနေပြီးသား ဖြစ်နေတာကို သူ့ရဲ့ပီတိဖြစ်နေတဲ့ အပြုံးကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

ကမ္ဘာပေါ်မှာ ဒီလို ကလေးလေးတွေ နေရာအနှံ့ ရှိနေတတ်ပေမဲ့ သူတို့ကို ကူညီပေးနိုင်မဲ့လူတွေက အနည်းအကျဉ်းသာ ရှိနေတတ်ပါတယ်။

Credit