Cele News

သူမလို အမှားမျိုး ပရိသတ်တွေ မမှားစေဖို့ ပရိသတ်တွေကို ရင်ဖွင့် ပြောပြလာတဲ့ ဝိုင်းစုခိုင်သိန်း

နိုင်ငံကျော် အဆိုတော် တစ်ဦး ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း ကတော့

ယနေ့ ထက်တိုင် ပရိသတ်တွေကြား နာမည်ကျော်ကြား

လူကြိုက် များနေတဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပြီး သူမဟာ

နာမည်ကျော် အဆိုတော် အောင်လနဲ့ အတူ သာယာတဲ့ အိမ်ထောင်ရေး လေးကို

တည်ဆောက် ပိုင်ဆိုင်ထားနိုင်တဲ့ သူလေးလည်း ဖြစ်ပါတယ် နှစ်ယောက် စလုံးဟာ အဆိုပညာ ပါရမီ ထူးချွန် လှလွန်းသူ ချည့်မို့

အရမ်းကို လိုက်ဖက်လှတဲ့ အဆိုရှင် စုံတွဲလို့ သတ်မှတ်ခြင်း ခံထား ကြရသူတွေလည်း ဖြစ်ပါတယ်။

ဝိုင်းစုဟာ တစ်ချိန်က သီချင်း ဗီဒီယိုနှင့် ရုပ်ရှင်ကားများမှာ ပါဝင် သရုပ်ဆောင် ခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး

ခုချိန်မှာတော့ သရုပ်ဆောင်ပိုင်းကို ရပ်နားထားပြီး သီချင်း သီဆို ဖျော်ဖြေမှု အပိုင်းကိုသာပို၍အလေးပေးကာ

ဆက်တိုက် လုပ်ဆောင်နေတဲ့ သူ တစ်ဦး ဖြစ်ပါတယ် သရုပ်ဆောင် ဝိုင်းစုခိုင်းသိန်း ဘဝမှာလည်း အားပေး နှစ်သက်သူတွေ

များပြားခဲ့ သူ တစ်ဦး ဖြစ်သော်လည်း သူမဟာ သူ မ ပို၍ ဝါသနာကြီးတဲ့ သီချင်း သီဆိုမှု အတွက် အဆိုတော်လိုင်းကို

အပြီးအပိုင် ကူးပြောင်းခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ် သူမရဲ့ ဝါသနာနဲ့ ကြိုးစား အားထုတ်မှု အသံ ကောင်းမွန်မှု တို့ကြောင့်

အားပေးသူ များပြားခဲ့တဲ့ သရုပ်ဆောင် ဘဝထက်ကို အဆိုတော် ဘဝမှာ ပို၍ သာသော အောင်မြင်မှု မှတ်တိုင်တွေ

စိုက်ထူ နိုင်ခဲ့သူ တစ်ဦး ဖြစ်လာ ပြန်ပါတယ်နော်
လုပ်သမျှ နီးပါး အောင်မြင်ခဲ့တဲ့ အတွက် သူမဟာ စိတ်ချမ်းသာမှုနှင့်

ပြီးပြည့်စုံ သူလေးလို့ အားလုံးက ထင်မှတ်ထားချိန်မှာပဲ လူတစ်ကိုယ်မှာ အမှားတစ်မျိုးတော့ ပြုလုပ်မိ ဖူးကြောင်း

သူမက သူမရဲ့ အကြောင်းလေးနဲ့ ယှဉ်ပြီး မီးမောင်း ထိုးပြကာ သံဝေ ဂ စကားလေးတွေနဲ့ အားလုံး သတိထား ဆင်ခြင်နိုင်ဖို့

ပြောပြလာခဲ့ပါတယ် အစ်မသာ မဖြုန်းတီးမိရင် ဒီ့ထက် ပိုအဆင်ပြေနေမယ်လို့ Branded တွေဝယ်သုံးမိတဲ့ အပေါ်

သံဝေ ဂ ရမိတဲ့ အကြောင်း ပြောပြလာတဲ့ ဝိုင်းစုခိုင်သိန်း ဝိုင်းစုက ကိုယ်ဖြုန်းခဲ့တဲ့ အရာတွေလည်း ရှိတယ်

ငယ်ငယ်တုန်းက လိုချင်တဲ့ စိတ်တွေနဲ့ Brand တွေ လျှောက်ဝယ် နောက်ဆုံးကျရင် အဲ့ဒါတွေက ဘာမှမဟုတ်ဘူး

လက်ဝတ် လက်စားလို နောက်ပိုင်း ပြန်ရောင်းလို့လည်း မရဘူး Branded ကလည်း Update အမြဲထွက်နေတာဆိုတော့

ဒိတ်အောက်သွားရင် ကိုယ်လည်း မကိုင်ချင်တော့ ဘူးလေ ပျက်စီးသွားမှာလည်း ဆိုးတော့ သူ့ကို ထိန်းသိမ်းရတာလည်း

အလုပ် တစ်ခု ဖြစ်နေတယ် လို့ ပြောပြလာခဲ့တာပါ သူ မ အနေနဲ့ ဒီလိုတွေ မလုပ်ခဲ့ဘူး ဆိုရင် ဒီ့ထက်ပိုပြီး

လိုအပ်တဲ့ နေရာတွေကို ပိုလှူနိုင်မှာ ဖြစ်တယ်လို့လည်း သူ မ ဖြုန်းတီးမိတာတွေကို သံဝေ ဂ ရမိတဲ့အကြောင်း ရင်ဖွင့်လာခဲ့တာ ဖြစ်ပါတယ်။

တချိန်လုံး ဝယ်တယ် တချိန်လုံး သုံးတယ် ပြီးတော့ ဘာမှလည်း မကျန်ဘူးလို့ သိလိုက်တဲ့ အချိန်မှာ ဒါတွေကို ရပ်လိုက်တယ်

အ မ ဒါတောင် အွန်လိုင်းက မှာလို့ ရတာတွေကို လျှောက်ဝယ်နေမိသေးတယ် ဒါပေမယ့်လည်း အခုတော့ အတော် ထိန်းနိုင်နေပါပြီ

လို့ ရှင်းပြလာခဲ့တာပါ ဒါကတော့ ပရိသတ်အချစ်တော် အနုပညာရှင် တစ်ယောက် ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းက

သူမရဲ့ ပြင်ဆင်နိုင်ခဲ့ပြီ ဖြစ်တဲ့ အသုံးနဲ့ အဖြုန်း လွဲမှား ကျင့်သုံးမိခဲ့တဲ့ အမှားတစ်ခုကို ကြားသိရသူတွေ

ဆင်ခြင်သုံးသပ် သတိထားနိုင် စေရန် အတွက် စေတနာ တရားနဲ့ ရင်ဖွင့်စကား ဆိုလာခဲ့တာပဲဖြစ်ပါတယ်နော်

ပရိသတ်ကြီးလည်း ကိုယ့်ဘဝမှာ ဝိုင်းစုနဲ့တိုက်ဆိုင်တာမျိုး ရှိခဲ့ရင် အများသိကာ ဆင်ခြင်နိုင်စေဖို့

စေတနာ ရှေ့ထားပြီး မျှဝေကာ သတိပေးစကားလေးတွေ ဆိုခဲ့ကြပါအုန်းနော်။

Credit