HOUSEHOLD

ငါးသလောက်ပေါင်းနည်း

အလုပ်ပိတ်ရက်မှာ ငါးသလောက်လေး ပေါင်းစားကြမယ်နော်

ပါဝင်ပစ္စည်းများ ငါးသလောက် ၅၀သား
ဆီ ၁၀သား ငံပြာရည် ဇွန်းကြီး ၂ဇွန်း

ရှာလကာရည် ဇွန်းကြီး ၅ဇွန်း
သကြား ဆား သင့်ရုံ

ပြင်ဆင်ပုံ

ငါးသလောက်ကို အကောင်လိုက် အကြေးထိုးပြီး ရေစင်ကြယ်စွာဆေးပြီး

ဓားထက်ထက်နှင့် အလယ်ရိုးထိအောင် မွှမ်းပါ။

ရှာလကာရည်နှင့် နှံ့အောင်နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။

နောက်မှ ဆား၊ သကြား ၊ ငံပြာရည် တို့နှင့်ထပ်နယ်ပါ။ ရှာလကာရည် အစား ရှေက်သီး၊ သံပရာသီး များကိုလဲ သုံးနိုင်ပါသည်

သကြားထည့်ရခြင်းမှာ အရိုးများနူးလွယ်အောင်ဖြစ်ပါသည်။

ပေါင်းတော့မှာဖြစ်ပါတယ်

အိုး၏ အောက်တွင် ဝါးကယ် ကြံချောင်းလေး ထည့်ခံက မတူး မကပ်နိုင်ပါ။ ဆီလောင်းထည့်ပါ။ ငါးမြုပ်အောင် ရေထည့်ပြီးတည်ပါ။

နှစ်ရေလောက်ကျမှ နူးနပ်ပါလိမ့်မည်။ ပထမရေ ခန်းလျှင် နောက် ငါးမြုပ်အောင် ရေထပ်ထည့်ပြီး နှပ်ပါ။

ဆီပြန်လာလျှင် အိုးပေါ်မှ ချ၍ သုံးဆောင်နိုင်ပါပြီ။
မှတ်ချက်။ မီးနွေးနွေးဖြင့် ပေါင်းရမည်

ငါးပေါင်းနေစဥ် မမွှေရပါ။ အိုးကို လှုပ်ပေးနိုင်ပါသည်။ ပေါင်းအိုးဖြင့် ပေါင်းလျှင် အိုးလှုပ်ပေးစရာ မလိုပါ။း

စားကောင်းကြပါစေရှင်

ယူနီကုတ်ဖြင့်ဖတ်ရန်