Knowledge

သီတဂူဆရာတော်ဘုရားကြီးရဲ့ဇာတာကို အတိအကျ ဟောစာတမ်း ထုတ်လိုက်ပြန်သော ပညာရှင်ဆရာမတစ်ယောက်

ဇာတာခွင်တွေကို တွက်ချက်ပြီး အမှန်အတိုင်း ဟောကိန်း ထုတ်လေ့ရှိတဲ့ ဆရာမတစ်ဦးက

ယခုတစ်ခါမှာတော့ သီတဂူဆရာတော် ဘုရားကြီးရဲ့ ဇာတာကို တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။

ဆရာမက အချိန်၃ရက်ကြာအောင် စဉ်းစားပြီးမှသာ သီတဂူဆရာတော်ကြီးရဲ့ မွေးနေ့ဇာတာကို

တွက်ချက်ပြီး ဗေဒင်ပညာရပ်ဖြင့် လှူဒါန်းလိုက်တာ ဖြစ်ပါတယ်။

ဆရာမအနေနဲ့ ဟောမိတဲ့အခါမှာ အဆဲခံရခြင်း အဖမ်းခံရခြင်း အသက်ခံရခြင်းစတဲ့ ဘေးအမျိုးမျိုးကို ကြုံနိုင်တယ်လို့

ခန့်မှန်းသိပေမယ့် အခုလိုဟောခဲ့ရတဲ့ အကြောင်းရင်းကို ပြောပြခဲ့ပါသေးတယ်။

ဆရာမက သက်ရှိသတ္တဝါတို့ရဲ့ကံတရားကြောင့် ကျရောက်နိုင်တဲ့ ဘေးအမျိုးမျိုးကနေ ဗေဒင်

ပညာနဲ့ ကယ်တင်နိုင်ရေးအတွက် ရည်မှန်းပြီးလေ့လာသင်ယူ နေသူဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တွက်ထားပြီး ဇာတာခွင်ကို ကြောင့်စိတ်ကြောင့် မဟောခဲ့ဘူးဆိုရင် ကိုယ့်ရဲ့ပညာနဲ့

ကျင့်စဉ်အပေါ်မှာ သစ္စာဖောက်သလိုဖြစ်မှာကို မလိုလားတာကြောင့် ရတနာသုံးပါးကို

အမှူးထားပြီး ကောင်းမြတ်တဲ့ စိတ်စေတနာတို့ဖြင့် ဒီဟောစာတမ်းကို ရေးသားခဲ့တာ ဖြစ်တယ်လို့ ဆရာမက ပြောပြထားတာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ဆရာမက သင်ယူလေ့လာခဲ့တဲ့ ပညာရပ်တွေအပေါ် အခြေခံပြီး သူမအနေနဲ့မြင်တွေ့ရတာတွေကို ဟောကိန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဟောစာတမ်းကို ရေးသားပြောပြီးတဲ့အချိန်မှာတော့ ဆရာမက သီတဂူဆရာတော် ဘုရားကြီး

အတွက် ယတြာနှစ်ခုကို လျှောက်ထား တင်ပြခဲ့တာ ဖြစ်ပါတယ်။

ပထမယတြာအဖြစ်ဆရာမက ဝိပဿနာတရားကိုဘအချိန်ယူပြီး အားထုတ်ပေးတော် မူပါဘုရား ဓမ္ဓာနုပဿနာ ပွားရပါမယ်ဘုရား

ဆရာတော်ဘုရား အနေနဲ့အပျက်တွေကို ရှု့ရမဲ့အချိန်ကာလက ၉ လတိတိပါဘုရား ရှုပွားနိုင်ခဲ့မယ်ဆိုရင်တော့ ဆရာတော်ဟာ တရား

ထူးလည်းရနိုင်တဲ့ နက္ခတ်အခါလည်းမိပါတယ် ဘုရား ဆိုပြီး လျှောက်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိ ယ ယတြာကတော့ ကယ်တင်ခြင်းကို လုပ်ဆောင်ရမှာဖြစ်ကြောင်း သက်တော် ၈၅နှစ်

အတွက် သက်ရှိသတ္တဝါ ၈၅၀၀ ကိုကယ်တင် ပေးရမှာဖြစ်ကြောင်း မြန်မာနိုင်ငံရဲ့

အကျဉ်းထောင် အသီးသီးမှာ အဖမ်းခံနေရသူပေါင်း ၈၄၀၀ကျော်ရှိနေတဲ့အတွက် ဖမ်းထားသော သူများကို လွတ်မြောက်ခွင့်

ပေးသော နည်းလမ်းနဲ့ ယတြာချေပေးနိုင်ကြောင်း စသည်ဖြင့် ဟောပြောတင်ပြထားတာ တွေ့ရပါတယ်။

သီတဂူဆရာတော် ဘုရားကြီးရဲ့ ဇာတာကိုတွက်ချက်ပြီး ဗေဒင်ပညာရပ်ဖြင့် လှူဒါန်းပူဇော်

လိုက်တဲ့ ဆရာမတစ်ဦးရဲ့ဟောပြောချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

Credit