HOUSEHOLD

အာလူးကတ်သလိတ်ကြော်နည်း

အကုန်အကျလဲ သက်သာပြီး စားလို့လဲ ကောင်းတဲ့ အာလူးကတ်သလိတ် ကြော်နည်းလေးပါရှင်

ပါဝင်ပစ္စည်းများ

အာလူး ၂၅ကျပ်သား

မုန့်ကြွပ်မှုန့် လက်ဖက်ရည် ပန်းကန် တစ်လုံး

ကြိုက်နှစ်သက်ရာ အသား ၁၀သား

ကြက်သွန်နီ ဖြူ ၊ ဆား သင့်ရုံ

ဆီ ၊ မဆလာ သင့်ရုံ

ဘဲဥအကာ သင့်ရုံ

ပြုလုပ်ပုံ

အာလူးကို ပြုတ်ပြီး ထောင်းထားပါ။ ကြိုက်နှစ်သက်ရာ အသား တစ်မျိုးမျိုးနှင့် ကြက်သွန်ဖြူ

နီ တို့ကို စဥ်းကော၍ ဆား ၊ ငရုတ်ကောင်းမှုန့် ခတ်ပြီး ဆီနှင့် နည်းနည်း မွှေထားပါ။

ထောင်းပြီး အာလူးများကို အလုံးကလေးများ ပြုလုပ်ပါ။

၄င်းနောက် ဆီသတ်ထားသော အသားများ ထည့်၍ အာလူးများကို ပြန်လုံးပါ

ပြန်လုံးပြီးသော အာလူးများအား ခေါက်ထားသော ဘဲဥ အကာရည်တွင်

နှစ်ပြီး မုန့်ကြွတ်များ လူး၍ ဆီဒယ်အိုးတွင် ထည့်ကြော်ပါ။

နီရောင် သန်းလာလျှင် ချ၍ ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီရှင်

ယူနီကုတ်ဖြင့်ဖတ်ရန်

အကုန်အကျလဲ သက်သာပြီး စားလို့လဲ ကောင်းတဲ့ အာလူးကတ်သလိတ် ကြော်နည်းလေးပါရှင်

ပါဝင်ပစ္စည်းများ

အာလူး ၂၅ကျပ်သား

မုန့်ကြွပ်မှုန့် လက်ဖက်ရည် ပန်းကန် တစ်လုံး

ကြိုက်နှစ်သက်ရာ အသား ၁၀သား

ကြက်သွန်နီ ဖြူ ၊ ဆား သင့်ရုံ

ဆီ ၊ မဆလာ သင့်ရုံ

ဘဲဥအကာ သင့်ရုံ

ပြုလုပ်ပုံ

အာလူးကို ပြုတ်ပြီး ထောင်းထားပါ။ ကြိုက်နှစ်သက်ရာ အသား တစ်မျိုးမျိုးနှင့် ကြက်သွန်ဖြူ

နီ တို့ကို စဥ်းကော၍ ဆား ၊ ငရုတ်ကောင်းမှုန့် ခတ်ပြီး ဆီနှင့် နည်းနည်း မွှေထားပါ။

ထောင်းပြီး အာလူးများကို အလုံးကလေးများ ပြုလုပ်ပါ။

၄င်းနောက် ဆီသတ်ထားသော အသားများ ထည့်၍ အာလူးများကို ပြန်လုံးပါ

ပြန်လုံးပြီးသော အာလူးများအား ခေါက်ထားသော ဘဲဥ အကာရည်တွင် နှစ်ပြီး မုန့်ကြွတ်များ လူး၍ ဆီဒယ်အိုးတွင် ထည့်ကြော်ပါ။

နီရောင် သန်းလာလျှင် ချ၍ ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီရှင်

အဆင်ပြေကြပါစေရှင်
credit photo