Knowledge

မုန့်ပေါက်စီ (ကောက်ညှင်း ပဲပေါက်စီ)

မုန့်ပေါက်စီ (ကောက်ညှင်း ပဲပေါက်စီ)

ပါ၀င်ပစ္စည်းများ

ကောက်ညှင်းမှုန့်. ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး

ရေစိမ်း – ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးသာသာ

ဆီ ထမင်းစားဇွန်း ၃ဇွန်း

ထန်းလျှက်ခဲ – 50g

Red kidney beans – 240g တဗူး

ပဲယိုထိုးရန်

ပဲဗူးကိုဖောက်ပြီး အရည်များကို သွန်၍ ရေ၂ခါလောက် ဆေးပေးပါ

ရေဆေးထားသော ပဲများကို ရေစစ်ပြီး ပဲစေ့များ ကျေသွားအောင် ချေပေးပါ

ထန်းလျှက်ခဲကို ရေအနည်းငယ်ထည့်ပြီး ကျေအောင် မီးအပူပေးပါ

ထန်းလျှက် အရည်ပျော်လာပါက အမှိုက်မပါအောင် အ၀တ်စသန့်သန့်နှင့် စစ်ပေးပါ

သန့်ထားပြီးသော ထန်းလျှက်ရည်နှင့် ချေထားသောပဲကို အိုးထဲထည့်ပြီး ထန်းလျှက်ရည် ခမ်းတဲ့ထိမွှေပေးပါ

ပဲယိုဖြစ်သွားပါက အအေးခံထားပါ

ပြင်ဆင်ပုံ

ကောက်ညှင်းမှုန့်ကို ရေထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူးသာသာကို နည်းနည်းချင်းထဲ့ကာ နယ်ပေးပါ

ကောက်ညှင်းမှုန့် အပျော့အမာ အပေါ်မူတည်ပြီး ရေကို နည်းနည်းချင်းထဲ့ပြီး နယ်ပေးပါ

မုန့်သားပျော့ပြီး စေးလာပြီဆိုရင် မုန့်သားအရမ်းမပျော့စေရန် ရေအကုန်မထဲ့ဘဲ ရေကိုချန်ထားလိုက်ပါ

မုန့်သားပျော့လာပါက အ၀တ်စသန့်သန့်ကို ရေစွတ်ပြီး ရေညှစ်ကာ မုန့်သားအပေါ် အုပ်ထားပေးပါ

မုန့်သား အသားသေပြီး အိုးပူတိုက်လို့ကောင်းစေရန် မုန့်သားကို အနည်းဆုံး ၂နာရီကျော် ၃နာရီလောက် နှပ်ထားပေးပါ

မုန့်သားနှပ်ပြီးတာနဲ့ မုန့်တလုံးစာ အနေတော်မုန့်သားကိုယူကာ လက်ဖဝါး နှစ်ဖက်နဲ့ ပွတ်ပြီး မုန့်လုံးလုံးလေး ရအောင်လုပ်ထားပါ

မုန့်လုံးကို အလယ်မှ ချိုင့်ခွက်လေးရအောင် ပုံဖော်ပြီး ပဲယိုကို ထမင်းစားဇွန်း တဇွန်းယူကာ ထည့်ပေးပါ

ပြီးတာနဲ့ ပဲယိုကို အုပ်မိအောင် ဘေးသားများနှင့် ပြန်အုပ်ပေးပြီး မုန့်လုံးပြန်လုံးပေးပါ

မုန့်လုံး ၆လုံးစာ ရအောင်လုံးပေးပါ

အောက်ခြေမကပ်သော ဒယ်အိုးပြားကို ဆီထည့်ပြီး မီးအပူပေးပါ

ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့လိုက်ပါ

မီးပြင်းလွန်းရင် အတွင်းသားတွေ မကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ပါတယ်

မုန့်လုံးကို အနည်းငယ် ဖိပြားကာ တလုံးနှင့်တလုံး အနည်းငယ်ခွာပြီး ထည့်ပေးပါ

မီးအနေတော်နဲ့ အိုးပူတိုက်နေစဉ် တဖက်ကျက်ရင် တဖက်ကို လှန်ပေးပါ

၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး အပြင်ခွံ မာကျွတ်ကျွတ်လေး

ဖြစ်လာပါက ဆယ်ပြီး ဆီစစ်သော စက္ကူပေါ်တင်ပြီး ဆီစစ်ပေးပါမွှေးပြီး စိမ့်နေတဲ့ ပဲမုန့်ပေါက်စီ စိမ့်စိမ့်လေးကို ရပါပြီ

ယူနီကုတ်ဖြင့်ဖတ်ရန်

ဖြစ်လာပါက ဆယ်ပြီး ဆီစစ်သော စက္ကူပေါ်တင်ပြီး ဆီစစ်ပေးပါမွှေးပြီး စိမ့်နေတဲ့ ပဲမုန့်ပေါက်စီ စိမ့်စိမ့်လေးကို ရပါပြီ။

Crd marmar