Cele News

သိန်း၂သောင်းကျော်တန် ခြံကြီးမှာ ပြောင်းနေရပြီး ကိုယ်ပိုက်ဆံရှိတာ လူမသိစေချင်ဘူးလို့ ပြောဆိုလာတဲ့ မမဆောင်း

မြေကြီးပဲ သိန်းနှစ်သောင်းတန်တာလား လို့ မမဆောင်းကို မေးခဲ့ပါတယ် မြေကြီးပဲ သိန်းနှစ်သောင်းတန်တာပါ။

အိမ်ကတော့ သိန်းနှစ် ထောင် လောက်ပဲရှိတယ် ဘယ်လောက်လှတဲ့ အိမ်ပဲဖြစ်ဖြစ် ၂၅၀၀

၃၀၀၀ အများဆုံးပဲ အဓိကက မြေမှာကွာသွား တာလို့ မမဆောင်းက အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

ပရိသတ်ကြီးရေ မမဆောင်းကတော့ စိတ်ထဲရှိတဲ့အတိုင်း ရိုးသား ပွင့်လင်းစွာ ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်

အနေအေးပေမယ့် မထင်ရလောက်အောင် ချမ်းသာကြွယ်ဝလွန်းတဲ့ မမဆောင်းကို ပရိသိတ်တွေလဲ အားကျကြမယ် ထင်ပါတယ်။

စိတ်ထဲရှိတာတွေကိုလဲ အကြံပြုဆွေးနွေးပေးကြပါဦး ပရိတ်ကြီးရေအချိန်ပေးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ပွင့်လင်းရိုးသား လွန်းတဲ့ မမဆောင်းကတော့ ပရိသတ်တွေရဲ့ အချစ်ကို အပိုင်သိမ်းထားပြီး

လက်ရှိမှာ အနာပညာအလုပ်တွေကို ပုံမှန်လေး လုပ်နေသူ တစ် ယောက်ဖြစ်ပါတယ်။

ဒီနေ့တော့ ပရိသတ်ကြီးအတွက် မမဆောင်းကို အိမ်ပြောင်းလိုက်ရတဲ့ အကြောင်းတွေ မေးခဲ့တာကို တင်ဆက်ပေး လိုက်ရပါတယ်။

အိမ်နဲ့ပတ်သတ်ပြီး ဘာပြောချင်လဲ လို့ မမဆောင်း ကို မေးခဲ့ပါတယ်

မမဆောင်းက အင်တာဗျူးမှာ ယ ခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။

အိမ်နဲ့ပတ်သတ်ပြီး ဘာမှမပြောချင်ပါဘူး အိမ်ကမပြောင်းချင်ဘူး ဘာဖြစ်လို့လဲ ဆိုတော့

အမက အဲ့ ဒီ ဂျောင်ထဲမှာနေရတာပျော်တာ အမက နဂိုထဲကလေ အမပိုက်ဆံရှိတာ

ဘယ်သူမှ မသိဘူး ဖုန်းဘေ ကံစမ်းမဲဖောက်တုန်းကလဲ စသလို ပြောင်သလိုနဲ့ လိုင်းပေါ်မှာ

သိန်း၅၀၀တန် ကားမဝယ်ပဲ ဖုန်းဘေကံစမ်းပေးမယ့် မင်းသမီး မမဆောင်းဆိုပြီးတော့ အဲ့လိုမျိုးတင်တယ်။

ကိုယ်ပိုက်ဆံရှိတာကို မသိစေချင်ဘူး ကား
ဝယ်မယ့် ပိုက်ဆံကိုပဲ ဘယ်လိုပြောမလဲ ကားမ ဝယ်ပဲ လှူတယ်ပေါ့နော်။

အဲ့လိုပုံစံလေးတွေပဲ သိစေချင်တာ ကိုယ်ပိုက်ဆံရှိတာ သူများ သိတာလဲ မကောင်းဘူးပေါ့နော်

အဲ့လိုမျိုးဆို တော့ အမကလေ ဘယ်လိုပြောမလဲ အဲ့လိုမျိုးတွေ နေဖို့ အစီအစဉ်မရှိဘူး။

အမတိုက်ကြီးက ပြိုမလိုဖြစ်သွားတယ် မြေနီကုန်းက တိုက်ကြီးက ရန်ကုန်ရောက်ထဲက အဲ့ကနေ အမတစ်ခါမှ မပြောင်းရသေးဘူး။

အဲ့တာကြီးက ပြိုမလိုဖြစ်နေတော့ အမမနေရဲတော့ဘူး အမှန်မှန် အမကမပြောင်းချင်ဘူး။

အ မ မြေနီကုန်းက လူတွေကို အရမ်းချစ်တယ် မြေနီကုန်းက လူတွေက ကိုယ့်ကိုဆို မင်းသမီးထဲမှာ ရိုးတယ်ပေါ့်နော်

မင်းသမီးထဲမှာ အမတို့က အဝင်အထွက်တွေလဲ သိပ်မလုပ်ဘူး အထူးသဖြင့် ယောကျာ်းတွေ

သရုပ်ဆောင် လုပ်ပေမဲ့ အမအိမ်ကို ယောကျာ်းတွေ အဝင် အထွက် သိပ်မရှိဘူး။

အဲ့တော့ ရပ်ကွက်က ပြောကြတာပေါ့နော် မင်းသမီးထဲမှာ အကောင်းဆုံး ပုံစံမျိုး ပြောတော့ အမက အဲ့မေရာကနေ ပြောင်းဖို့ အစီအစဉ်မရှိဘူး

အဲ့မှာပဲ ခေါင်းချဖို့ အစီအစဉ်ရှိတယ်။ သူများတွေဆို အံသြသွားတယ်။

ဘယ် လိုပြောမလဲ မော်လမြိုင်မှာလဲ အမပိုင်ဆိုင်မှုတွေ အများကြီးရှိတယ်ဆိုတော့ ဒီလို နေရာမျိုးကြီးမှာ မနေသင့်ဘူးပေါ့နော်

မနေသင့်ဘူးပြောလဲ နားလဲမထောင်ဘူး မမဆောင်းက နောက်ဘိတ်ဆုံး ကိုယ့်အခန်းထဲမှာလေ ရှယ်ပြင်ထားတယ်။

နှစ်ခန်းတွဲကြီးကို အလယ်ကနေ ဖောက်ပြီးတော့ ရှယ်ပြင်ထားတာ ကွန်ဒိုဈေးလောက်ရှိတယ် အမဟာကြီးကလေ

ဒါပေမယ့် အဲ့တာကို အမမပြောင်းဘူး ကွန်ဒိုတွေဘာတွေ သွားပြောင်းဖို့ အစီအစဉ်လဲ မရှိဘူး

တခြား အိမ်ပြောင်းဖို့လဲ အစီအစဉ် မရှိဘူးပေါ့နော် အခုကကျတော့ အမရဲ့တိုက်က ပြိုကျမလိုဖြစ်သွားတဲ့ အတွက်ကြောင့်

Hotel မှာ ၁၅ရက် သောင်တင်သွားတယ် ၁၅ရက် သောင်တင်ပြီးတော့မှ ပြောင်းခဲ့တယ်ပေါ့ နော်

အိမ်ရှာရတာလဲ မလွယ်တော့ ၁၅ရက်တိတိ ဟော်တယ်မှာ အ မ သောင်တင်ခဲ့တယ် ပြီးတော့မှ ကိုယ်ကြိုက်တဲ့ အိမ်ကို ရခဲ့တယ်ပေါ့နော်

လူတွေက အမျိုးမျိုးတော့ ပြောကြတာပေါ့ ပိုက်ဆံချမ်းသာတာကလဲ ဓားမြတိုက် နေလား စပွန်ဆာလားလို့ ပြောမှာပဲ

ခန္ဓာကိုယ် အချိုးအစားတွေ အဆင်ပြေနေရင်လဲ အတုတွေလား ဘာလား ပြောတာရှိတယ်​ေ

အဲ့တော့ ပရိသတ်တွေက အမျိုးမျိုးပြောတာကို မမဆောင်းက လိုက်မခံစားတော့ဘူး

တချို့ကတော့ ချစ်တဲ့ပုံစံမျိုးပဲ ပြောကြတာများ တယ်။ ပရိသတ်တွေလဲ သိမှာပါ

လွန်ခဲ့တဲ့ ၁၀နှစ်လောက်ထဲက နေနိုင်ရဲ့သားနဲ့ အခုမှပဲ တိုက်ခန်းက အခြေအနေမကောင်းတော့လို့ နေဖြစ်ခဲ့တယ်ဆိုတာ ပရိသတ်တွေ အားလုံးသိတယ်။

မမဆောင်းနဲ့ ဆက်ဆံဖူးတဲ့ သူတွေ အားလုံးကတော့ သိတာပေါ့နော်

ဒါတွေကတော့ အင်တာဗျုးမှာ မမဆောင်းကိုယ်တိုင် ပြောခဲ့တာတွေပဲဖြစ်ပါတယ်။

ထို့အပြင် အိမ်က သိန်းတစ်သောင်းတန်ပါ့မလားလို့ ပြောနေကြတာလေး ကို ပြောပေးပါဦး လို့ မမဆောင်းကို ထပ်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

မမဆောင်း ပြန်လည် ဖြေကြားခဲ့တာကတော့ မြေကြီးပဲ သိန်းနှစ်သောင်းတန်တာ အိမ်က အဲ့လောက်ကြီး မဟုတ်ဘူး ဘာဖြစ်လို့လဲဆိုတော့

အင်းယားလမ်း ရွှေတောင်ကြားဆိုတော့လေ မြေကိုက သိန်းနှစ်သောင်းတန်တာ အိမ်က အဲ့လောက်ကြီး မဟုတ်ဘူး

အိမ်ကတော့ အိမ်ခန်း၇ခန်းပါတယ် မြောက်ဥက္ကလာဘက်မှာ ကျတော့ မြေကွက်တစ်ကွက် ဝယ်မယ်ဆို ၅၀၀လောက်ပဲ ရှိတာဆိုတော့ မြေကပဲ သိန်းနှစ်သောင်း တန်သွားတာ

အိမ်က အဲ့လောက်ကြီး မဟုတ်ဘူး ပေါ့နော် သူများတွေကလဲ ဟားခနဲ့ဖြစ်သွားကြတယ်ပေါ့

မေးတဲ့သူကလဲ မေးတော့ မမဆောင်း က အဲ့လိုမျိုးတွေ သိပ်မဖြေချင်ဘူး။

ကိုယ့်အတွက် အန္တရာယ်အရမ်းရှိတယ် ကိုယ့်အမေကလဲ ပိုက်ဆံရှိပြီးတော့မှ ဒုက္ခရောက်ထားရတာ ဆိုတော့ အမက လုံးဝမဖြေချင်ဘူး

ကိုယ်ပိုက်ဆံရှိတာ ဘယ်သူမှ မသိတာ အကောင်းဆုံးပဲဆိုတော့ မဖြေချင်ဘူး မေးတဲ့သူရှိလို့သာ ဖြေ လိုက်ရတာပေါ့လို့ ပြောဆိုသွားပါတယ်။

Credit