Cele News

သူမမှာရှိတဲ့ ငွေတွေအကုန်လုံးကို ခက်ခဲနေတဲ့ CDM သမားတွေကိုအကုန်လှူဒါန်းလိုက်တဲ့ ဟန်နာယူရီ

တိုင်းပြည် မငြိမ်မသက် စဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်း က မြန်မာ့အရေးအတွက်

ပါဝင်လှုပ်ရှားခဲ့ပြီး ယနေ့ထက်ထိလည်း တက်ကြွနေဆဲဖြစ်တဲ့ ဟန်နာယူရီဟာ

အလှူတွေ အဆက်မပြတ် လုပ်သလို အခုလက်ရှိမှာလည်း သူမအိမ်လ ခ ပေးရမယ့် ငွေတွေကိုပါ CDM သမားတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။

ကျောင်းကထောက်ပံ့ခဲ့တဲ့ ထောက်ပံ့ကြေးငွေနဲ့ လှူဒါန်းတဲ့အပြင် တချို့ခက်ခဲလွန်းတဲ့ အခြေအနေတွေကြောင့် မနေသာတော့ဘဲ

အိမ်ငှားခငွေတွေကိုပါ အခုလို ထုတ်လှူလိုက်တာပဲ ဖြစ်ပါတယ်။

သူမအနေနဲ့ ကိုရီးယားမှာ လတ်တလော အလုပ်မရှိသေးဘဲ ရပ်တည်နေရတာဖြစ်လို့ ကိုယ်တိုင်လည်း အခက်အခဲတွေနဲ့ ရှင်သန်နေရသူပါ။

ချစ်ခင်နွေးထွေးပေးကြတဲ့ သူမရဲ့ အသိ မိတ်ဆွေ တွေကြောင့်သာ နေပျော်သလိုထင်ရပေမယ့် ကိုယ့်တိုင်းပြည် မအေးချမ်းတာတွေကို

မြင်တိုင်း ဟန်နာယူရီတစ်ယောက် စိတ်မချမ်းမသာ ဖြစ်ရသလို တိုင်းပြည်အရေးကို ကမ္ဘာက သိစေဖို့အတွက်လည်း

သူမရဲ့လူမှုကွန်ယက်တွေကို အသုံးချပြီး နေ့တိုင်းသတင်းအမှန်တွေ ဝေမျှပေးခဲ့ပါတယ်။

လှူဒါန်းလိုက်ရတဲ့ သူမရဲ့ပီတိကို ဒီလ မြန်မာအတွက် total ၁၃ ယောက်စာလှူပါတယ်။

ကျောင်းကပေးတဲ့ ထောက်ပံ့ကြေးနဲ့ လှူတာပါ ထောက်ပံ့ကြေးက ကြာနေတာနဲ့ အချို့လူတွေ

စားရေးအရမ်း ခက်ခဲနေတာနဲ့ ကျမကအိမ်လခနဲ့ ဒီနေ့စိုက်လှူလိုက်ပါတယ်။

ထပ်အလှူခံလာသူတွေကို ထပ်မလှူနိုင်သေးတာ နားလည်ပေးကြပါ။

ကျမလည်း အလုပ်မရှိဝင်ငွေမရှိဖြစ်နေလို့ပါရှင့် ဆိုပြီး Instagram Mydayမှာ ရင်ဖွင့်လာခဲ့ပါတယ်။

နိုင်ငံရပ်ခြားကို ရောက်နေပေမယ့် မြန်မာပြည်အတွက် သွေးအေးမနေဘဲ ရတဲ့ဖက်ကနေ

အမြဲတမ်း တက်တက်ကြွကြွ ကူညီပေးတာ တကယ်ကို ကျေးဇူးတင်ဖို့ ကောင်းပါတယ်။

ကိုရီးယားမှာလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အင်တာဗျူးတွေ အမြဲဖြေပေးကာ ခက်ခဲနေတဲ့ မြန်မာပြည် အတွက် ကောက်ရိုးတစ်မျှင် ဖြစ်ပေးခဲ့ပါတယ်။

မှန်ကန်တဲ့သတင်းတွေကို ကမ္ဘာကသိစေဖို့ ဒီလိုလူမျိုးတွေ အများကြီး လိုအပ်ပါတယ်။

ဘယ်တော့မှ အေးမသွားဘဲ မြန်မာပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေခဲ့ပါတယ်။

အိမ်လခပေးရမယ့် ငွေအထိပါ စိုက်ထုတ်ပြီးလှူဒါန်းပေးတဲ့ ဟန်နာယူရီရဲ့ မြင့်မြတ်လွန်းတဲ့စေတနာကို အကြိမ်ကြိမ် သာဓု ခေါ်ဆိုမိပါတယ်။

Credit