Knowledge

လွယ်ကူတဲ့ မုန့်လိပ်ပြာ ပြုလုပ်နည်း

မုန့်လိပ်ပြာ

ပါဝင်ပစ္စည်းများ

rice paper ၁၀ ရွက်

ဘိုစားပဲ သို့ မတၸဲ 400 g

ဆား ဇွန်းဝက် ( အချိုဇွန်း )

ထန်းညက် ၃ခဲ ( အချိုကြိုက်ရင်ပိုထဲ့ပါ)
ရေနွေး

ဗူးပဲကို သုံးတာမို့ ပဲပြုတ်ရတဲ့အချိန်သက်သာပါတယ်။ ပဲကို ခဏရေစစ်ထားပါ။

ပဲတွေက နူးညံ့ပြီးသားမို့ ဇွန်းတချောင်းနဲ့ ဆားထဲ့ ပြီး ဖိခြေလိုက်ပါ

ထန်းညက်ကို အရည်ဖျော်( သို့) အသေးလေးများတုံးပြီးရော မွှေပေးပါ။

ဒီအနေမှာတင် သုံးလို့ရပေမဲ့ ကျမ က ပဲ အနံ့မွှေးချင်လို့ microwave မှာ ၁မိနစ်စီ ထဲ့ တခါပြန်မွှေ အဲလိုမျိုး ၅ မိနစ်လုပ်ပါတယ်။

မွှေးနေတာပဲ ရိုးရိုးနည်းနဲ့ အိုးတလုံးထဲရေခံပေါင်းလို့လဲရပါတယ်နော်။ ခဏပေါ့

ရေနွေးပူပူကို ဗန်းတဗန်းမှာထဲ့ ၁ရွက်ချင်းစီ 2မိနစ်ခန့်စိမ် ပြန်ဆယ်ကာ ပန်ကန်တချပ်ပေါ်တင်ပြီး အလယ်တွင် ပဲကို တင်ပေးပါ။

ကျမ ကတော့ ပဲမတင်ခင် rice paper မျက်နှာပြင်ကို kitchen towel လေးနဲ့

ရေခြောက်အောင် လိုက်တို့လိုက်တယ် ပြီးရင်ခေါက်ပြီး သုံးဆောင်လို့ရပါပြီ။

အုန်းသီးခြစ်၊ အုန်းဆီချက်အနှစ်နဲ့ လဲတွဲစားနိုင်ပါတယ်. ဆန်ပြားကို စိမ်တဲ့ ရေနွေးဟာ နွေးတယ်ဆိုတဲ့အနေထက်နဲနဲပိုပူရပါမယ်။

ဆန်ပြား ကျက်မှစားလို့ကောင်းတာမို့ အလျင်စလိုမထုတ်စေချင်ပါဘူး။

အဆင်ပြေလွယ်ကူစားသုံးနိုင်ပါစေရှင်

ယူနီကုတ်ဖြင့်ဖတ်ရန်

credit Ei thet