Knowledge

ချဲထီပေါက်စေတယ်ဆိုပြီး ပူဇော်ပသခံနေရတဲ့ ခေါင်းနှစ်လုံးနဲ့ ဝက်ကလေး

လူတွေဟာ သူတို့တစ်တွေ အားကိုးအားထား ပြုထိုက်တယ်လို့ စိတ်ထဲမှာ ခံယူလိုက်တာနဲ့

အဲဒီအရာကို ကိုးကွယ်ကြတော့တာ ဟိုးရှေးယခင်ကတည်း က အရိုးစွဲလာခဲ့တဲ့ အစဉ်အလာ ဖြစ်ပါတယ်။

ကမ္ဘာဦးအစက နေမင်း လမင်းတွေကို ကိုးကွယ်ကြတယ် နောက်တော့ ကံဆိုးကံကောင်းကို စီမံတယ်ဆိုတဲ့ နတ်တွေကို ကိုးကွယ်ကြတယ်။

နောက် နေရာဒေသအလိုက် မတူညီတဲ့ ကိုးကွယ်မှုတွေ ပေါ်ထွက်လာကြပါတယ်။

ဒါကြောင့် လူတစ်ယောက် ဘာကိုကိုးကွယ်တယ်ဆိုတာ သူ့အပြစ်မဟုတ်ပါဘူး။

သူ ယုံကြည်ရာကို ကိုးကွယ်ဆည်းကပ်မယ် ပူဇော်ပသမယ်ဆိုတာ သူရဲ့လုပ်ပိုင်ခွင့်နဲ့ ယုံကြည်ချက် ဖြစ်နေလို့ပါ။

ဒီလိုပဲ ကိုယ်ဘာကို ကိုးကွယ်တယ်ဆိုတာကိုလည်း သူများနဲ့ စံထိုးစရာမလိုပါဘူး။

အကြောင်းကတော့ ကိုယ်ယုံကြည်ရာအတိုင်း ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုးကွယ်ယုံကြည်ခွင့် ရှိနေလို့ ဖြစ်ပါတယ်။

အခုလည်း ထိုင်းမှာ ချဲထီပေါက်စေတယ်ဆိုပြီး ခေါင်းနှစ်လုံးပါ ဝက်ကလေးတစ်ကောင်ကို ကိုးကွယ်ပူဇော် ပသနေကြပါတယ်။

အဆိုပါ ဝက်ကလေးက သူတို့ကို ချဲထီနဲ့ပတ်သက်တဲ့ အတိတ်စိမ်းနဲ့ ဂဏန်းတွေ ပေးတယ်လို့ ဒေသခံတွေက ယူဆကြပြီးဝက်ကလေးကို ကိုးကွယ်ဆည်းကပ် နေကြတာပါ။

ဝက်ကလေးကလည်း သာမန်ဝက်တွေနဲ့မတူပါဘူး မျိုးဗီဇချို့ယွင်းတဲ့ လက္ခဏာကြောင့် ဦးခေါင်းနှစ်လုံး နားရွက်သုံးခုနဲ့ ခြေလက်၈ချောင်း ပါရှိနေပါတယ်။

အဆိုပါဝက်ကလေးဟာ ဝက်မွေးချင်း ၁၃ကောင်အနက်မှာ တစ်ကောင်အပါဝင် ဖြစ်ပြီး ထိုင်းနိုင်ငံ ဥဒွန်သာနိစီရင်စု အတွင်းက

ကျေးရွာငယ်ကလေးမှာ တောင်သူဦးကြီးတစ်ဦးရဲ့ မွေးမြူရေးခြံမှာ ဧပြီ၂၇ရက်က မွေးဖွားလာတာ ဖြစ်ပါတယ်။

ဒေသခံရွာသားတွေသာမ က ရွာနီးချုပ်စပ်က ရွာသားတွေက ဒီမွေးကင်း စ ခြေ၈ချောင်းပါ ဝက်ကလေးဟာ သူတို့တစ်တွေရဲ့

ကံကောင်းမှုတွေအတွက် မွေးဖွားလာတာဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

ဒါကြောင့်လည်း တောင်သူဦးကြီးရဲ့ နေအိမ်မှာ အမြဲလိုလိုသွားရောက် စုဝေးကာ သူတို့တစ်တွေ ကံကောင်းမှုတွေ ရစေဖို့

ဆုမွန်ကောင်းသွားတောင်းပြီး လာဘ်သပ်ပကာတွေနဲ့ ပူဇော်ကြပါတယ်။

ဒါပေမယ့် ဝက်ကလေးက မွေးမွေးချင်း အသက်မရှင်ခဲ့ပါဘူး သို့သော် ရွာသားတွေကတော့ ဝက်ကလေးရဲ့အလောင်းကို ဆက်လက် ကိုးကွယ်နေကြပါတယ်။

ဝက်ကလေးရဲ့ မွေးချင်းနံပတ် ၁၃ဟာ နှစ်လုံးထီသမားတွေအတွက် မွေးဂဏန်းဖြစ်ခဲ့ကြောင်း ဝက်ပိုင်ရှင်ဖြစ်သူက ဆိုပါတယ်။

ဝက်ကလေးနာမည်ကိုတော့ ဖက်တီးလေး လို့ နာမည်ပေးခဲ့ပါတယ်။

ဒါ့အပြင် နံပတ် ၂၈ဂဏန်းကိုလည်း လူတွေက ကြိုက်ကြပါတယ် အကြောင်းကတော့

ဝက်ကလေးမှာ ခေါင်း၂လုံး ခြေထောက်၈ချောင်း ဖြစ်လို့ တစ်ချို့အတိတ်ကောက် ကြပါတယ်။

ဒေသခံတွေ ချဲထီတွေ ထိထိရောက်ရောက် ပေါက်ကုန်ကြသလား ဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

Credit