Cele News

ဘယ်တော့မှ မအိုမင်းသွားတဲ့ မင်းသမီးတစ်ယောက် အကြောင်း ချီးမွမ်း ပြောပြလာတဲ့ မေသန်းနု

အနုပညာ လောကမှာ ဆယ်စုနှစ် များစွာ ဖြစ်သန်းကာ နှစ်ကာလရှည် ကြာအောင် ဂုဏ်အရှိန် မမှေးမှိန် သွားဘဲ

ဝါရင့် သရုပ်ဆောင် တစ်ဦး အနေနဲ့ ရပ်တည် နေနိုင်ဖို့ ဆိုတာ တကယ့်ကို မလွယ်ပါဘူးနော် နှစ်ပေါင်းများစွာ

အောင်မြင်မှု သရဖူ ဆောင်းနိုင် သူတွေဟာ လက်ချိုးရေ လို့ရတဲ့ အရေအတွက်သာ ရှိနေခဲ့ပြီး ထိုသူတွေ ထဲမှာတော့

ဝါရင့် သရုပ်ဆောင် အကယ်ဒမီများရှင် မင်းသမီးချောကြီး မေသန်းနုဟာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်နော်

မဆင့် ခ မေသန်းနုဟာ ဆိုရင် ငယ်ရွယ် နုပျိုစဉ် အခါတုန်းကလည်း ချောမော လှပတဲ့ ရုပ်ရည်လေးနဲ့ အညီ မင်းသမီး ခန်းတွေမှာ

ပီပြင်စွာ သရုပ်ဆောင် နိုင်ခဲ့သူ ဖြစ်ပြီး အသက်အရွယ် တစ်ခု ရောက်လာတဲ့ အခါမှာလည်း အမေခန်းတွေမှာ

ပိုင်နိုင်စွာ သရုပ်ဖော် နိုင်ခဲ့လို့ အကယ်ဒမီများရှင် ဆိုတဲ့ ဂုဏ်ထူးကို ပိုင်ဆိုင် နိုင်လာခဲ့သူ တစ်ဦး ဖြစ်တယ်လို့ ဆိုလာမယ် ဆိုရင်

ငြင်းဆိုမယ့်သူ မရှိလောက်ပါဘူးနော် ပြီးခဲ့နှစ်တွေတုန်းက လူမှုရေး ငွေရေးကြေးရေး ကိစ္စများနဲ့ ရှုပ်ထွေးကာ ခက်ခဲခဲ့ရတဲ့ မေသန်းနုဟာ

ယခုအခါမှာတော့ ရွှေဆင့် ဆိုတဲ့ အမည်တံဆိပ်နဲ့ မြိတ်ဒေသထွက် လက်ဆောင် ပစ္စည်း ရောင်းဝယ်ရေး ဆိုင် ဖွင့်လှစ်ကာ

ဦးစီး လုပ်ကိုင်လျှက် ရှိပါတယ် ယနေ့မှာတော့ ရုပ်ရည် ချောမော လှပလွန်းပါတယ် ဆိုတဲ့အကယ်ဒမီများရှင် မေသန်းနု ကိုယ်တိုင်က

ဘယ်တော့မှ မအိုသော မင်းသမီး ဆိုပြီး နာမည်ကြီး မင်းသမီး တစ်လက်ကို ချီးမွမ်းပြောဆိုလာခဲ့ပါတယ်

မေသန်းနု ကိုယ်တိုင်က အရွယ်တင် လွန်းတယ်လို့ ဖွင့်ဟချီးမွမ်း လာရတဲ့ မင်းသမီးဟာ ဘယ်သူ ဖြစ်မလဲ ပရိသတ်ကြီး စိတ်ဝင်စားကာ

သိချင် နေမိကြမယ် ထင်ပါတယ်နော် သူကတော့ ပရိသတ်ရဲ့ အချစ်တော် အသည်းစွဲ မင်းသမီးချောတစ်ဦးပဲ ဖြစ်ပြီး

သူမဟာ မည်သို့သော ဇာတ်ရုပ်ကို မဆို ပိုင်နိုင်စွာ သရုပ်ဆောင် နိုင်သူတစ်ဦး ဖြစ်ကာ အထူးသဖြင့်

ပရိသတ်တွေ ပို၍ သတိထား သဘောကျ နှစ်ခြိုက်ရသော သူမနဲ့ အံဝင်ဂွင်ကျ ဖြစ်လွန်းသော ဇာတ်ရုပ်ကတော့

ခပ်စွာစွာ ခပ်သွက်သွက် ရှပ်ပြာပြာ ပုံစံ ဇာတ်ရုပ်မျိုးဖြစ်ပြီး ထိုဇာတ်ရုပ် မျိုးမှာတော့ ပြိုင်ဖက်မရှိ တဖက်ကမ်းခတ် သူတော်လွန်းတဲ့

ဝါရင့် မင်းသမီး ဖြစ်ပါတယ် ကဲ ပရိသတ်ကြီး ဒီလောက်ဆိုရင် ခန့်မှန်း သိရှိလောက်ပြီး ထင်ပါတယ်နော်

ပရိသတ်ကြီးရဲ့ စိတ်ထဲက အဖြေနဲ့ မေသန်းနုပြောတဲ့ မအိုသော မင်းသမီး ထပ်တူ ကျကျ မကျ ကြည့်လိုက်ရအောင်နော်

ဟုတ်ပါတယ် မဆင့် ရည်ညွှန်း ပြောဆိုလာတဲ့ မင်းသမီး ကတော့ မခိုင်လေး ခေါ် ခိုင်သင်းကြည်ပဲ ဖြစ်ပါတယ်။

ပရိသတ်တို့ရဲ့ အသည်းကျော် သရုပ်ဆောင်မင်းသမီး ခိုင်သင်းကြည် ဟာဆိုရင်လည်း ဆယ်စုနှစ်၂ခုစာမက

သရုပ်ဆောင် လောကမှာ ဖြတ်သန်း အောင်မြင် လာခဲ့သော မင်းသမီး တစ်ဦး ဖြစ်ကာ သရုပ်ဆောင် ပိုင်းမှာလည်း

စွယ်စုံပိုင်နိုင်သူ ဖြစ်သဖြင့် အကယ်ဒမီ ဆုတွေ ထိုက်တန်စွာ သိမ်းပိုက် ထားနိုင်ခဲ့သူ ဖြစ်ပါတယ် သူမရဲ့ အနုပညာ ဖြတ်သန်းမှု ကာ လ

အပိုင်းအခြား အ ရ ပြန်တွက်လျှင် နှစ်ကာ လ ရှည် အောင်မြင်သော မင်းသမီးကြီး တစ်ဦးဟု ဆိုနိုင်ပြီ ဖြစ်သော်လည်း

သူမဟာ ယခုအချိန်ထိ သွက်လက် ဖြတ်လက်သော ကာရိုက်တာ များစွာမှာ လိုက်ဖက်နေဆဲဖြစ်သော နုပျိုလွန်းသော မင်းသမီး ဖြစ်ပါတယ်။

ထို့အတွက် မဆင့်က အရွယ်တင်လွန်းသူ ဘယ်တော့မှ မအိုသော မင်းသမီး ဟု ချီးမွမ်းလာတာဖြစ်ပြီး

ခိုင်သင်းကြည်နှင့် ပတ်သက်သော အမှတ်တရဖြစ်ရပ်များကို ယခုလို ပြောပြလာခဲ့ပါတယ် မခိုင်လေးနဲ့က သားသား မင်းသန့် တစ်သက်ပေါ့

သားသား ကိုယ်ဝန် ရှိတဲ့ အချိန်မှာမခိုင်လေးက မင်းသမီး စလုပ်တာ မဆင့်ဆီကို ရောက်လာတယ် ပြီးတော့ ဦးဇင်ရော်မောင်မောင်နဲ့

သူ ဇာတ်ကား စရိုက်တယ် အမှတ် တရ တွေကလည်း အများကြီးပဲ သူနဲ့က အရှေ့မှာတော့ တော်တော်များများ ဆုံဖြစ်တာပေါ့

နောက်ပိုင်း ကျတော့မှာသာ နည်းနည်း ပါးပါး ဝေးသွားတာ ကားရိုက်မှာ သိပ်မဆုံ ဖြစ်တော့တာပေါ့ ဒါပေမယ့် အပြင်မှာကျတော့

တကယ့် ညီအစ် မ သားအမိ မိသားစုလိုပဲ သူ့ရဲ့ခင်မင်မှုက လုံးဝ မပြောင်းလဲဘူး ဒီအတိုင်းပဲ မခိုင်လေးက အရင်စထဲက ဒီအတိုင်းပဲ

အရင်တုန်းကဆို ရှုတင်တွေ အတူတူ သွားကြတယ် ပြီးတော့ မခိုင်လေးက ဟာသတွေ သိပ်ပြောတာ မဆင့်တို့က ရယ်ပေါ့

သွားရ လာရတာ သိပ်ပျော်တာ အဓိကက ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် အနေနဲ့ အဆင်ပြေတယ်ဆိုတော့ အလုပ်လုပ်ရတာ ပိုပျော်တာပေါ့

ရန်လေး ရန်အောင် တို့ မခိုင်လေးတို့နဲ့ တဖွဲ့ထဲကျတယ် ဆိုရင် တဝါးဝါး တဟားဟားနဲ့ အစားအသောက် ကလည်း ညီကြတယ်

ဆိုပြီး ပြောလာခဲ့သလို ယခုလို မြိတ်ဒေသထွက်စားသောက်ကုန်တွေ ရောင်းနေချိန်မှာလည်း မဆင့်တို့ အိမ်နားမှာက

မခိုင်လေး ခိုင်သင်းကြည် ရှိတယ်လေ မခိုင်လေးဆီကို အစားအသောက်တွေပို့ အစားအသောက်ပိုင်းက သူက ကျွမ်းတယ်လေ

မြည်းပေးပါအုံး ဘာလိုတယ် ဆိုတာကို သူက အကြံပေးတယ် ကိုယ်ကြိုက်တာနဲ့ ဝယ်သူအကြိုက် ဘာတွေ လိုအပ်တယ် ဆိုတာကို

ရန်လေးဆီလည်း ပို့ ရန်လေးရေ ဒါလေး လုပ်ထားတယ် မြည်းပေးပါအုံး ဆိုပြီး သူတို့နှစ်ယောက်က အစားအသောက် အရမ်းကျွမ်းတာ

ဆိုတော့ အကြံပြုခိုင်းရတာ သူတို့ကလည်း ဒါကောင်းတယ် ဒါလိုသေးတယ် ဆိုပြီး အဲ့လိုမျိုးတွေ အကြံပြန်ပြုပေးကြ ပြောပေးကြတယ်

ဆိုပြီး ရန်အောင် ခိုင်သင်းကြည် တို့နဲ့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ ကြည်နူးစရာ ဆက်ဆံရေး အခြေအနေကို

ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ နှစ်ကာရှည် ကြာအောင် ချစ်ခင် စည်းလုံးကြတဲ့ ဝါရင့် အနုပညာရှင်တွေ ဖြစ်ကြသော

မင်းသားကြီး ရန်အောင် မင်းသမီးကြီး မေသန်းနုနဲ့ မင်းသမီး ခိုင်သင်းကြည် တို့ရဲ့ အနုပညာမောင်နှမတွေရဲ့

ဘ ဝ ကတော့ တကယ့်ကို ကြည်နူးဝမ်းမြောက်စရာ ပါပဲနော် ဖတ်ရှု့ အားပေးနေကြတဲ့ ပရိသတ်ကြီးတို့ ထဲမှာကော ကိုရန်လေး မဆင့်နဲ့

မခိုင်လေးတို့ရဲ့ ဖန်တွေ ပရိသတ်တွေ ပါတယ်ဆိုရင် မှတ်ချက်လေးတွေ ရေးပေးသွားကြပါအုံးနော် ဒါနဲ့ ပရိသတ်ကြီးရဲ့မအိုသော

မင်းသမီးဟာ ဘယ်သူလဲဆိုတာ ခန့်မှန်းချက်ဟာ ထင်ထားသလို ဖြစ်ခဲ့လား မှန်လား မှားလား ပြောခဲ့ကြပါအုံးနော် အားလုံးကို ကျေးဇူးတင်ပါတယ်နော်။

Credit