Knowledge

သာကူ အစာသွပ်လုပ်နည်း

သာကူ အစာသွပ်

ထိုင်းစတိုင် သာကူ အစာသွပ်ပါ သာကူထဲကို ၀က်သား သို့ ကြက်သားနဲ့ မြေပဲကို

အစာသွပ်ထားတာပါ အစာပြေ အဖြစ် သုံးဆောင်မယ်ဆိုရင် အရမ်းကောင်းတဲ့ ချက်နည်းသစ် တမျိုးမို့ ခုပဲ လုပ်စားကြည့်ရအောင်

သာကူတွင် ပါဝင်ပစ္စည်းများ

သာကူ ၁ခွက်ခွဲ

ရေနွေး ၁ခွက်

ကြက်သွန်ဖြူ ဆီချက်

အစာသွပ်ရန် ပါဝင်ပစ္စည်းများ

၀က်သား သို့ ကြက်သား ၂၀ကျပ်သား နှုတ်နှုတ်စဉ်းပါ

ကြက်သွန်နီ ၂ဥ နှုတ်နှုတ်စဉ်းပါ

မြေပဲ စားပွဲတင်ဇွန်း ၄ဇွန်း မညက်တညက်ထောင်းပါ

ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ဇွန်း

သကြား စားပွဲတင်ဇွန်း ၂ဇွန်း

ဆီ စားပွဲတင်ဇွန်း ၁ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး သာကူကို ရေဖြင့် အနည်းငယ် ဆေးပြီ ဇလုံတစ်ခုထဲတွင် သာကူစေ့ထည့် ရေ ထည့်ပြီ လက်ဖြင့်

သာကူစေ့များကို အနည်းငယ် ခြေပြီ စေးကပ်အောင် လုပ်ပေးပါ

ပြီးလျှင် အပေါ်မှ ရေစိုဝတ်ဖြင့် ၁နာရီခန့် အုပ်ထားပေးပါ

ထို့နောက် ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ကြက်သွန်နီများကို ဆီသပ်ပေးပါ

ပြီးမှ ကြက်သားထည့် အရောင်ပြောင်းမှ ငါးငံပြာရည် သကြား ထည့်ပေးပါ

ပြီးနောက် မြေပဲ ထည့်ကာ လုံးသွားပြီ စေကပ်သွားအောင် ကြော်ပေးပါ ပြီမှ မီးပိတ်ပြီ အအေးခံထားပါ

ထို့နောက် သာကူကို ပုံတွင် ပါသည့်အတိုင်း ၁လက်ခွဲအရွယ် အတိုင်းပြားလိုက် ကြက်သားမြေပဲ အစာသွပ်ပေးပါ

အစားသွပ်ပြီ သာကူကို လက်ဖြင့် အလုံးပုံပြန် လုံးပေးပါ ထိုနည်းအတိုင်း ကျန်သာကူများကို အစာသွပ်ပေးပါ

ဌက်ပျောရွက်ပေါ် သာကူအစာသွပ် လုံးများကို တင်ပြီ ပေါင်းအိုးဖြင့် ၅မိနစ် ပေါင်းပေးပါမှတ်ချက် အချိန်ပိုပြီ မပေါင်းပါနှင့်

ပေါင်းပြီလျှင် သာကူကို ကိုင်လို့ ရသည်အထိ ခေတ္တအေးခံပါ ပြီးလျှင် သာကူများသည်

အလွန်စီးကပ်သည်မို့ ပန်းကန် နှင့် လက်တွင် ကြက်သွန်ဖြူ ဆီချက် ဆီများကို အရင်သုတ်ပါ

ပြီးမှ သာကူ အစာသွပ်များကို ပန်းကန်ပေါ်တင်ပြီ အပေါ်မှ

ကြက်သွန်ဖြူ ဆီချက်များကို ဖြူးကာ အရသာရှိစွာ စားသုံးနိုင်ပါပြီ

ယူနီကုတ်ဖြင့်ဖတ်ရန်

credit