Cele News

ပိုက်ဆံ မျက်နှာကြောင့် နိုင်ငံရေး လုပ်နေတဲ့ အနုပညာရှင် တွေကို ခန့်စည်သူ ဒဲ့ပြော

မဂ်လာပါ ပရိတ်သတ်ကြီးရေ ပိုက်ဆံ မျက်နှာကြောင့် နိုင်ငံရေး လုပ်နေတဲ့ အနုပညာရှင် တွေကို ခန့်စည်သူ ပြောပြီ ရုပ်ရှင် ဥက္ကဌကြီးဟောင်း ခန့်စည်သူက

အားလုံး သိအောင် ပြောပြီ ရန်ကုန် ဇွန် ၆ ရက် နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီလက်ထက် ပထမဆုံး အကြိမ်ရုပ်ရုင် အစည်းအရုံး ဥက္ကဌ အဖြစ်

တာဝန်ပေးခြင်း ခံလိုက်ရသည့် ရုပ်ရှင် သရုပ်ဆောင် ခန့်စည်သူနှင့် ပတ်သက်၍ အနုပညာ အသိုင်းအဝန်း အချို့နဲ့ ၎င်းအား အားပေးနေသည့်

ပရိတ်သတ် အချို့တို့ အကြား လူမှုကွန်ရက် စာမျက်နာများပေါ်တွင် ဝေဖန်မှုများ မြင့်တက်လျက် ရှိသည်ကို သိပြီး ဖြစ်မှာပါ

ထို့ကြောင့် ရုပ်ရှင် အစည်းအရုံး ဥက္ကဌဟောင်း ကိုခန့်စည်သူ၏ သဘောထား မှတ်ချက်များအား ကောက်နုတ် တင်ပြ လိုက်ရပါသည်။

ခုချိန်မှာ ကျွန်တော့်ကို ဝေဖန် နေကြမယ် ဆိုတာ ကျွန်တော် ကြိုတွက် ပြီးထားပါ

ကျွန်တော်တို့ လောကအသိုင်းအဝန်းတွေ ကရော ကျွန်တော့်ကို ချစ်တဲ့ ပရိတ်သတ်တွေ ကရောပေါ့ဗျာကျွန်တော် ပြောမယ့် တာဝန်ဆိုတာ

ယူချင်မှလည်း ရချင်မှ ရတာ ရချင်သော်လည်း ပေးချင်မှ ပေးတာ မျိုးလေဗျာ ဆိုတော့ ဘယ်လိုပဲ ပြောကြပါစေ ဗျာ

ကျွန်တော် ကျွမ်းတဲ့ အနုပညာ ကျွန်တော် ကျင်လည် နေတဲ့ လောကထဲမှာ ဆက်ရှိနေမယ် ဆိုတာ ကျွန်တော် ပြ ချင်တယ် ကျွန်တော်လည်းဗျာ

နိုင်ငံသား တစ်ယောက်ပဲ ဒါပေမဲ့ ကျွန်တော် မကျွမ်းကျင်တဲ့ နို င်ငံရေး လောကထဲ ဝင်ဖို့ဆိုတာ သိပ်ကို ခကခဲလွန်းပါတယ်

နိုင်ငံရေး သမားက နိုင်ငံရေး လောကထဲကို သူ ငယ်စဉ် က တည်းက အသက်မွေးဝမ်း ပြုခဲ့သလိုကျွန်တော်တို့ အနုပညာရှင် တွေကလည်း

ငယ်စဉ် ကတည်း က အနုပညာပိုးတွေ ပါလာလို့ အထိုက် အလျောက် အောင်မြင် နေကြတာပဲ လေဗျာ ဒါကြောင့် ကျွန်တော် အနုပညာ လုပ်ငန်းကို ဆက်လုပ်သွားမယ်

အနုပညာရှင် မျိုးဆက်သစ် လူငယ်တွေ မွေးထုတ်သွားမယ် CDM နဲ့ ပတ်သက်လို့ လုပ်တာနဲ့ မလုပ်တာ ဘာကွာသွားလဲ ဆိုတော့

အိပ်ရတာနဲ့ အိပ်ယာပုံစံ အိပ်ပျော်တာနဲ့ အိပ်မပျော်တာ ကွာသွားတာ ပေါ့ဗျာ တစ်ခု ရှိတယ်ဗျ အနုပညာရှင် သမားတွေရဲ့ အားနည်းချက် က

ငွေရမဲ့ လမ်းကြောင်းဆို အရမ်းလိုက်တယ် တစ်ရက် နှစ်ရက်လောက် လမ်းပေါ် ထွက် ဒါလေး လုပ်ပေးပါ လို့ ပြောလိုက်တာနဲ့

ကျွန်တော်တို့ ဇာတ်ကောင်ပေါင်း ဘယ်လောက်ရိုက်မှ ရ တယ် ဆိုတဲ့ ငွေအမောက် ကို သူတို့ ကောင်းကောင်း သိတလို့ အခြားတစ်ဘက်မှာ ရှိတဲ့

အနုပညာရှင် အချင်းချင်းလည်း သိတယ် ခု နိုင်ငံတော် လူကြီးတွေ ပိုသိမှာပေါ့ ဆိုပြီး အင်တာဗျူး တစ်ခုမှာ ပြောထားတာပဲ ဖြစ်ပါတယ်။

ကိုခန့်စည်သူရဲ့ Video မှတ်တမ်းလေး ဆင်ဆာ မပေးပါ သဖြင့် နားလည် ပေးစေချင်ပါတယ်

ပြောသွားတာလေး သဘောကျလို့ ကောက်နုတ် တင်ပြ လိုက်ခြင်းပဲ ဖြစ်ပါတယ် အခုလို ဝင်ရောက် ဖတ်ရှု့ ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီ တိုင်း

ကျန်းမာ ပျော်ရွှင်သော နေ့ရက်များ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit