Knowledge

လေလည်ပြပီး ဒေါ်လာ ၂ သောင်းခွဲလောက်ထိ ရထားတဲ့ အမျိုးသမီး

အမျိုးသမီး တစ်ယောက်က တစ်မူထူးခြား ဆန်းပြားတဲ့နည်းနဲ့

ဒေါ်လာ ထောင်ပေါင်းများစွာ ရှာနိုင်တဲ့ နည်းကို ဖော်ပြထားပါတယ်။

လူအများစုက လေလည်သံကို ဘာမှ အကျိုးမရှိဘူး အသုံးမဝင်ဘူးလို့ ထင်ကြပါလိမ့်မယ်

ဒါပေမယ့် လေလည်ခြင်း ကနေလည်း ငွေရှာလို့ ရနေပါပြီ Professional လေလည်သူ တစ်ယောက်ဖြစ်တဲ့

Lush Botanist ကို ချန်နယ်ဖော ဆိုတဲ့ ရုပ်သံလိုင်းက ကင်မရာ ရှေ့မှာ လေလည်ပြပေးဖို့

စာချုပ် ချုပ်ဆိုခဲ့ပါတယ် ဒါဆိုရင် သူမရဲ့ လေလည်သံက ဘာတွေများ ထူးခြားဆန်းပြား နေတာပါလိမ့်နော်

သူမရဲ့လေလည်တဲ့ ဗွီဒီယိုတွေကို တင်ပြီး ငွေရှာနိုင်တာ ၃ နှစ်ရှိပါပြီ

သူမကို လေလည်ပြဖို့ လူတွေကလည်း တောင်းဆိုတာကြောင့် ဖြစ်ပါတယ်။

မစ္စစ် Botanist က နို့ထွက် ပစ္စည်းတွေကို စားရင် အရမ်းကို လေလည်ပါတယ်

လေလည်သံ အကျယ်ကြီး ရဖို့အတွက် သူမက ချိစ်တွေကို အများကြီး စားတယ်လို့ ဆိုပါတယ်

Mozzarella ချိစ်ကို စားတဲ့ အခါမှာလည်း လေလည်သံက အကျယ်ကြီး ထွက်တယ်လို့ ဖော်ပြထားပါသေးတယ်

သူမက အင်တာနက်ပေါ်မှာ လေလည် ဘုရင်လို့ ကျော်ကြားပြီး

သူမလေတစ်ခါလည်ရင် ၁၇၅ ဒေါ်လာလောက် ရပါတယ် သူမတစ်ရက်တည်းနဲ့

အများဆုံး ရှာနိုင်ခဲ့တဲ့ ဝင်ငွေကတော့ ဒေါ်လာ ၄၀၀၀ ပါ သူမရဲ့ လေလည် video တွေကနေ

စုစုပေါင်းဝင်ငွေ ဒေါ်လာ ၂ သောင်းခွဲ လောက်အထိ ရှာဖွေ ထားနိုင်ပါပြီ

ဒါပေမယ့် တစ်ခု အံ့ဩစရာ ကောင်းတာကတော့ Lush က ဘူးတွေထဲမှာ လေလည်ထားပြီး

သူမရဲ့ ပရိသတ်တွေကို လေရေခဲချောင်း ဆိုပြီး ရောင်းတာပါ လေရေခဲချောင်း ဆိုတာက

ပရိသတ်အကြိုက် ရေခဲချောင်း တစ်ချောင်း ပေါ်ကို လေလည် ထားလိုက်ပြီး

အဲဒီ ရေခဲချောင်းကို ဝယ်တဲ့ သူက စားတာပါ ကျန်းမာရေးနဲ့ ညီညွတ်လား

မညီညွတ်လား ဆိုတာကတော့ မသေချာပေမယ့် တော်တော်တော့ ရွံစရာ ကောင်းပါတယ်

Lush က အင်စတာဂရမ် တွစ်တာ ရက်ဒစ် မှာ သူမရဲ့လေလည် ဗွီဒီယိုလေးတွေ တင်ပါတယ်။

ကြည့်ရှုသူတွေလည်း မနည်းပါဘူး သူမကို လာတောင်းဆိုတဲ့ အထဲမှာ အထူးခြားဆုံးကတော့

လူပုံစံ ရုပ်ထုငယ်လေး ပေါ်ကို လေလည်ခိုင်းတာပါ ဘယ်လိုပဲဖြစ်ဖြစ်

Lush ကတော့ ကြည့်ရှုသူတွေကို ပျော်ရွှင်မှုတွေ ပေးနိုင်လို့ ဝမ်းသာနေပါတယ်။

Credit