Local News

ဗဟိုဘဏ်က တတိယအကြိမ် ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချ‌ပြီးပြီးချင်း ရွှေစျေး ဒေါ်လာစျေးတွေ ပြန်တက်လာ

စက်တင် ဘာလ ၂၀ ရက်နေ့မှာ ရန်ကုန်က ‌ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ

ပြန်ပြီး တက်လာခဲ့တယ်လို့ ရန်ကုန် ဈေးကွက် အတွင်းက သိရပါတယ်။

ရန်ကုန် ‌ရွှေဈေးက အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၁၈ သိန်း ငါးသောင်းကျော်နဲ့

ဒီကနေ့ ဈေးပိတ်သွားခဲ့ပါတယ် ရန်ကုန်က ငွေလဲကောင်တာ အချို့မှာ

ဒီကနေ့ အမေရိကန် တစ်ဒေါ်လာကို သူတို့ဆီက ဝယ်ရင် ၂၀၁၀ ကျပ်ကျော်နဲ့ ဈေးပေါက်နေပြီးတော့

ကောင်တာတွေကို ပြန်ရောင်းရင်တော့ ၁၉၈၀ ကျပ်နဲ့ ဝယ်တာ တွေ့ရပါတယ်။

ဗဟိုဘဏ် ကတော့ အမေရိကန် ဒေါ်လာ ၁၅ သန်း ဒီနေ့ ဈေးပြိုင် လေလံနဲ့ ရောင်းချပေးခဲ့ပြီး

လေလံဈေးက အမေရိကန် တစ်ဒေါ်လာကို ၁၇၅၀ ကျပ်ဖြစ်တယ်လို့ ဗဟိုဘဏ် ထုတ်ပြန်ချက်အ ရ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဗဟိုဘဏ်က အမေရိကန်‌ ဒေါ်လာ ၂၃ သန်းကို

ဈေးကွက်အတွင်း တစ်ဒေါ်လာ ၁၇၅၀ ကျပ်နူန်းနဲ့ ဝင်ရောင်း ပေးခဲ့တာ ရှိပြီး

အဲ့ဒီနောက်မှာ အမေရိကန် ဒေါ်လာ ဈေးတွေ တစ်ဒေါ်လာကို ကျပ် ၂၀၀၀ အောက် ပြန်ကျလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ကုန်က စစ်ကောင်စီ အစည်းအဝေးမှာ ကောင်စီဝင် တချို့က

ဒေါ်လာဈေးနဲ့ ရွှေဈေး ကစားနေသူတွေကို ဖော်ထုတ်အရေးယူဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီက ဒေါ်လာ ဈေးကွက်နဲ့ ရွှေဈေးကွက်ထဲ ဝင်ရောက် ထိန်းကျောင်းဖို့

ကြိုးစားလာပါတယ် ပြီးခဲ့တဲ့ စက်တင် ဘာလ ၁၀ ရက်နေ့ကစပြီး အမေရိကန် ဒေါ်လာနဲ့

မြန်မာ‌ငွေတို့ ဝယ်ရောင်း လုပ်ရာမှာ အများဆုံး ထားရမဲ့ ကွာဟချက်ကို

ဗဟိုဘဏ်က ပယ်ဖျက်လိုက်ပြီး နူန်းရှင် ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင် ဘာလ ၁၁ ရက်နေ့က ‌ဒေါ်လာဈေးတွေ တစ်ဒေါ်လာကို ၂၀၀၀ ကျပ် အထက်

ဈေးပေါက်ခဲ့ပြီး နောက်ပိုင်း ဗဟိုဘဏ်က‌ ဒေါ်လာတွေဈေးပြိုင် ဝင်ရောင်းလို့ ပြန်ကျလာခဲ့ပါတယ်

ဒါပေမဲ့ ဒီနေ့ စက်တင် ဘာလ ၂၀ ရက်နေ့ ဈေးကွက်အတွင်း အမေရိကန် ဒေါ် လာ ဈေးတွေ

တစ်ဒေါ်လာကို ကျပ် ၂၀၀၀ ‌အောက်ကန တဖြည်းဖြည်း ပြန်တက်လာပြီး

ဒီကနေ့ နေ့လယ်ပိုင်းမှာ ၂၀၀၀ အထက်ကို ပြန်ရောက်လာခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မှာ အမေရိကန် တစ်ဒေါ်လာကို လုပ်ငန်း‌ ငွေပေးချေမှု တွေမှာ

၁၉၄၀ ကျပ်နဲ့ တွက်ချက်ပြီး ပေးချေခဲ့ရကြောင်းနဲ့ ညနေပိုင်းမှာ ငွေလဲနူန်း တွေ

အခုလို ပြောင်းလာတာ ဖြစ်တယ်လို့လည်း ရန်ကုန်က လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

စက်တင် ဘာလ ၁၀ ရက်နေ့က ၂၀ ရက်နေ့ အထိ ဗဟိုဘဏ်က ဈေးကွက်ထဲကို

ဒေါ်လာ ထုတ်ရောင်းတာ ၃၈ သန်းရှိလာပြီ ဖြစ်ပါတယ်

အလားတူ ဒီက‌နေ့ ရန်ကုန်က ရွှေဈေးတွေလည်း

အကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သား ၁၈ သိန်းကျော်လာတယ်လို့

ရန်ကုန် ရွေလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ် ရွှေအရောင်းအဝယ် တွေကို

ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ကြဖို့ အသင်းရုံးခန်း ဖွင့်ချိန်ပိတ်ချိန် ပြောင်းလဲသတ်မှတ်တဲ့

အလုပ် အမှုဆောင် အစည်းအဝေး တစ်ရပ်ကို စက်တင် ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် အသင်း အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပြီးတော့

ရောင်းတာ ဝယ်တာတွေကို ၁၀ ကျပ်သားစီပဲ လုပ်ကြဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အသင်းက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရွှေနဲ့ ကျပ်ငွေ သယ်ယူခွင့် ထောက်ခံချက် လက်မှတ်တွေကို

အသင်းဝင်တွေကို ထုတ်ပေးဖို့ ရှိတယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ် ဒီကနေ့ စက်တင်ဘာ ၂၀ ရက်မှာတော့

ရွှေဈေးနှုန်း ကျပ် ၁၈သိန်း ငါးသောင်းအထိ ဈေးပြန်တက်လာတာ ဖြစ်ပါတယ်။

အရင် တနင်္လာက ၁၈သိန်း ၁သောင်း အထိ ကျတယ် အခုတော့ ၁၈သိန်း ၅သောင်းအထိ

နည်းနည်း ပြန်တက်လာတယ် ဈေးကတော့ ၁၈ သိန်းနဲ့ ၁၉သိန်း ကြားမှာရှိနေတာပဲ

လို့ ရွှေဆိုင်ပိုင်ရှင် ဖြစ်တဲ့ ကိုဇော်အောင်က ပြောပါတယ်
စစ်ကောင်စီ တာဝန် ရှိသူတွေ ဘက်ကတော့

အခုလို ရွှေဈေး တက်တာဟာ ဈေးကွက် ကစားတာကြောင့်လို့ ဆိုကာ

ရွှေဈေး ကစားသူ တချို့ကို ခေါ်ယူ သတိပေးတာတွေ လုပ်တယ်လို့

ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းကနေ သိရပါတယ် ဒီလိုအခေါက်ရွှေ တစ်ကျပ်သားကို

၁၈ သိန်း ကျော်လာတာဟာ မြန်မာ့ရွှေဈေး သမိုင်းမှာအမြင့်ဆုံး မှတ်တမ်းဝင်တဲ့ ဈေးလည်းဖြစ်သလို

အမေရိကန် ဒေါ်လာနဲ့ မြန်မာ‌ငွေလဲနူန်း တစ်ဒေါ်လာကို ၂၀၀၀ ကျော်လာတာဟာ စံချိန်တင်တဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။

Credit