Local News

မိုးရွာကြီးထဲမှာ ဖြစ်သလို ထမင်းစားနေကြပြီး ဆင်းရဲပင်ပန်းမှုဒဏ်ကို အကောင်းဆုံး ကျော်ဖြတ်နေကြတဲ့ KPDFတပ်ဖွဲ့ဝင်တွေ

မြန်မာလူငယ်လေးတွေကတော့ ရန်သူကို အမြစ်ပြတ်တိုက်ထုတ်ဖို့အတွက်လွတ်မြောက်နယ်မြေတစ်နေရာမှာ စစ်ရေးအပြင်းအထန်လေ့ကျင့်နေကြပါတယ်။

လက်နက်ပစ္စည်းမပြည့်စုံသေးတာကြောင့် တိုက်ပွဲမဝင်ဘဲ စစ်ရေးသာ လေ့ကျင့်နေရတဲ့ PDFလူငယ်တွေလည်းရှိသလို တိုက်ပွဲဆင်နွှဲနေတဲ့ PDFတပ်ဖွဲ့တွေလည်း ရှိကြပါတယ်။

အသက်ကိုတောင် စွန့်ပြီး တိုက်ပွဲဝင်နေကြတဲ့ PDFလူငယ်လေးတွေမှာလည်း စားဝတ်နေရေးကအစ အခက်အခဲတွေ များစွာရှိနေခဲ့ပါတယ်။

ယခုမှာတော့ KPDFတပ်ဖွဲ့ဝင်တစ်ဦးဟာ တောတောင်ထဲမှာ နေထိုင်စားသောက်နေရတဲ့ သူတို့ရဲ့အခြေအနေကို ပြည်သူတွေသိရှိအောင် ဗီဒီယိုဖိုင်လေးတစ်ခု ချပြလာခဲ့ပါတယ်။

ဖြစ်သလိုစားသောက်နေရတဲ့ သူတို့ရဲ့လက်ရှိအခြေအနေကို ဗီဒီယိုရိုက်ကူးပြီး ပြသလာခဲ့ကာKPDFတပ်ဖွဲ့ဝင်တွေဟာ မိုးရွာကြီးထဲမှာ မတ်တပ်ရပ်ပြီး ထမင်းတွေကို အမြန်စားနေကြတာပဲ ဖြစ်ပါတယ်။

အချို့ PDFတပ်ဖွဲ့ဝင်တွေ ဆိုရင်လည်း မိုးရေတွေ ထမင်းပန်းကန်ထဲကျမှာစိုးတာကြောင့်မိုးကာတွေအုပ်ပြီး ထမင်းစားနေကြတာကို မြင်တွေ့ရပါတယ်။

အဆိုပါKPDFတပ်ဖွဲ့ဝင်တစ်ဦးကတော့ ” ဆင်းရဲမယ်။ ပင်ပန်းမယ်။ ငတ်မယ်။ ပြတ်မယ်။ အဲဒဏ်တွေမခံနိုင်ရင် အစကတည်းက ဘာတစ်ခုမှ မလုပ်နဲ့ ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။

အဆိုပါKPDFတပ်ဖွဲ့ဝင်တွေအနေနဲ့ အားတင်းထားကြဖို့၊ အစစအရာရာဘေးကင်းကြစေဖို့ ပြည်သူတွေကဆုတောင်းပေးနေကြပါတယ်။ တောထဲတစ်နေရာမှာ ဖြစ်သလို စားသောက်နေကြတဲ့

KPDFတပ်ဖွဲ့ဝင်တွေရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

ယူနီကုတ်ဖတ်ရန်

မြန်မာလူငယ်လေးတွေကတော့ ရန်သူကို အမြစ်ပြတ်တိုက်ထုတ်ဖို့အတွက်

လွတ်မြောက်နယ်မြေတစ်နေရာမှာ စစ်ရေးအပြင်းအထန်လေ့ကျင့်နေကြပါတယ်။

လက်နက်ပစ္စည်းမပြည့်စုံသေးတာကြောင့် တိုက်ပွဲမဝင်ဘဲ စစ်ရေးသာ လေ့ကျင့်နေရတဲ့

PDFလူငယ်တွေလည်းရှိသလို တိုက်ပွဲဆင်နွှဲနေတဲ့ PDFတပ်ဖွဲ့တွေလည်း ရှိကြပါတယ်။

အသက်ကိုတောင် စွန့်ပြီး တိုက်ပွဲဝင်နေကြတဲ့ PDFလူငယ်လေးတွေမှာလည်း

စားဝတ်နေရေးကအစ အခက်အခဲတွေ များစွာရှိနေခဲ့ပါတယ်။

ယခုမှာတော့ KPDFတပ်ဖွဲ့ဝင်တစ်ဦးဟာ တောတောင်ထဲမှာ နေထိုင်စားသောက်နေရတဲ့ သူတို့ရဲ့

အခြေအနေကို ပြည်သူတွေသိရှိအောင် ဗီဒီယိုဖိုင်လေးတစ်ခု ချပြလာခဲ့ပါတယ်။

ဖြစ်သလိုစားသောက်နေရတဲ့ သူတို့ရဲ့လက်ရှိအခြေအနေကို ဗီဒီယိုရိုက်ကူးပြီး ပြသလာခဲ့ကာ

KPDFတပ်ဖွဲ့ဝင်တွေဟာ မိုးရွာကြီးထဲမှာ မတ်တပ်ရပ်ပြီး ထမင်းတွေကို အမြန်စားနေကြတာပဲ ဖြစ်ပါတယ်။

အချို့ PDFတပ်ဖွဲ့ဝင်တွေ ဆိုရင်လည်း မိုးရေတွေ ထမင်းပန်းကန်ထဲကျမှာစိုးတာကြောင့်

မိုးကာတွေအုပ်ပြီး ထမင်းစားနေကြတာကို မြင်တွေ့ရပါတယ်။

အဆိုပါKPDFတပ်ဖွဲ့ဝင်တစ်ဦးကတော့ ” ဆင်းရဲမယ်။ ပင်ပန်းမယ်။ ငတ်မယ်။ ပြတ်မယ်။ အဲဒဏ်တွေ

မခံနိုင်ရင် အစကတည်းက ဘာတစ်ခုမှ မလုပ်နဲ့ ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။

အဆိုပါKPDFတပ်ဖွဲ့ဝင်တွေအနေနဲ့ အားတင်းထားကြဖို့၊ အစစအရာရာဘေးကင်းကြစေဖို့ ပြည်သူတွေက

ဆုတောင်းပေးနေကြပါတယ်။ တောထဲတစ်နေရာမှာ ဖြစ်သလို စားသောက်နေကြတဲ့

KPDFတပ်ဖွဲ့ဝင်တွေရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

credit