Knowledge

လူတစ်ယောက်ကို စောင့်ရလို့ ခံစားရတဲ့အခါ ဒီအမျိုးသားကြီးကို စာနာကြည့်ပါ

စု ဆိုတဲ့ အမျိုးသမီးကို စပြီးချစ်မိထဲက သူ့ဆီက အဖြေရဖို့အတွက် သုံးနှစ်ကျော်လောက် သူပထမဆုံး စောင့်ခဲ့ရတယ်။

လွယ်လွယ်ကူကူ ပိုင်ဆိုင်ခွင့်ရခဲ့တာမျိုး မဟုတ်ခဲ့ပါဘူး သူ့အရင် မြန်မာပြည်က ကျောင်းလာတက်တဲ့ မြန်မာအမျိုးသား တစ်ယောက်နဲ့ စု အရင်ဆုံခဲ့ရပါတယ်။

ဒါပေမယ့် အကြောင်းအရာ ခံယူချက်ချင်း မတိုက်ဆိုင်တဲ့ အတွက် ဘာမှ မဖြစ်ခဲ့ပါဘူး။

အမေစု ဖြစ်လာမယ့် စုဆိုတဲ့အမျိုးသမီးလေးက သူ့ရိုးရာယဉ်ကျေးမှုကို သိပ်တန်ဖိုးထား

တတ်တဲ့သူ ဘိလပ်မှာ နေတာတောင် သူ့ကိုလာကပ်တဲ့သူကို အရင်ဆုံးလေ့လာပါတယ်။

သုံးနှစ်သုံးမိုး အရင်အကဲခတ်ပြီးမှသာ သူလက်ခံခဲ့ပါတယ် မင်္ဂလာဆောင်တာတောင်

မြန်မာလိုပဲ သူဆောင်ခဲ့တယ် စုဆန္ဒအတိုင်းပဲ မိုက်ကယ်ကလည်း အားလုံးလိုက်လျောခဲ့ပါတယ်။

နောက်တော့ အမေဖြစ်သူ နေမကောင်းလို့ ပြန်ဖို့လုပ်တော့လဲ ကြည်ကြည်ဖြူဖြူနဲ့ပဲ လိုက်ပို့ပေးပါတယ်။

စုက ကိစ္စတွေအားလုံးပြီးရင် သူပြန်လာခဲ့မယ်လို့တော့ သူ့ကိုပြောခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် သူ့ဆီပြန်မလာတော့မှာ သိခဲ့ရင်ကော သူခွင့်ပြုမှာလားဆိုရင် ခွင့်ပြုအုန်းမှာပါ။

ဘာကြောင့်ဆိုရင် စုကို သူသိပ်ချစ်တာကို သူချစ်တဲ့စုသာ ဆန္ဒရှိရင် သူဖြည့်ဆည်းပေးမှာပါ

၈၈ ကစပြီး ပြန်မလာတော့မယ့် အရိပ်အယောင်တွေမြင်လာတာတောင် သူ မကန့်ကွက်ခဲ့ပါဘူး။

သူ့ဆီမလာနိုင်ရင် သူချစ်တဲ့စုဆီ သူရောက်အောင်ကြိုး စားပြီး သွားမယ်ဆိုတဲ့စိတ်ပဲရှိခဲ့တယ်။

သူ့စိတ်ထဲကနေကော အပြင်မှာပါ တစ်ခါမှ အပြစ်တင်တာ ကန့်ကွတ်တာမျိုး မလုပ်ခဲ့ဘူး။

စစ်တပ်က မိသားစုနဲ့ မျှားပြီး ဒုက္ခပေးချင်တော့ ပြည်ဝင်ခွင့်ပေးခဲ့တယ် သားတွေကလဲ အမေစုကိုမရရအောင် ပြန်ချွဲပြီး ခေါ်ခဲ့တယ်။

ဒါပေမဲ့ စိတ်မာတဲ့ အမေစုက ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုရွေးတာမို့ သူ့မိသားစုကိုစွန့်လွှတ်ခဲ့ပါတယ်။

အဲ့အခါလဲ အပြစ်မမြင် အပြစ်မဆိုပဲ ကလေးနှစ်ယောက်ကိုသာပြန်ပြီး ခေါ်သွားပေးခဲ့တယ်။

သူ့အမျိုးသမီးရဲ့ဆုံး ဖြတ်ချက်ကို သူဘယ်လောက် အသိအမှတ်ပြု အလေးထားလဲဆိုတာကို သိနိုင်ပါတယ်။

အရွယ်ရောက်လာတဲ့ လူငယ်သားနှစ်ယောက်နဲ့ သူတစ်ယောက်ထဲ ရုန်းကန်ရင်းနဲ့ ချူချာလာခဲ့ပါတယ်။

ဒါပေမဲ့ သူ့ကိုယ်သူထက် စုအဆင်မပြေမှာကိုပဲ သူစိတ်ပူနေခဲ့ပါတယ် ထိုအချိန်က စုကလဲ နေအိမ်အကျယ်ချုပ် တလှည့်

အင်းစိန်တလှည့် ဖြစ်နေတဲ့အခါ နှစ်ယောက်သား ဖုန်းတောင် နှပ်မမှန်တော့ဘူး။

သံရုံးမှ တဆင့်စာရယ် ဖုန်းရယ်နဲ့ပဲ စိတ်ပူခွင့် ရှိပါတော့တယ် နောက်ပိုင်းစစ်တပ်က ပိုတင်းကြပ်လိုက်တဲ့အခါ ဖုန်းလိုင်းတွေကိုပါ

ဖြတ်တောက်လိုက်ပြီး လုံးဝအဆက် ပြတ်သွားတော့တယ် စုဘာဖြစ်နေလဲ သူမသိခဲ့ရတော့ဘူး။ သူဘာဖြစ်နေလဲ စုမသိခဲ့ရတော့ဘူး။

စစ်တပ်က နောက်တစ်မျိုးထပ်ပြီး နှိပ်စက်ပြန်ပါတယ် သားနှစ်ယောက်ကိုပဲ ပြည်ဝင်ခွင့်

ပေးခဲ့တယ် သားတွေကလည်း အမေ့ကိုပြန်တွေ့ရတော့ ငိုကြ ပြန်လိုက်ခဲ့ဖို့ တောင်းဆိုပါတယ်။

သားကြီးလုပ်တဲ့သူက အမေ့ကိုနောက်ဆုံး စကားမေးပါတယ် သူနဲ့ပြန်လိုက်မလား

သူ့ကိုစွန့်လွှတ်မလားအထိ မေးခဲ့ပေမယ့် အမေစုကအဖြေ ပြန်မပေးခဲ့ပါဘူး။

ပြန်လဲမလိုက်သွားပါဘူး ထိုအချိန်မှစပြီး သားအကြီးက အမေစုကို အရမ်းနာကျည်းသွားပြီး လုံးဝ အဆက်ဖြတ်လိုက်ပါတယ်။

အဖေဖြစ်သူက အမေ့ကိုနားလည်ပေးဖို့ နားချပေမယ့် သူအရမ်းစိတ်နာသွားတာမို့ အိမ်ကပါ ထွက်သွားပါတယ်။

ဒီလိုနဲ့ မိုက်ကယ်တစ်ယောက်ထဲ ရုန်းကန်ရင်းနဲ့ ချူချာလာတာနေ အိပ်ယာထဲ လဲသွားတဲ့အခါ

သူမျှော်နေခဲ့တာ စုလို့သူခေါ်တဲ့ သူသိပ်ချစ်တဲ့သူမကို သူနေ့တိုင်း မျှော်နေခဲ့တယ်။

သူမျက်လုံးတွေ မှိတ်သွားတဲ့အထိ သူ့ဆီပြန်လာခဲ့မယ်ဆိုတဲ့ စု စကားကို ယုံကြည်ရင်းနဲ့

သူမျှော်လင့် သွားခဲ့တာပဲ စု ကိုချစ်မိထဲက စုသဘော စုဆန္ဒအတိုင်း ဖြည့်ဆည်းပေးခဲ့တာ

သူ လွယ်လွယ်ရခဲ့တဲ့ အရာမဟုတ်တဲ့ သူမရဲ့ မေတ္တာတွေကို သူတန်ဖိုးထားခဲ့တာကိုး

ဒါပေမယ့် စု ဆိုတဲ့ အမျိုးသမီးလေးကတော့ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် လမ်းပြ

ဦးဆောင်ဖို့ ရွေးချယ်ခဲ့ပြီးတဲ့ နောက်မှာ သူ့ရဲ့ နောက်ဆုံးထွက်သက်အထိ သူ မ ရောက်မလာနိုင်ခဲ့တော့တာပါပဲ။

Credit