Cele News

စကစရဲ့ ထောင်သွင်း အကျဉ်းချ ခံထားရတဲ့ ဆရာအစ္ကို ဇာဂနာကို လွမ်းဆွတ် သတိရနေကြောင်း ပြောလာတဲ့ ငှက်ပျောကြော်

ပြည်သူတွေနဲ့ အတူ ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေ ထဲမှာ တချို့လည်း ဖမ်းဆီးခံထားရဆဲ ဖြစ်သလို

တချို့တွေလည်း အဝေး တစ်နေရာမှာ နေထိုင် နေရတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် လူရွှင်တော် တစ်ယောက် ဖြစ်တဲ့ ဦးဇာဂနာ ကလည်း ဧပြီလ၆ရက်နေ့ ကတည်း က

ဖမ်းဆီးခံခဲ့ရတာ ဒီနေ့အထိ ဆိုရင် ၅ လောက် ကြာသွားပြီဖြစ်ပါတယ်

သရုပ်ဆောင် ငှက်ပျောကြော် ကတော့ စီနီယာ ဆရာ တပည့် ဆိုတာ မျိုးထက်

ညီအကို တွေလိုမျိုး ခင်မင်ရင်းနှီးရတဲ့ ဦးဇာဂနာကို သတိရေနတာပဲ ဖြစ်ပါတယ်။

ငှက်ပျောကြော်နဲ့ ဇာဂနာတို့ နှစ်ယောက်က ဟိုးအရင်ကတည်း က

အငြိမ့်တွေလည်း အတူတူ က ပြ ဖျော်ဖြေကြပြီး ဇာတ်ကား တွေမှာလည်း

အတူတူ ပါဝင် သရုပ်ဆောင်ကြတာ ဖြစ်ပါတယ် နှစ်ယောက်လုံးက

ဟာသဉာဏ် ရွှင်ပြီး ပျော်ပျော်နေတတ်တဲ့ သူ​တွေ ဖစ်ပါတယ် ပရိသတ်တွေ ကတော့

ဦးငှက်နဲ့ ဦးဇာဂနာ တို့ကို ယနေ့ အချိန်ထိတိုင် အားပေးချစ်ခင်ကြပြီး

သူတို့ရဲ့လှုပ်ရှားမှု တွေကိုလည်း စောင့်ကြည့်နေ ကြတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ငှက်ပျောကြော်က ဇာဂနာရဲ့အရင်တုန်းက ပုံရိပ်တွေကို ပြန်ကြည့်ပြီး

သူဘယ်မှာလည်း သတိရနေတယ် တစ်ခါတစ်လေတော့လည်း လွမ်းမိပါတယ် ဆိုပြီး

ရေးသားထားတာ ဖြစ်ပါတယ် ဦးဇာဂနာလည်း ထောင်ထဲမှာ ဒုက္ခမျိုးစုံကို

ရင်ဆိုင်နေရမှာပဲ ဖြစ်လို့ ပြည်သူတွေ ကလည်း ကိုယ်ချင်းစာ နေကြတာပဲ ဖြစ်ပါတယ်

ဒါ့ကြောင့် ဦးဇာဂနာလည်း အမြန်ဆုံး လွတ်မြောက်ပြီး ရင်းနှီးရတဲ့ မိတ်ဆွေ

မိသားစုတွေနဲ့ ပြန်တွေ့နိုင်ပါစေလို့ ဆုတောင်းရင်း ပြန်လည် မျှဝေပေး လိုက်ပါတယ်။

မြန်မာပြည်ကြီးလည်း အမြန်ဆုံး ငြိမ်းချမ်းပြီး ဖတ်ရှု့ပေးကြတဲ့ မြန်မာပြည်သူ ပြည်သားများ အားလုံး

အာဏာရှင် လက်အောက်ကနေ အမြန်ဆုံး လွတ်မြောက်ကြပါစေလို့ ဆုတောင်း ပေးလိုက် ရပါတယ်