Local News

CDM ပြုလုပ်နေတဲ့ စက်ခေါင်းမှုး မနေ့က ရက်စက်စွာ ရိုက်နှက်ခံရပြီး သေဆုံး

CDM ပြုလုပ်နေသည့် စက်ခေါင်းမှူး ဆိုင်ကယ်ရိုက်အလုခံရရာမှ ကွယ်လွန်

လွန်ခဲ့သည့် ၉ရက်က မန္တလေးမြို့၊ ၆၂လမ်းနှင့် ၁၂၈လမ်းတွင် ဆိုင်ကယ်ရိုက် အလုခံရသူသည်

ဦးခေါင်းအတွင်း ‌သွေးခဲကာ ယနေ့ သေဆုံးမှုဖြစ်စဉ် ဖြစ်ပွားသွားသည်။

သေဆုံးသွားသူမှာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း မီးရထားစက်ခေါင်းမှူးအဖြစ်မှ CDM ပြုလုပ်ကာ

မန္တလေးမြို့တွင်းရှိ ဈေးတဈေး၌ မုန့်တီမုန့်ဖတ်ရောင်းချသူအဖြစ် ပြောင်းလဲလုပ်ကိုင်နေသူဖြစ်ကြောင်း

၎င်းနှင့်နီးစပ်ရာ အသိုင်းအဝိုင်းက လူမှုကွန်ရက်ပေါ်သို့ ရေးတင်ထားကြသည်။

လုယက်သူများက ဆိုင်ကယ်ကိုယူဆောင်သွားသည့်အပြင် ခန္ဓာကိုယ်နှင့် ဦးခေါင်းကို

ရိုက်နှက်ကာ ထားပစ်ခဲ့ကြပြီး ဦးဏှောက်သွေးခဲမှုကြောင့် ICU တွင် သတိမေ့မြောနေရာမှ

စက်တင်ဘာ၁၉ရက် ညပိုင်းတွင် အသက်ဆုံးပါးခဲ့ရသည်ဟု သိရသည်။

Credit