Knowledge

မျက်ရည်ကျလောက်ဖွယ်ကောင်းတဲ့ အမေစုရဲ့ သေတမ်းစာ

ဘဝဟူသည် တိုတောင်း လှပေစွ ကန်ရေပြင်၌ တက်သော ရေပွက်မျှသာ ဖြစ်တယ် ကွေးသောလက်များ ဆန့်မသွားမီ

မတည် သော အသက်ခန္ဓာ ဟူသည် ဇာတိ ဇရာ မရဏသောကပရိ ဒေ ၀ အနိစ္စအမြဲမှန်ကန်သော အရာမမြဲခြင်းသာ ဖြစ်တယ်။

ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား အနိ စ္စ သေဆုံးခြင်း၏

တရား တနေ့တချိန် လေမှာလွင့်သော ပွင့်ချပ်ငယ်နှယ် ကျွန် မ သေဆုံးပါလိမ့်မယ်

ကျွန် မ အသက် လူကြီး အရွယ်သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်ကျွန် မကိုယ် ကျွန် မ ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး

အမှန်တရားနဲ့ တရားဥပဒေသာ မြတ်နိူးပါတဲ့ သာမန်လူ မြန်မာ အမျိုး ကောင်းစားရေးကိုရှေးရှူသူသာ ဖြစ်တယ်။

အကယ်၍ ကျွန်မသေလွန်တဲ့အခါ မငိုပါနဲ့ မပူဆွေးကြပါနဲ့ ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ့

ကျွန်မကို ချစ်သူ မချစ်သူ မည်သူမဆို လာရှူနိုင်တယ်ပုပ်ပွ ဖူးယောင် လူသေကောင်၏ မျက်မြင်မုချ အသု ဘ ကမ္မဌာန်း

အိုနာ သေခြင်း၏ မမြဲသောလမ်း ကျွန် မ သေဆုံးပြီးနောက် ချန်ထားခဲ့ပါရစေ

ကျွန် မ၏ အထွဋ္ဋ်မြတ်သော ဆံပင် ရွှေတိဂုံ ဆံတော်ရှင်သို့ လှူဒါန်းပါ

ကျွန် မ၏ မျက်ကြည်လွှာ အလင်းမရသူကို လှူဒါန်းပေးပါ ကျွန် မ၏ နှလုံးသား ကျောက်ကပ်အသည်း

က လီဇာများ ကောင်းသေးပါက လိုအပ်သူများအား လှုဒါန်းပေးပါ

မသာတစ်ခေါက် ကျောင်းဆယ်ခေါက် နာရေးကူညီသော စေတနာရှင် စင်ကြယ်သော ကုသိုလ်နဲ့ ကိုကျော်

သူ ကျွန် မ အသက်မဲ့ ခန္ဓာ ကို လှူပါတယ် ဖုတ်ကျည်း သြင်္ဂိုလ်ပေးပါ

ပုပ်ပွလာမဲ့ ခန္ဓာအား မီးသြင်္ဂိုလ်ပြီး ရလာသောခန္ဓာ၏ ပြာမြေဇာ အပင်တို့အတွက် မြေသြဇာကြွေးပေးပါ

နောင်လာ နောက်သားများအတွက် ကျွန် မ၏ နေအိမ် သို့ ကျမ၏အကျဉ်းထောင် အင်းစိန် ထောင်ခွဲ အမှတ် ၅၄

တက္ကသိုလ်ရိပ်သာလမ်း အောင်ဆန်းစုကြည်၏ပြတိုက်အဖြစ် ကျွန် မ၏ အသုံးအဆောင်စာအုပ် တီးသူမဲ့သော စန္ဒယား

ကျွန် မ၏မြန်မာ အဝတ်အစားရိုးသားသော မြန်မာအမျိုးသမီး၏ တန်ဖိုးများ နောင်လာနောက်သားများ ရှူမြင်စေ

ကျွန် မ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ် ကျွန် မ၏ ဈာ ပန စရိတ် နှင့် ဆင်းရဲသော သံဃာအိုများ အတွက်

ကျန်းမာရေး ဇီဝိတ ဒါ န ဆေး အလှုကွယ်လွန်သူ မိဘများ

အမှုထား၍ ကျွန်မနှင့် ကွယ်လွန်သော ခင်ပွန်းအတွက် သားများမှ ရေစက်ချ အမျှဝေစေချင်ပါတယ်။

ကျွန် မ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား 1.3 million အား ကိုယ်ကျိူး အတွက် မသုံးစွဲ တပြားမချန်

မြန်မာပြည်သူများ အတွက်ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ လှုဒါန်းခဲ့ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူအမျိုးအတွက် ထားတဲ့ အမေ့ရဲ စေတနာကို

နားလည် ပါရမီဖြည့်ပေးသူ သားများ အမေဘဝမှာ မွေးရကျိူးနပ်ပါတယ် အမေ့ဘဝအတွက်

အကောင်းဆုံး ဘုရားပေးသော ဆုလာဒ် ဒီသားများသာ ဖြစ်ပါတယ်။

ဒီ သားများ အတွက် အမေ မွေးခဲ့သော ဇီဝိတအသက် အဖေပေးခဲ့သော ပညာ မှတပါး အခြားပေးရန်

စည်းစိမ် အမွေ မရှိ စိတ်ဓါတ်နှင့် ကြံ့ခိုင်သော မျိုးရိုး၏ အမွေ

အောင်ဆန်းမျိုးရိုး ဆက်ကျန်နေပါစေအတူနေ မမဒေါ်ခင်ဝင်းနှင့်

သမီးများ ကျွန်မအား စောင့်ရှောက်သော ကျေးဇူးအထူး မမေ့ပါကျေးဇူးတင်ပါတယ်။

ဆေးဝါး ကုသပေးသောမောင်ငယ် ဒေါက်တာတင်မျိူးဝင်းသမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည် ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမဦးချပြီး ဆပ်ပါရစေ

ပြည်တွင်း ပြည် ပ ကျွန်မကို ချစ်ခင်ကြသောကျွန်မကို အားပေးကြသော မိတ်ဆွေ

သင်္ဂဟသိသူ မသိသူ မှန်သမျှ ကျွန်မပြုသော ကုသိုလ် အဖို့ ဘာဂ ဝေမျှပါတယ်

ရွှင်လမ်းကြစေ ကျွန် မ၏ တဦးတည်းသော ချစ်ရသော အကိုကြီး သွေးသားစပ်သူ ဦးအောင်ဆန်းဦး

အတွက် ကျွန် မ အဖေ၏ ပန်းချီတချပ် သူမသေခင် ခေါင်းရင်းမှာ ချိပ်ဖို့ ပေးအပ်ခဲ့တယ်

အနှစ် ၂၀ သက်တမ်းရ သက်တော်ရှည် အဝေးရောက် ကျွန် မ၏ တဝမ်းကွဲမောင် ဒေါက်တာစိန်ဝင်း ကျွန်မရဲ့ အနှစ် ၂၀ အချုပ်ကာလအတွင်း

ကျွန် မ ရတဲ့ ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်မျက်နှာပြ ဖော်ရပေးတာ အထူးကျေးဇူး တင်ပါတယ်

ဖေဖေ့မျက်နှာနဲ့ ကျွန်မအပေါ် မရှိတဲ့ အပြစ်ကိုတင် အကွက်ဆင် အတင်းထောင်ချ သပ်သျှို ပြန်ကယ်ပြတဲ့

အတုယူ ချီးမွမ်းထိုက်ပါသော ဗိုလ်မှုးကြီး သန်းရွှေရဲ့ မေတ္တာ စေတနာမှတ်ကျောက် စာထိုးခဲ့ပါတယ်

ကလိမ်ခြုံ နအ ဖ၏ ဂန္ဓဝင်မိချောင်း မျက်ရည် ကျွန် မ မခေါ်ဘဲ အလည်တဲ့ ဧည့်သည် ကျွန် မ အသက်ဘေးအတွက် သူ စိုးရိမ်တယ်

မောပမ်း မေ့လဲနေသော ဆီးချိူ လူနာသည် သူပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ တကယ်မှန် မှန် မမှန် မှန် ဟုတ်သော်ရှိ မဟုတ်သော်ရှိ

ခမြာ စေတနာနဲ့ သတိပေးရန်ကြံတဲ့ အတွက်သူ၏ ထားရှိသော ဂရုဏာ စေတနာ ကျေးဇူးတင် ထိုက်ပါတယ်

ကျွန်မသွားတဲ့အခါ တရား သံဝဂရေ မျက်ရည် မကျကြပါနဲ မပြီးဆုံးသေးတဲ့ ကျွန်မရဲ့ဝတ္တရားကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ

ကျွန်မအတွက် ထားတဲ့ ချစ်မေတ္တာတိုင်းပြည်အမျိုးအတွက် လက်ဆင့်ကမ်း ကြိုးစားပေးပါအဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး

ကျွန်မလက်ထက်မှာ မရသေးခင် ကျွန် မ သေလွန်ခဲ့ပါလျှင် ကျွန်မကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ

တနေ့မှာဒေါင်းမျိူးနွယ် ဆက်ပြန် ခေါင်းထောင်ထကြပါစေ ဒို့ မြန်မာအမျိုး သိက္ခာ မျိုးနွယ်ဆွေ

Credit