Cele News

သိန်းပေါင်း ၇၀၀ကျော် ခိုးယူတာ ခံခဲ့ရကြောင်း သက်သေ အထောက်ထား အပြည့်စုံဖြင့် ပြောပြခဲ့တဲ့ စွမ်းဇာနည်

မင်သားချောလေး စွမ်းဇာနည်ကတော့ ပျိုပျိုမေလေးတွေရဲ့ ချစ်ခင်ခြင်းကို ခံထား ရသူပဲ ဖြစ်ပါတယ်

ဇာတ်ပွဲပေါင်းများစွာ ကို ကပြဖျော်ဖြေခဲ့တဲ့ မင်းသားလေး စွမ်းဇာနည်ဟာ အကပညာတွင်သာမ က အဆိုပညာမှာလည်း

အသံကောင်းသူလို့ လူသိများတာကြောင့် သူ့ရဲ့ပွဲတိုင်းဟာ အားပေးကြည့်ရှုသူတွေနဲ့ အမြဲတမ်း ရုံပြည့်ရုံလျှံလို့ နေပါတယ်။

 စွမ်းက ရတနာပစ္စည်းတွေ ဆိုရင် ရွှေတို့ ကျောက်စိမ်းတို့ ဝတ်ဆင်ရတာ မနှစ်သက်ပေမယ့် စိန်နားကပ်ကိုတော့ သိန်းသုံး လေး ငါးရာတန်လောက်ထိ ဝတ်ဖူးပါတယ်လို့ ပြောပါတယ်။

အခုချိန်မှာတော့ အခိုးခံလိုက်ရတဲ့အတွက် သူ့ဆီမှာ အဲ့ဒီစိန်နားကပ်တွေ မရှိတော့ဘူးလို့ စွမ်းက စိတ်မကောင်းစွာနဲ့ပဲ အောက်ပါအတိုင်း ရင်ဖွင့်လာခဲ့ပါတယ်။

မရှိတော့ဘူး အကုန်ခိုးခံလိုက်ရပြီ ဟိုဟာလေ ခိုးတဲ့သူက ကျွန်တော့် ရဲ့ မန်နေဂျာပေါ့ သူက မင်းသားမန်နေဂျာပေါ့ ကျွန်တော့်ဆီမှာက ဇာတ်မန်နေဂျာရယ် ရှူတင်မန်နေဂျာရယ်

မင်းသား မန်နေဂျာရယ်ဆိုပြီး ရှိတဲ့အထဲမှာမှ သူက မင်းသားမန်နေဂျာပေါ့ မင်သားအနားမှာ အမြဲနေပြီး မင်းသားလက်ခံရမယ့် အလုပ်တွေ ကို အမြဲ စီစဉ်ပေးရတဲ့လူ။

အဲ့လိုလူက မီးခံသေတ္တာ password တွေရော အိမ်သော့တွေရော သူ့ဆီမှာရှိနေတာ အိမ်သော့က အဓိကသော့ သုံးချောင်းရှိတာ သုံးချောင်းရှိရာမှာ သူက နှစ်ချောင်းပဲ အစစ်ပေးပြီးတော့ တစ်ချောင်းကို အတုလုပ်ပြီး အစစ်တစ်ချောင်းကို သူယူထားတယ်။

ကျွန်တော်တို့က ရန်ကုန်မြို့ပေါ် ပွဲကရင် ညဆယ်နာရီကနေ မနက်၆နာရီအထိ အိမ်မှာမရှိဘူးဆိုတော့ ဒီကောင်က ညဆယ်နာရီလာပြီး မနက်၆နာရီထိ အိမ်မှာ နေလို့ရတယ်။

အေးဆေးခိုးလို့ ရတယ်ပေါ့နော် ဒီကောင်ခိုးသွားတာ အကုန် ကုန်သွားတာပါပဲ လက်ဝတ်ဘရတနာတွေရောပိုက်ဆံတွေရော နာရီဘာညာ အကုန်ပေါ့လေ တန်ဖိုးကြီးတာတွေ အကုန်ပါသွားတယ်။

အဆိုပါ မန်နေဂျာဖြစ်သူဟာဆိုရင် စွမ်းဇာနည်ဆီကနေ ခိုးယူခဲ့တဲ့ ငွေကြေးပမာဏဟာဆိုရင်ဘစု စုပေါင်း သိန်း၇၀၀ကျော် တန်ဖိုးနီးပါးရှိမယ်လို့ စွမ်းဇာနည်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီကိစ္စဖြစ်ပေါ်ခဲ့တာဟာ အခုဆိုရင် ၂နှစ်ကျော် ၃နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ခိုးသူဟာ တစ်ပြိုင်နက်တည်းနဲ့ အကုန်လုံးကို ခိုးယူခဲ့တာ မဟုတ်ပဲ တစ်စတစ်စနဲ့ နည်းနည်းဆီ ခိုးယူခဲ့တာလို့ စွမ်းဇာနည်က ပြောပြပါတယ်။

ကျွန်တော်က အစက မသိဘူး သူက အတွင်းလူလည်း ဖြစ်နေတော့ ကျွန်တော့် မီးခံသေတ္တာထဲမှာ သိန်း ၅၀၀ရှိရင် ၁၀၀လောက်ပဲ ခိုးတာ ၄၀၀လောက်ကို ချန်ခဲ့တာ ကျွန်တော်ကလည်း

ပွဲကပြီး ပြန်လာတော့ မီးခံသေတ္တာထဲကို ပိုက်ဆံထည့်ရင်း လျှော့နေတာတွေ့တော့ ကျွန်တော်ပဲ ထည့်တာမှားတယ် ထင်နေတာ။

အဲ့လိုမျိုး မသိမသာလေး တဖြည်းဖြည်းနဲ့ လျော့နေတာ ပေါ့နော် ဒီနေ့ နာရီတစ်လုံးယူရင် နောက်နေ့ကျ လက်စွပ်ယူမယ် အဲ့လိုမျိုး

မသိမသာလေး လျော့လျော့သွားတာ အဲ့တာကို စသိတဲ့အချိန်က အဆိုတော်ဆိုတေး မွေးနေ့အတွက် မွေးနေ့လက်ဆောင် အနေနဲ့ ကျွန်တော့်မှာ ရှိတဲ့ လက်စွပ်တစ်ကွင်း

လက်ဆောင်ပေးမယ်ဆိုပြီး မီးခံသေတ္တာထဲမှာ ကြည့်ကြည့်တော့ လက်စွပ်တွေ မရှိတော့ဘူး အဲ့တာနဲ့ ငါပဲ အထားမှားတာလား ဆိုပြီး

နာရီလက်ဆောင်ပဲ ပေးတော့မယ် ဆိုပြန်တော့လည်း နာရီတွေလည်း တစ်လုံးမှ မရှိတော့ဘူး ကျွန်တော် ဝတ်တဲ့ နာရီတွေက သိန်း၅၀သိန်း၁၀၀စသည်ဖြင့် တန်ဖိုးကြီးတာတွေ များတယ်။

ကြွားတာတော့ မဟုတ်ဘူး အနိမ့်ဆုံး ကျွန်တော်ပတ်တဲ့ နာရီဆို သိန်း၂၀တန်ပဲ အဲ့ဒီအချိန်တုန်းက Sevenfridayတွေဘာတွေ ခေတ်စားတဲ့ အချိန်လေ Sevenfridayဆို

ဘန်ကောက်မှာတောင် ရှားလို့ စင်ကာပူတို့ ဘာတို့ကနေ လှမ်းမှာရတာ အဲ့တာတွေ ပျောက်နေကာမှ ငါ့ပိုက်ဆံတွေလည်း ကြည့်ဦးမှ ဆိုပြီး

ကြည့်တော့ ပိုက်ဆံတွေ ကလည်း လျော့နေတယ် အဲ့ကျမှ ပျောက်မှန်းသိတာ ဒီကိစ္စနဲ့ပတ်သတ်လို့ သက်ဆိုင်ရာ နဲ့ ပူးပေါင်းဆောင်ရွက်ဖြစ်ခဲ့ပုံကိုလည်း စွမ်းဇာနည်က အခုလို ရှင်းပြပါတယ်

ရဲတိုင်လိုက်တော့ ရဲတွေက Star City ရဲ့ CCTV ကို လာပြီးတော့ ကြည့်တာပေါ့ CCTV ကြည့်တဲ့အချိန်မှာ အဝင်အထွက်တွေက တအားများနေတယ် ဘယ်ကောင်က သူခိုးမှန်း မသိဘူး

ဘယ်လိုမှ လုပ်မရဘူး သူတို့ သံသယရှိလို့ စိတ်မကောင်းစရာက အိမ်မှာနေတဲ့သူတွေပါ တစ်ရက် အစစ်ခံရတာ အိမ်မှာကလည်း ကျွန်တော်က အမျိုးတွေနဲ့ နေတာ မဟုတ်ဘူး

ကျွန်တော်က Star City မှာ တစ်ယောက်တည်းနေတာ ကျွန်တော့ တပည့်တွေရယ် ချက်ပြုတ်ကျွေးသူတွေရယ်နဲ့ အတူနေတာ ဒီကောင်တွေလည်း အချုပ်ခန်းထဲမှာ တစ်ရက် အစစ်ခံရတယ်

အဲ့လိုစစ်နေရင်းက CCTV မှာလည်း လူအဝင် အထွက်က များနေတော့ ဘယ်ကောင်က သူခိုးမှန်း မသိဘူး အဲ့တာနဲ့ ဒီအတိုင်းပဲ ထားလိုက်တယ်။

ထားလိုက်ပြီးမှ အဲ့ဒီအချိန်က အခုထိမထွက်သေးတဲ့ ရန်ကုန်မြို့ပြဆိုတဲ့ ရုပ်ရှင်ကားကို
ဦးလူမင်း မင်းရာဇာ ဘုဏ်းသိုက် တိုင်ရွန်တို့နဲ့ ရိုက်ကူးနေချိန် ပေါ့နော်။

မင်းသမီးက မိုးဟေကိုနဲ့ ဘေဘီမောင်ကျွန်တော်က အမြဲတမ်း ဓာတ်ပုံတင်ရင် up to date တင်တာ အခုချက်ချင်း ရိုက်တယ် အခုတင်တယ်။

အရင်တုန်းကပုံကို ပြန်တင်လေ့တင်ထမရှိဘူး အဲ့တာကို ကျွန်တော့်ရဲ့ မန်နေဂျာသူခိုးက သိထားတယ်။

အဲ့နေ့က ဖြစ်ချင်တော့ ရှူတင် မင်းသားတွေ
အများကြီးဆိုတော့ ကျွန်တော့်အကန့်က မနက် ၉ နာရီလောက်က ရိုက်လိုက်တာ နေ့ခင်း ၂နာရီလောက်မှာ ပြီးတယ်။

မှတ်မှတ်ရ ရ အဲ့ကားက ကျွန်တော် မိုးဟေကိုနဲ့ ပထမဆုံး စဆုံတဲ့ကားဆိုတော့ မိုးဟေကိုနဲ့ ဓာတ်ပုံ ရိုက်ပြီး ရှုတင်မှာ မတင်ဖြစ်သေးပဲ ညနေ ၄နာရီလောက် အိမ်ပြန်ရောက်မှ Today Shooting ဆိုပြီး တင်လိုက်တာ။

အဲ့မှာတင် သူခိုးက ကျွန်တော် ဓာတ်ပုံတင်ထားတဲ့ အချိန်ကိုကြည့်ပြီး ကျွန်တော့်အနေနဲ့ အခုချိန်လောက်ဆို ရှုတင်မှာပဲ ရှိလိမ့်ဦးမယ် အမှတ်နဲ့ အိမ်သော့ကို လာဖွင့်ရော။

တိုက်ဆိုင် ချင်တော့ အဲ့ဒီနေ့က ကျွန်တော့်ကားကလည်း ကားပါကင်မှာ မရှိဘူး ကျွန်တော်က မြေအောက်ခန်းထဲ သွားထိုးထားတာ။

သူက ကားလည်း မရှိဘူး ဆိုတော့ ကျွန်တော် ရှူတင်မှာ ရှိလိမ့်ဦးမယ်အမှတ်နဲ့ အိမ်သော့ကို လာဖွင့်တာ။

အဲ့အချိန်မှာ ကျွန်တော်က ရှူတင်ပြီးပြီးချင်း ဧည့်ခန်းမှာ ဂစ်တာတီးနေတာ အဲ့မှာ သူက ကျွန်တော်သော့ကို လာဖွင့်တယ်။

အဓိကသော့ သုံးချောင်းရှိရာမှာ အစစ်တစ်ချောင်းကို သူကယူထားတာလေ ဒါပေမယ့် ကျွန်တော်ကလည်း ဒီကောင့်ကို မသက်ာလို့ သူမသိတုန်း သော့လဲထားတာ။

လဲထားတော့ ဒီကောင် ဖွင့်မရဘူး အပြင်ဘက်ကို ချောင်းတဲ့ မှန်ဘီလူးလေးကနေ ချောင်းကြည့်လိုက်တော့ ဒီကောင်က Hoodie အနက်ရောင်ကို ခေါင်းစွပ် ဝတ်ထားပြီး Mask လည်း အုပ်ထားတယ်။

ကျွန်တော်က ဘယ်သူမှန်းသေချာမသိတာနဲ့ ဘယ်သူလဲလို့ မေးမြန်းလိုက်ရော ထွက်ပြေးသွားရော အဲ့ဒီအချိန် ကျွန်တော့်အိမ်မှာ

ရောက်နေတဲ့ ကျွန်တော့်ရဲ့ Fan ကောင်မလေးတွေလည်း ရှိနေတာနဲ့ သူတို့လည်း ထွက်ပြေးသွားတဲ့ ဒီကောင့်ကို ဝိုင်းလိုက်ကြတာ။

ကျွန်တော်လည်း ဝရံတာက ထွက်ကြည့်လိုက်တဲ့ အချိန်မှာ အောက်မှာ အဲ့မန်နေဂျာရဲ့ ကားတွေ့တယ်။

အဲ့တာကို သူကဓာတ်လှေကားကနေ အောက်အထိ ဆင်းမသွားပဲနဲ့ အခြားအလွှာမှာ ပုန်းနေတယ် ၄နာရီကျော် ၅နာရီလောက်တည်းက ဖြစ်လိုက်တာ ဒီကောင့်ကိုမိတာ ည၁၂နာရီလောက်မှ မိတယ်။

ရဲတွေနဲ့ ဒီကောင့်ကို မိသွားတော့ ဒီကောင့်ကို ရမန်ကြီး ၂ ပတ်ကြာ စစ်ဆေးမေးမြန်းတာ သူမခိုးပါဘူးလို့ပဲ ငြင်းတယ် အဲ့တာနဲ့ လွှတ်ပေးလိုက်ရတယ်။

သံသယရှိသူကို လွှတ်ပေးလိုက်ရပြီး နောက်ပိုင်း CCTV မှတ်တမ်းများအ ရ ထိုသူဟာသူခိုးဖြစ်ကြောင်း အတည်ပြုပေးတဲ့ မှတ်တမ်းတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့သော်ငြား ထိုအချိနိမှတော့ သူခိုးကို ဖမ်းလို့မမိတော့ပဲ

တာချီလိတ် ဖက်မှာလိုလို တောင်ကြီးဖက်မှာလိုလို မွန်ပြည်နယ်မှာလိုလို တိမ်းရှောင်နေတယ် လို့တော့ သတင်း ရတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲ စုံစမ်းမှုအနေနဲ့ ဝရမ်းထုတ်ထားပြီဖြစ်ပြီးဒီဘက်က ရဲတွေက အဲ့ဒီဒေသက ရဲတွေနဲ့ ချိတ်ဆက်ဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့ပေမယ့် အခုထိတော့ မဖမ်းရသေးဘူးလို့ စွမ်းက ဆိုပါတယ်။

အခုလို ကိုယ်ပင်ပင်ပန်းပန်း ရှာဖွေခဲ့တဲ့ ဥစ္စာပစ္စည်းတွေကို ဆုံးရှုံးလိုက်ရတာဟာ ကိုယ်ထိန်းသိမ်းတာ ညံလို့ဖြစ်ရတာပါလို့ပဲပြောကြားရင်း ဒီအင်တာဗျူးလေးကို အဆုံးသတ်ဖြေကြားပေးခဲ့ပါတယ်။

ပရိသတ်ကြီးရေ ဒီအကြောင်းလေးနဲ့ ပတ်သတ်ပြီး ပရိသတ်ကြီး ထင်မြင်ယူချက်လေးတွေလဲ မျှဝေသွားကြပါဦးနော်။

Credit