Local News

ဘီလီယံ ၅၀နီးပါး တန်ဖိုးရှိသော မူးယစ်ဆေးများ ဖမ်းမိတဲ့သူများဟာအရှင်ဆေကိန္ဒ၏ ကပ္ပိယများဟု ပြောဆိုနေကြ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီတွင်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရန်ကုန် မော်လမြိုင် သွား ကားလမ်းပေါ်ရှိ မရမ်းချောင် ပူးပေါင်းစစ်ဆေးရေး စခန်းတွင်

စစ်တောင်း တံတားဘက်မှ ကျိုက်ထိုဘက်သို့ မြင့်ကို ၅၄ နှစ် မောင်းနှင်၍ ဒေါ်မီမီအေး ခ မီမီအေးကျော် ၆၂နှစ် လိုက်ပါလာသည့်

Alphard မော်တော်ယာဉ်က ဦးဆောင်ပြီး စိုးသူရ ၃၆ နှစ်မောင်းနှင်၍ မင်းထင် ၅၂ နှစ်နှင့် စောမြင့် ၅၉နှစ်တို့ လိုက်ပါလာသည့်

Tipper အဖြူရောင် ၆ ဘီးယာဉ်တို့ကို စစ်ဆေးရှာဖွေရာ Tipper မော်တော်ယာဉ်၏ နောက်ခန်းတွင် စားသောက်သီးနှံများဖြင့်

ဖုံးအုပ်သယ်ဆောင် လာသည့် ဆာလာအိတ် ၅၂ အိတ်အတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ် ၄၁ ဒ သ မ ၁၇၅ ဘီလီယံတန်ဖိုးရှိ

အိုက်စ် မက်သ်အဖက်တမင်း ကီလို ၁ ၀၀၀ ကက်တမင်း ၄၇ ကီလိုနှင့် Alphard မော်တော်ယာဉ် အတွင်းမှ ငွေကျပ် ၅၁၇ ဒ သ မ ၂၈ သိန်းတို့ သိမ်းဆည်းရမိခဲ့ပြီး

စစ်ဆေးဖော်ထုတ်ချက် အ ရ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သူ ကျော်ဇောဝင်း ခ သားသား ကို

စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြန်မာပလာဇာတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်များအ ရ သိမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် ကျေးသီးမြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်မြို့သို့ သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှ တစ်ဆင့် မလေးရှား ရေပိုင်နက်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့်

၎င်းတို့ ၆ ဦးကို ဥပဒေအ ရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

Credit