Local News

မုံရွာမြို့က အချဉ်ပေါင်းသည် မတင်တင်အေး ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံရ

စစ်ကောင်စီ အဖွဲ့ဝင်များမှ အရပ်ဝတ်တွေနဲ့ ဝင်ရောက်ဖမ်းဆီး စစ်ကိုင်းတိုင်း ဒေသကြီးမုံရွာမြို့မှာ အချဉ်ပေါင်းသည်

အန်တီကြီး မတင်တင်အေး ဒုတိယအကြိမ်ထပ်မံ ဖမ်းဆီးခံ လိုက်ရပါတယ်။

စက်တင်ဘာ ၁၈ရက်နေ့ ညနေ ၅နာရီဝန်းကျင်မှာ အာဏာသိမ်း စစ်တပ်မှ မတင်တင်အေး၏

ညီမဖြစ်သူ အသီးဆိုင်ရှေ့မှာ အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့

အချဉ်ပေါင်းသည် အန်တီကြီး၏ နီးစပ်သူ မိသားစုဝင်များက ပြောပါတယ်။

အချဉ်ပေါင်းသည် အန်တီကြီး မတင်တင်အေးဟာ အာဏာသိမ်း စစ်တပ်မှ သပိတ်စစ်ကြောင်းကို စတင်ဖြိုခွဲရာ

ဖေဖော်ဝါရီ ၂၇ရက်နေ့ ပြသာဒ်ကျောင်း အနီးမှာ ပထမအကြိမ်ဖမ်းဆီးခံရသူ တစ်ဦးလဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ စက်တင်ဘာ ၁၈ရက်နေ့ ညနေပိုင်းမှာ မုံရွာမြို့ ဒေါင်းကျောင်းရှေ့ ပန်းရောင်းသည့် ဈေးသည်လင်မယားနှစ်ဦး နှင့်

အချဉ်ပေါင်းသည် အန်တီကြီး မတင်တင်အေးတို့ နှစ်ဦးကို အရပ်ဝတ်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီမှ ဖမ်းဆီးမှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

Credit