Local News

ဟားခါးမြို့တွင်းပစ်ခတ်မှုတွေထပ်ဖြစ်ပြန် နေအိမ်တချို့မီးလောင်ပြီး လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာရသူ ၅ဦးထက်မနည်းရှိ

ဟားခါးမြို့တွင်းပစ်ခတ်မှုတွေထပ်ဖြစ်ပြန် နေအိမ်တချို့မီးလောင်ပြီး

လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာရသူ ၅ဦးထက်မနည်းရှိ

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းမှာ ဒီကနေ့စက်တင်ဘာ ၁၈ရက်နေ့ညပိုင်းကစစ်ကောင်စီနဲ့

ဒေသကာကွယ်ရေးတပ်တွေကြားအပြန်အလှန်ပစ်မှုတွေဖြစ်ခဲ့ပြီး နေအိမ်မီးလောင်ပျက်စီးမှုတွေနဲ့

အိမ်ထဲနေပြည်သူတွေထိခိုက်ဒဏ်ရာရတာရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ပစ်သံကတော့နှစ်ဖက်ပစ်ခတ်သံပါပဲ ဟားခါးတမြို့လုံးအိမ်ထဲကမထွက်ရဲဘူး။

နေအိမ်ထဲနေရင်း ကလေးမတစ်ယောက်က ခေါင်းကိုကျည်ထိထားတယ်။

အခြေအနေဘယ်လိုရှိလဲမသိဘူး ဆေးရုံလည်းမပို့ရဲကြဘူး။

တခြားကျည်ထိထားသူတွေလည်းရှိသေးတယ်။ပစ်မယ်ဆိုရင်လည်း

ဘေးလွတ်ရာသွားပစ်စေချင်တယ် လို့ဟားခါးဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

 ဒီကနေ့စက်တင်ဘာ ၁၈ရက်နေ့မှာပဲ ချင်းပြည်နယ် ထန်တလန်မြို့အတွင်းမှာ ပစ်ခတ်မှုတွေကြောင့်

နေအိမ်တွေမီးလောင်တာ သင်းအုပ်ဆရာတစ်ဦးသေဆုံးတာတွေရှိခဲ့ပြီးညပိုင်းမှာတော့ ဟားခါးမြို့အတွင်းပစ်ခတ်မှုတွေထပ်ဖြစ်လာပါတယ်။

ယူနီကုတ်ဖြင့်ဖတ်ရန်

credit