Knowledge

ကြားဘူးခဲ့တဲ့ မြေကြီးကရွှေသီး တယ်ဆိုတဲ့ စကားအတိုင်း ရွှေအစစ်တွေ ထွက်တဲ့သစ်ပင်တွေ တကယ်ရှိတယ်ဆိုတဲ့ အကြောင်း

ကြားဘူးခဲ့တဲ့ မြေကြီးကရွှေသီးတယ်ဆိုတဲ့ စကားအတိုင်း ရွှေအစစ်တွေ ထွက်တဲ့သစ်ပင်တွေတကယ်ရှိတယ်ဆိုတဲ့ အကြောင်း

သိပ္ပံပညာရှင်တွေကရွှေကြောရှာဖွေရင်းနဲ့ရွှေတွေသီးနေတယ်လို့ဆိုလို့ရတဲ့ယူကလစ်သစ်ပင်တွေကို

မတော်တ ဆတွေ့ရှိခဲ့ပါတယ်။ဒီအပင်တွေကိုဘယ်လိုအသုံးချကြမလဲ။

ပုံပြင်ထဲမှာတော့ကိုယ်လိုချင်တဲ့ပစ္စည်းတွေကို အပင်တွေဆီကခူးယူကြတာကြားဖူးကြမှာပါ။

ရှေးတုန်းကလဲပစ္စည်းတွေ သီးတဲ့ ပဒေသာပင်ဆိုတာရှိခဲ့တယ်လို့လူကြီးတွေကပြောဖူးကြပါတယ်။

ကဲအခုက တော့ပစ္စည်းတွေသီးတဲ့အပင်တွေအကြောင်းတော့မဟုတ်ပေမယ့်ရွှေထွက်တဲ့သစ်ပင်တွေအကြောင်းပြောပြမှာပါ

ရွှေထွက်တဲ့သစ်ပင်တွေတွေ့တဲ့နေရာကတော့ခြောက် သွေ့တဲ့ဒေသတစ်ဖြစ်လဲ

Goldfields Esperanceဒေသ ဖြစ်ပြီးသြစတြေးလျတိုက် အနောက်ဘက်မှာရှိတာပါ။

မူလကတော့ ရှာဖွေသူတွေဟာဒီရွှေထွက်တဲ့မြေအေက်မှာဘာရှိသလဲ ဆိုတာ လောက်ပဲရှာဖွေဖို့

ရည်ရွယ်ခဲ့ပေမယ့်တကယ်ရွှေတွေ့တော့မြေကြီးထဲမှာမဟုတ်ဘဲယူက လစ်သစ်ပင်တွေမှာသွားတွေ့ပါတယ်

အဲဒီသစ်ပင်တွေဟာ အကိုင်း အလက် ချိုးခံရပေမယ့်လည်း မူလအတိုင်း ပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့

အပင်တွေဖြစ်ပြီး အမြစ်တွေဟာလည်းမြေအောက်ဘက်ကို လျှိုတိုးနိုင်စွမ်း အားကောင်းတာကြောင့်

ရေသောက်မြစ်တွေက ဘယ်လိုမြေအောက်ရေကို အသုံးချပြီး အပင်တွေကို ရှင်သန်စေသလဲဆိုတာတောင် ရှာရခက်ပါတယ်။

ဒီမှာ မေးစရာရှိတာက မြေကြီးအောက်က ရွှေတွေဟာ သစ်ပင်ကနေ ဘာကြောင့်ထွက်သလဲဆိုတာပါပဲ

တကယ်တော့ ယူကလစ်သစ်ပင်တွေရဲ့ အမြစ်ဟာ ရှည်လျားလွန်းတာကြောင့် ရွှေတွေရှိတဲ့မြေလွှာထဲအထိ ရောက်ရှိ နိုင်ပါတယ်။

သစ်ပင်တွေဟာ ဓာတ်ပစ္စည်းတွေကို မြေအောက်ကနေ သယ်ဆောင်နိုင်စွမ်းရှိတာ မဆန်းပေမယ့်

မူလအားဖြင့် ရွှေဆိုတဲ့သတ္တုဟာအပင်တွေရဲ့ အဆိပ်ဖြစ်တာကြောင့် ဒီအပင်တွေကတော့ အထူးအဆန်းလို ဖြစ်နေပါတယ်။

ရွှေရှိတဲ့ မြေလွှာထဲရောက်နေတဲ့ အမြစ်တွေက ရွှေအပိုင်းအစတွေကို စုပ်ယူပြီးနောက်

အန္တရာယ်ရှိတဲ့ ဓာတ်ပေါင်းစည်းမှုတွေမဖြစ်ဖို့ အပေါ်ဆုံး အဖျားမှာရှိတဲ့ အရွက်တွေဆီ ပို့ပေးလိုက်ပါတယ်။

ဒီဖြစ်စဉ်ကို ရှာဖွေတွေ့ရှိသူတွေက အစကမယုံကြသေးပါဘူး။

ဖန်လုံအိမ် ထဲမှာလည်း အဲဒီအပင်တွေ ရွှေတွေကိုသယ်ဆောင်နိုင်စွမ်း ရှိ မရှိ စမ်းသပ်ခဲ့ ကြရာမှာအမှန် ဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

အဲဒီ Eucalyptus အပင်တွေက ရွှေထွက်ပေမယ့် များပြားလှတာ မဟုတ်ပါဘူး

အမှုန်အမွှား လောက်ပဲ ဖြစ်ဟန်တူပါတယ်။ဘာကြောင့်လည်း ဆိုတော့ အဲဒီလို ရွှေ ထွက်တဲ့

အပင်ပေါင်း ၅၀၀ လောက်ပေါင်းမှလက်ထပ်လက်စွပ်တစ်ကွင်းစာလုပ်ဖို့ လုံလောက်တဲ့ရွှေသာ ရနိုင်လောက် လို့ပါပဲတဲ့။

အဲဒီတော့ ဒီအပင်တွေဟာ ရွှေထွက်ရာမှာ အသုံးမဝင်ရင် ဘယ်မှာသုံးကြပါမလဲ။

ရွှေထုတ်တဲ့ နေရာမှသုံးကြပါတယ်တဲ့။ အပင်တွေစိုက်ပြီး ရွှေ ရှိ မရှိ စမ်းသပ်လို့ရတာကြောင့် ရွှေကြောတွေကို ပေါက်တူးပေါက်ပြီး ရှာစရာမလိုတော့ပါဘူး

ကြားဘူးခဲ့တဲ့ မြေကြီးကရွှေသီးတယ်ဆိုတဲ့ စကားအတိုင်း ရွှေအစစ်တွေ ထွက်တဲ့သစ်ပင်တွေတကယ်ရှိတယ်ဆိုတဲ့ အကြောင်း

သိပ္ပံပညာရှင်တွေကရွှေကြောရှာဖွေရင်းနဲ့ရွှေတွေသီးနေတယ်လို့ဆိုလို့ရတဲ့ယူကလစ်သစ်ပင်တွေကို

မတော်တ ဆတွေ့ရှိခဲ့ပါတယ်။ဒီအပင်တွေကိုဘယ်လိုအသုံးချကြမလဲ။

ပုံပြင်ထဲမှာတော့ကိုယ်လိုချင်တဲ့ပစ္စည်းတွေကို အပင်တွေဆီကခူးယူကြတာကြားဖူးကြမှာပါ

ရှေးတုန်းကလဲပစ္စည်းတွေ သီးတဲ့ ပဒေသာပင်ဆိုတာရှိခဲ့တယ်လို့လူကြီးတွေကပြောဖူးကြပါတယ်။

ကဲအခုက တော့ပစ္စည်းတွေသီးတဲ့အပင်တွေအကြောင်းတော့မဟုတ်ပေမယ့်ရွှေထွက်တဲ့သစ်ပင်တွေအကြောင်းပြောပြမှာပါ။

ရွှေထွက်တဲ့သစ်ပင်တွေတွေ့တဲ့နေရာကတော့ခြောက် သွေ့တဲ့ဒေသတစ်ဖြစ်လဲ

Goldfields Esperanceဒေသ ဖြစ်ပြီးသြစတြေးလျတိုက် အနောက်ဘက်မှာရှိတာပါ။

မူလကတော့ ရှာဖွေသူတွေဟာဒီရွှေထွက်တဲ့မြေအေက်မှာဘာရှိသလဲ ဆိုတာ လောက်ပဲရှာဖွေဖို့

ရည်ရွယ်ခဲ့ပေမယ့်တကယ်ရွှေတွေ့တော့မြေကြီးထဲမှာမဟုတ်ဘဲယူက လစ်သစ်ပင်တွေမှာသွားတွေ့ပါတယ်။

အဲဒီသစ်ပင်တွေဟာ အကိုင်း အလက် ချိုးခံရပေမယ့်လည်း မူလအတိုင်း ပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့

အပင်တွေဖြစ်ပြီး အမြစ်တွေဟာလည်းမြေအောက်ဘက်ကို လျှိုတိုးနိုင်စွမ်း အားကောင်းတာကြောင့်

ရေသောက်မြစ်တွေက ဘယ်လိုမြေအောက်ရေကို အသုံးချပြီး အပင်တွေကို ရှင်သန်စေသလဲဆိုတာတောင် ရှာရခက်ပါတယ်။

ဒီမှာ မေးစရာရှိတာက မြေကြီးအောက်က ရွှေတွေဟာ သစ်ပင်ကနေ ဘာကြောင့်ထွက်သလဲဆိုတာပါပဲ။

တကယ်တော့ ယူကလစ်သစ်ပင်တွေရဲ့ အမြစ်ဟာ ရှည်လျားလွန်းတာကြောင့် ရွှေတွေရှိတဲ့မြေလွှာထဲအထိ ရောက်ရှိ နိုင်ပါတယ်။

သစ်ပင်တွေဟာ ဓာတ်ပစ္စည်းတွေကို မြေအောက်ကနေ သယ်ဆောင်နိုင်စွမ်းရှိတာ မဆန်းပေမယ့်

မူလအားဖြင့် ရွှေဆိုတဲ့သတ္တုဟာအပင်တွေရဲ့ အဆိပ်ဖြစ်တာကြောင့် ဒီအပင်တွေကတော့ အထူးအဆန်းလို ဖြစ်နေပါတယ်။

ရွှေရှိတဲ့ မြေလွှာထဲရောက်နေတဲ့ အမြစ်တွေက ရွှေအပိုင်းအစတွေကို စုပ်ယူပြီးနောက်

အန္တရာယ်ရှိတဲ့ ဓာတ်ပေါင်းစည်းမှုတွေမဖြစ်ဖို့ အပေါ်ဆုံး အဖျားမှာရှိတဲ့ အရွက်တွေဆီ ပို့ပေးလိုက်ပါတယ်။

ဒီဖြစ်စဉ်ကို ရှာဖွေတွေ့ရှိသူတွေက အစကမယုံကြသေးပါဘူး။

ဖန်လုံအိမ် ထဲမှာလည်း အဲဒီအပင်တွေ ရွှေတွေကိုသယ်ဆောင်နိုင်စွမ်း ရှိ မရှိ စမ်းသပ်ခဲ့ ကြရာမှာအမှန် ဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

အဲဒီ Eucalyptus အပင်တွေက ရွှေထွက်ပေမယ့် များပြားလှတာ မဟုတ်ပါဘူး။

အမှုန်အမွှား လောက်ပဲ ဖြစ်ဟန်တူပါတယ်။ဘာကြောင့်လည်း ဆိုတော့ အဲဒီလို ရွှေ ထွက်တဲ့

အပင်ပေါင်း ၅၀၀ လောက်ပေါင်းမှလက်ထပ်လက်စွပ်တစ်ကွင်းစာလုပ်ဖို့ လုံလောက်တဲ့ရွှေသာ ရနိုင်လောက် လို့ပါပဲတဲ့။

အဲဒီတော့ ဒီအပင်တွေဟာ ရွှေထွက်ရာမှာ အသုံးမဝင်ရင် ဘယ်မှာသုံးကြပါမလဲ။

ရွှေထုတ်တဲ့ နေရာမှသုံးကြပါတယ်တဲ့။ အပင်တွေစိုက်ပြီး ရွှေ ရှိ မရှိ စမ်းသပ်လို့ရတာကြောင့် ရွှေကြောတွေကို ပေါက်တူးပေါက်ပြီး ရှာစရာမလိုတော့ပါဘူး။

credit