Knowledge

တောကြီး မျက်မဲထဲမှာ နှစ် ၄၁ နှစ်ကြာနေထိုင်ခဲ့ပီး ကမ္ဘာပေါ်မှာ မိန်းမတွေရှိကြောင်း မသိခဲ့တဲ့ အမျိုးသား

တောကြီး မျက်မဲထဲမှာ နှစ် ၄၁ နှစ်ကြာနေထိုင်ခဲ့ပီး ကမ္ဘာပေါ်မှာ မိန်းမတွေရှိကြောင်း မသိခဲ့တဲ့ အမျိုးသား

The Real Tarzan လို့ လူသိတဲ့များတဲ့ ဗီယက်နမ်အမျိူးသားဟာ

အပြင် လောကထဲသို့ ဝင်မလာမီ တောထဲမှာ ၄၁ နှစ် အကြာ နေထိုင်ခဲ့ခြင်းကြောင့်

ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီး သတင်းအကြောင်းအရာ တစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။

ဗီယက်နမ် လူမျိုး ဟိုဝံလန်း Ho Wan Lang ဟာ ကမ္ဘာကြီးကို မသိဘဲ

တောထဲမှာ ၄၁ နှစ်ကြာအောင် နေထိုင်ခဲ့ပြီးနောက် ဖခင်ဖြစ်သူရဲ့

ကျန်းမာရေး ဆိုးရွားတဲ့ အခါမှာသာ ယဉ်ကျေးတဲ့ လူ့ဘောင်သို့ ပြန်လာခဲ့ပါတယ်။

Ho Wan Lang ဟာ သူ့အသက် ၂နှစ် သားကတည်းကတောမှာ နေထိုင်ခဲ့ပြီး

လူ့ဘောင်သို့ ပြန်ဝင်လာတဲ့ အခါမှာ တောအုပ်အပြင်ဘက်မှာ ရှိတဲ့

ယဉ်ကျေးမှုကို ရှာဖွေခြင်းဟာ သူသင်ယူရန်နဲ့ လိုက်လျော ညီထွေရှိရန်

လိုအပ်တဲ့ အရာ ဖြစ်ပါတယ် ဒီအစစ်အမှန် Ho Wan Lang Tarzan က

အသက် ၅၂ နှစ်မှာ အသည်း ကင်ဆာဖြင့် ကွယ်လွန်ခဲ့ပါတယ်

Ho Wan Lang နဲ့ ခင်မင်ရင်းနှီးမှုကို တည်ဆောက်ခဲ့တဲ့

စူးစမ်း လေ့လာသူ Alvaro Cere zo က ခေတ်သစ်လူမှု ဘဝနေထိုင်မှုပုံစံဟာ

သူစတင် စားသောက်စဉ်က Tarzan ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အစားအစာ အသစ်များနဲ့ အရက်ကို ရံဖန်ရံခါစမ်းသပ်ကြည့်ရာ

Cerezoကသူငယ်ချင်း တစ်ယောက် ဆုံးရှုံးခဲ့ရတာကို လွန်စွာ ဝမ်းနည်းကြောင်း

ပြောကြားခဲ့ပါတယ် ဒါပေမယ့်လည်း သူဟာ လွန်ခဲ့တဲ့ လ အနည်းငယ် က တည်းက

သူခံစားခဲ့ရတာကို သိသောကြောင့် သူ့ရဲ့ထွက်ခွာမှုက လွတ်မြောက်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

Credit