Cele News

သားလေး မိန်းမယူရင်နေဖို့ အိမ်တောင်ဝယ် ပြီးသွားပြီဆိုတဲ့ မြင့်မြတ်

သားလေး မိန်းမယူရင်နေဖို့ အိမ်တောင်ဝယ်ပြီးသွားပြီဆိုတဲ့ မြင့်မြတ်

မြင့်မြတ်က လက်ရှိမှာ ချစ်ရတဲ့ ဇနီးနဲ့ ဂျင်းကောင်ပေါက်စလေးနဲ့အတူ သာယာတဲ့အိမ်ထောင်ရေးကို

တည်ဆောက်ထားနိုင်ပြီး အေးချမ်းတဲ့ဘဝအနုပညာအလုပ်တွေကိုအာရုံစိုက်ပြီး ပရိသတ်တွေအတွက်

အလုပ်ကြိုးစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားတွေ ဇယ်ဆက်သလိုရိုက်နေရတဲ့

မြင့်မြတ်က အလုပ်မှာအာရုံစိုက်သလုပ်ဖော်ကိုင်ဖက်အနုပညာညီအစ်ကိုမောင်နှမတွေနဲ့လည်း တည့်အောင်နေတတ်သူတစ်ဦးဖြစ်ပြီး

ပျော်ပျော်နေတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။အခုဆိုရင်တော့ မြင့်မြတ်ရဲ့ ချစ်ဇနီးလေးက ဒုတိယကိုယ်ဝန်ကိုလွယ်ထားရပြီဖြစ်လို့

မြင့်မြတ်တို့မိသားစုလေးက ပိုပြီးစည်စည်ကားကားနဲ့ နွေးထွေးတဲ့ အသိုက်အမြုံလေးဖြစ်လာတော့မှာပါ။မြင့်မြတ်က မကြာသေးမီက

သူ့ရဲ့ လူမှုကွန်ယက်မှာ နောက်ထပ်ရင်သွေးလေးတစ်ယောက် ထပ်ရတော့မယ့် ခံစားချက်ကို

ရင်ဖွင့်သွားပြီး သားလေးနောင်ရေးအတွက် စီစဉ်ထားတာကိုလည်း ပြောပြသွားခဲ့ပါတယ်။

မြင့်မြတ်က မကြာခင်မှာ ဘဝထဲဝင်ရောက်လာတော့မယ့် ဒုတိယမြောက်ရင်သွေးလေးနဲ့ ပတ်သက်ပြီ းsurprise ပေ့ါနော်

ပျော်တာပေ့ါ အဲ့လိုပဲပြောရမှာပေါ့။ အမှန်တကယ်ဆိုလို့ရှိရင် ကျွန်တော်တို့က နည်းနည်းခြားပြီးတော့မှ ယူချင်တာပေ့ါနော်။

သုံးလေးနှစ်လောက်ပေါ့ အဲ့လောက်မှ ခြားပြီးတော့ ယူမလို့။ ဒါပေမယ့် စိတ်ကူးနဲ့လက်တွေ့နဲ့

မတူဘူးဖြစ်သွားတာပေါ့။လက်တွေ့က နည်းနည်းစောသွားတယ်။

အခုဆိုရင်တော့ တစ်လခွဲလောက်တော့ရှိပြီ။ ကိုယ်ဝန်ကတော့ ရပြီလေ။ ဘာရရပေါ့။

ယူရမှာပဲပေါ့လို့ ပြောထားပါတယ်။သားလေးကို တုန်နေအောင်ချစ်တဲ့ မြင့်မြတ်က သားမိန်းမယူပြီးရင်နေဖို့

အိမ်ပါဝယ်ပြီးသွားပြီလို့ စဉ်းစားထားပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့လည်း အားလုံးပေါ့။စီစဉ်ထားပါတယ်

ဒါ နောက်ပြီးတော့ ပြောတာပါ။ ကျွန်တော့်သား မိန်းမယူရင်နေဖို့ အိမ်တောင်ဝယ်ပြီးသွားပြီ။

တကယ်ပါ ကျွန်တော့်မိန်းမနဲ့ တိုင်ပင်ပြီး ဝယ်ထားတာရှိတယ်။သားကစကားတော့ပြောတော့ပြောနေပြီ။ ရယ်တော့ရယ်ရတယ်။

မိန်းမယူရင်နေဖို့ အိမ်သာဝယ်ထားတာဟိုကောင်က အခုထိ စကားကိုလေးလုံးမကွဲသေးဘူး။

ပါးပါးမားမားတော့ ကောင်းကောင်းခေါ်နေပါပြီလို့ ရယ်မောရင်းဖြေကြားထားပါတယ်

ဒုတိယမြောက်ရင်သွေးလေးကို ဆိုင်းမဆင့်ဗုံမဆင့်ရသွားတာနဲ့ ပတ်သက်ပြီး မြင့်မြတ်က

မယူတော့ဘူး။ဒီတစ်ယောက်ပဲ အားလုံးပေါင်းနှစ်ယောက်ပဲပေါ့။ ဆိုင်းမဆင့်ဗုံမဆင့်ရသွားတာပေါ့။

ကျွန်တော်လည်း အရမ်းအံ့သြသွားတယ်ပေ့ါ။ ကျွန်တော်လည်းထင်တော့ထင်တယ်။ ရမှန်းသိတာက

ချောင်းသာမှာသိတာ ရှေ့ရက်တွေမှာ သူအန်နေလို့လေ။မိန်း မ နင်ကိုယ်ဝန်များရနေလားဆိုပြီး

နောက်နှစ်ရက်လောက်မှ ရမှန်းသိတာ။ ကျွန်တော်တို့က နည်းနည်းခြားပြီးမှ ယူမလို့လေ။

အခုကျ ရသွားတာဆိုတော့ အရမ်း surprise ဖြစ်ပါတယ်လို့ ပြောပြထားပါတယ်

ယူနီကုတ်ဖြင့်ဖတ်ရန် သားလေး မိန်းမယူရင်နေဖို့ အိမ်တောင်ဝယ်ပြီးသွားပြီဆိုတဲ့ မြင့်မြတ်

Credit