Local News

စစ်ကောင်စီ အပေါ် သစ္စာခံပြီး Customer တွေအပေါ် သစ္စာဖောက်တဲ့ KBZဘဏ်

ကျွန်တော့်ရဲ့ ဘဏ်အကောင့်တွေ အပိတ်ခံလိုက်ရပြီ freeze အလုပ်ခံလိုက်ရပါပြီ စစအပိတ်ခံရခြင်းတုန်းက ကျွန်တော်မသိခဲ့ဘူး

၉ရက် ၉လ ၂၀၂၁ မနက်ပိုင်းလောက် အထိ ငွေဝင် ငွေထွက် ရှိနေသေးတယ် ၉ ရက်နေ့ ညနေပိုင်းလောက်မှာ

မိတ်ဆွေတွေက ကျွန်တော့်ဆီ ငွေလွှဲလို့ မရတော့ဘူး transfer incomplete ဖြစ်နေတယ် တစ်ချက်စစ်ကြည့်ပေးပါဦး ဆိုပြီး လှမ်းပြောကြတယ်။

ကျွန်တော်လည်း တခြား အရေးကြီး ကိစ္စတစ်ခု လုပ်လက် စ ဖြစ်နေတာနဲ့ KPAYအကောင့်ကို စစ်မကြည့်ဖြစ်ဘူး

စိတ်ထဲကလည်း အပိတ် ခံရတယ်လို့ မထင်မိဘဲတစ်နေ့တာ ငွေလွှဲ ပမာ ဏ ကျော်သွားတာ‌ကြောင့်လို့ပဲ ထင်မိတယ်

အဲဒါကြောင့် မနက်ဖြန်မှ လွှဲကြည့်ပေးပါလား ငွေလွှဲတာ များနေလို့ ဖြစ်ပါလိမ့်မယ် ဆိုပြီး မိတ်ဆွေတွေကို ပြန်ပြောခဲ့တယ်

၁၀ရက် ၉လ ၂၀၂၁ မနက်မှာလည်း ငွေလွှဲမရတဲ့အကြောင်း စာတွေ ပို့ထားကြတော့ စိတ်ထင့်သွားမိတယ်

စစ်ကြည့်လိုက်တော့ ထင်တဲ့ အတိုင်းပဲ အပိတ်ခံလိုက်ရပြီ ပုံမှန်ဆိုရင် ဘဏ်သွားပြီး complain တက်လို့ ရပေမယ့် ကိုယ့်အခြေအနေ အ ရ

ဘဏ်သွားဖို့က မဖြစ်နိုင်ပါဘူး အဲဒါကြောင့် KBZဘဏ်မှာ လုပ်ဖူးတဲ့ သူငယ်ချင်းနဲ့ တိုင်ပင်ရတယ် အခြေအနေကို ပြောပြရတယ်

သူလည်း ထိထိရောက်ရောက် ကူညီမပေးနိုင်တော့ Call Center ကို ဆက်ပြီးပဲ complain တက်ဖို့ အကြံပေးတယ်

မှားပြီး ပိတ်တာဆိုရင် ပြန်ရနိုင်တယ် တမင် နာမည်ပေါက် by name အရပိတ်ခိုင်းတာ ဆိုရင်တော့ ပြန်မရနိုင်ဘူး ဆိုပြီး ပြောပါတယ်

အစည်းအဝေး တစ်ခုရှိတာနဲ့ အဲ့နေ့က ဖုန်းမဆက်ဖြစ်လိုက်ဘူး ၁၁ရက် ၉လ ၂၀၂၁ စနေနေ့ နေ့လယ်မှာ KB Z Call Center

၀၉ ၉၅၁၀၁၈၅၅၅ ကို ဖုန်းလှမ်းဆက် ဖြစ်တယ်ဖုန်းအဆင့်ဆင့် လွှဲပေးရင်း K PAY တာဝန်ခံဆီရောက်တယ်

နာမည် ဖုန်းနံပါတ် မှတ်ပုံတင်နံပါတ် မွေးသက္ကရာဇ် ဘယ်နေ့က အပိတ်ခံရတာလဲ အကောင့်ထဲရှိ ငွေပမာဏတွေ မေးပါတယ်

စစ်ကြည့်လိုက်တော့ မှားပိတ်တာ မဟုတ်ဘဲ အထက်ကခိုင်းလို့ ပိတ်ရတဲ့ အကြောင်း ပြောတယ် ကျန်တာပြောပြလို့ မရကြောင်း ဖြေတယ်

ကျွန်တော်က ဘာကြောင့် ပိတ်ရတာလဲ အကြောင်းပြချက်ကို သိချင်တယ် ပြီးတော့ ဘယ်လိုလုပ်ရင် အကောင့် ပြန်ပွင့်နိုင်သလဲ

ပိုက်ဆံတွေ ပြန်ရနိုင်သလဲ မေးပါတယ် သူ့အနေနဲ့ မဖြေနိုင်ကြောင်း ကုတ်နံပါတ် ဂဏန်း ၇ လုံးပေးပြီး ရုံးဖွင့်ရက်မှာ

တစ်ချက် ပြန်ဆက် ကြည့်ပေးဖို့ ပြောပါတယ် ၁၃ရက် ၉လ ၂၀၂၁ တနင်္လာနေ့ နေ့လယ်မှာ ကျွန် တော် ဖုန်းပြန်ဆက်ပါတယ်

အဲဒီ့ဝန်ထမ်း အမျိုးသမီးနဲ့ပဲ ဖုန်းပြန်ပြော ဖြစ်ပါတယ် ထုံးစံအတိုင်း ဒီစကားကိုပဲ ထပ်ပြောပါတယ် ညီမတို့လည်း အကြောင်းရင်းကို

သေချာမသိဘူး အထက်ကနေပြီး ဒီအကောင့်ကိုပိတ်ပေးပါ ဆိုလို့ ခေတ္တပိတ်ရတာပါ ပိတ်ထားတဲ့အတော အတွင်း

ငွေသွင်း ငွေထုတ် လုပ်မရပါဘူး ပြန်ဖွင့်ပေးတဲ့အချိန်ကျရင်တော့ စာပို့ပြီး အကြောင်းကြားပေးမှာပါ ဆိုပြီးပဲ ဖြေပါတယ်

ကျွန်တော်က ပိတ်ရတဲ့ အကြောင်းရင်း reason နဲ့ ဘယ်လိုလုပ်ရင် ပြန်ဖွင့် ပေးမှာလဲ ဆိုတဲ့ solution အဲ့နှစ်ချက်ကိုပဲ ထပ်မေးပါတယ်

သူက ဗဟိုဘဏ်ကို ဆက်သွယ်ပြီး မေးပါတဲ့ ၁၄ရက် ၉လ ၂၀၂၁ အင်္ဂါနေ့မှာ ဗဟိုဘဏ် ရုံးချုပ် ဖုန်းနံပါတ် ၀၆၇ ၄၁၈၂၀၃ ကို

ဆက်သွယ်ပြီး မေးလို က်ပါတယ် ဘဏ်အကောင့် တွေနဲ့ သက်ဆိုင်တဲ့ ဌာနခွဲ ၀၆၇ ၄၁၈၆၉၄ ကို ဆက်ခိုင်းပါတယ်

ဖုန်းလာကိုင်တဲ့ ဝန်ထမ်းက အကောင့်ပိတ်တာ ဗဟိုဘဏ်က ပိတ်တာ မဟုတ်ကြောင်း ပြည်ထဲရေးက ပိတ်တာဖြစ်ကြောင်း

ပြည်ထဲရေး လက်အောက်က ငွေကြေး ခဝါချမှုတိုက်ဖျက်ရေး အဖွဲ့ကို ဆက်သွယ်ပြီး မေးဖို့ ပြောပါတယ်

ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး အဖွဲ့ ဖုန်းနံပါတ် ၀၆၇ ၄၂၁၇၆၁ ကို ပေးပါတယ် ဖုန်းဆက်ကြည့်လိုက်တော့

နာမည်တွေ K PAY ဖွင့်ထားတဲ့ ဖုန်းနံပါတ်တွေ အကောင့်ဖွင့်ထားတဲ့ လိပ်စာတွေ မေးပါတယ် အထက်ကို တင်ပြပြီး

ဖုန်းပြန်ဆက်ပေးမယ် ပြောပါတယ် အချိန်အတော် ကြာတဲ့အထိ ဖုန်းပြန်မဆက်တော့ ကျွန်တော် ထပ်ဆက်လိုက်ပါတယ်။

ဖုန်းလာကိုင်တဲ့ အမျိုးသားက စောစောက ဖုန်းဖြေတဲ့ အမျိုးသမီးဟာ သူမသိလို့ ပြောနေတာဖြစ်ကြောင်း ဘဏ်အကောင့်တွေ ပိတ်တာ

ဗဟိုဘဏ်နဲ့ သက်ဆိုင်ရာ ဘဏ်တွေကသာ ပိတ်တာဖြစ်ကြောင်း သူတို့အဖွဲ့အစည်းက အဲ့ဒါမျိုးတွေ မလုပ်ကြောင်း ပြောပါတယ်

ကျွန်တော့်စိတ်ထဲ ခံစားမိလိုက်တာက ဘောလီဘော အပုတ်ခံနေရပြီ ဆိုတာပါပဲ ယခင် စစ်အစိုး ရ လက်ထက်တုန်းက

ဝန်ထမ်းတွေရဲ့ ဆက်ဆံပုံကို ပြန်ကြုံရပါတယ် ကျွန်တော် စိတ်မလျှော့သေးဘဲ KBZဘဏ်ကို ပြန်ဆက်ပြီး

အခြေအနေ အကျဉ်းချုပ်ကို ထပ်ပြောလိုက်ပါတယ် ထုံးစံအတိုင်း လေသံအပျော့နဲ့ပဲ ညီမတို့ လည်း အထက် က ပိတ်ခိုင်းလို့ ပိတ်ရတာပါ

အစ်ကို ဒီ့ထက်ပိုပြီးလည်း မသိရဘူး ပြောပိုင်ခွင့်လည်း မရှိဘူး အစ်ကို့ ကိုလည်း ကိုယ်ချင်းစာပါတယ် ဆိုပြီး

ဓာတ်ပြားအဟောင်းပဲ ပြန်ဖွင့်ပြပါတယ် တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပတ်သက်တဲ့ စကားလုံးတွေကို မကြားရပါဘူး

ဘာဖြစ်လို့ ဒီလောက် အလုပ်ရှုပ်ခံပြီး ဖုန်းဆက်နေတာလဲ အမည်ပေါက်နဲ့ အပိတ်ခံရရင် ဘာမှလုပ်မရတော့ဘူး ဆိုတာ မသိဘူးလား လို့

မိတ်ဆွေတချို့က မေးနိုင်ပါတယ် ကျွန်တော့်ရည်ရွယ်ချက်က တကယ်လို့ မှားယွင်းပြီး အပိတ်ခံရတဲ့ သူတွေအတွက်

ဘယ်လိုမျိုး complain တက်လို့ရတယ် ဘယ်လိုဖြေရှင်းလို့ ရမလဲ ဆိုတာကို သိချင်တဲ့ စေတနာနဲ့ပါ အမည်ပေါက်နဲ့

တမင် အပိတ်ခံရ သူတွေအတွက် ဘဏ်ရဲ့တာ ဝန်ယူမှု တာဝန်ခံမှုတွေကို သေချာ သိချင်လို့ပါအခြေအနေတွေ ကတော့

ကြားသိရတဲ့ အတိုင်းပါပဲ စိတ်ထဲ ဘယ်လိုဖြစ်နေလဲ ဘယ်လို ခံစားနေရသလဲ ဆိုရင် စသိသိခြင်းမှာ အံ့ဩပါတယ်

သေချာ သိပြီးတဲ့နောက်မှာ စိတ်ပျက်ပါတယ် စစ်ကောင်စီအပေါ် သစ္စာခံပြီး customer တွေအပေါ် သစ္စာဖောက်တဲ့ KBZဘဏ်ကို

စိတ်ပျက်မိပါတယ် အရေးတော်ပုံ အောင်ပြီးရင် ပြည်သူတွေဆီက ယုံကြည်မှုကို မမျှော်လင့်ဖို့ အခုကတည်း က သတိပေးချင်ပါတယ်။

စစ်ကောင်စီ အပေါ်တော့ ပိုပြီး စက်ဆုပ် ရွံရှာမိပါတယ် နှိုင်းပြစရာ စကားလုံး မရှိအောင်ကို ယုတ်မာတဲ့ သူတွေပါ

ကျွန်တော့် လုံခြုံရေးကို စိတ်ပူတဲ့ သူတွေကို ကျေးဇူးတင်ပါတယ် ကျွန်တော့် အတွက်တော့ သန်းခေါင်ထက် ညမနက်တော့ပါဘူး

ဒီ့ထက် ပိုပြီးလည်း စွန့်လွှတ်စရာ ဆုံးရှုံးစရာ မရှိတော့ပါဘူး ကိုယ့်အသက်နဲ့ မိဘတွေ အသက်ပဲ ကျန်ပါတော့တယ်

အဲဒါကိုလည်း လိုအပ်ခဲ့ရင် စွန့်လွှတ်ဖို့ အတွက် ဆုံးဖြတ်ပြီးသားမို့ တုန်လှုပ်စရာ မရှိတော့ပါ။

Credit