Local News

မုံရွာမြို့ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာရုံး ဗုံးပေါက်ကွဲ

စစ်ကိုင်းတိုင်းဒေ သကြီး မုံရွာမြို့ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာရုံးကို ယနေ့ စက်တင်ဘာ

၁၆ ရက် ည ၇ နာရီ မိနစ် ၃၀ အချိန်တွင် ဗုံးဖောက်ခွဲ တိုက်ခိုက်မှုပြုလုပ်ကြောင်း သံမဏိနှင့် အဖွဲ့သားများ M PDF ကိုယ်စားပြုအဖွဲ့က ပြောသည်

မုံရွာမြို့နှင့် မြို့နယ်အသီးသီးကို ဖြန့်ဝေရောင်းချနေသည့် မြန်မာဘီယာရုံးသည် အာဏာသိမ်း

စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်သည့်အတွက် ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

စစ်ကောင်စီရဲ့ထောက်တိုင်တစ်ခုဖြစ်တဲ့ မုံရွာတစ်မြို့လုံးနဲ့ နယ်အသီးသီးကို ဖြန့်ဝေရောင်းချနေတဲ့

Myanmar Beer ရုံးကို သံမဏိတပ်ဖွဲ့ ဖောက်ခွဲညာရှင် ခွန်ဆာတို့အဖွဲ့မှ ဖောက်ခွဲသတိပေးခဲ့ပါတယ် ဟု

သံမဏိနှင့် အဖွဲ့သားများ MP DF ကိုယ်စားပြုအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ထိုဗုံးပေါက်ကွဲမှုကြောင့် ရုံးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာ ၁၅ ရက် နံနက် ၈ နာရီကျော်အချိန်တွင်လည်း မုံရွာမြို့ကျောက္ကာလမ်းမကြီးပေါ်ရှိ

အာဏာသိမ်းစစ်အုပ်စုပိုင် My t e l ရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့‌သေးသည်။

အာဏာသိမ်း စစ်ကောင်စီ၏ ငွေကြေးစီးဆင်းမှုကို အမြစ်ပြတ်ချေမှုန်းရန်အတွက် မုံရွာ M y t el ရုံးကို

ဗုံးဖောက်ခွဲလိုက်ခြင်း ဖြစ်ကြောင်း သံမဏိနှင့် အဖွဲ့သားများ M PDF ကိုယ်စားပြု တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောခဲ့သည်။

မုံရွာမြို့ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာရုံး ဗုံးပေါက်ကွဲ

စစ်ကိုင်းတိုင်းဒေ သကြီး မုံရွာမြို့ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာရုံးကို ယနေ့ စက်တင်ဘာ

၁၆ ရက် ည ၇ နာရီ မိနစ် ၃၀ အချိန်တွင် ဗုံးဖောက်ခွဲ တိုက်ခိုက်မှုပြုလုပ်ကြောင်း သံမဏိနှင့် အဖွဲ့သားများ M PDF ကိုယ်စားပြုအဖွဲ့က ပြောသည်။

မုံရွာမြို့နှင့် မြို့နယ်အသီးသီးကို ဖြန့်ဝေရောင်းချနေသည့် မြန်မာဘီယာရုံးသည် အာဏာသိမ်း

စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်သည့်အတွက် ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ဆိုသည်

credit