Local News

စစ်သည်များ ရောင့်ရဲတင်းတိမ် ရိုးသားကြိုးစား ဝင်ငွေနှင့်ထွက်ငွေမျှတအောင်နေကြရန် စစ်ခေါင်းဆောင် တိုက်တွန်း

အရာရှိ စစ်သည် မိသားစုတွေ အနေနဲ့ ရောင့်ရဲတင်းတိမ် စိတ်နဲ့ ရိုးသားကြိုးစားစွာ ဆောင်ရွက်ကြဖို့နဲ့ မိမိ ဝင်ငွေနဲ့ ထွက်ငွေ

မျှတအောင် နေထိုင်သွားကြဖို့ အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၁၄ ရက်က ပြင်ဦးလွင်တပ်နယ်ရှိ နည်းပြအရာရှိကြီးတွေ ကထိကအရာရှိကြီးတွေ ပါရဂူဆေးမှူးတွေ ဆရာ ဆရာမတွေ သန္ဓေအရာရှိ စစ်သည် မိသားစုတွေကို

စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမှာ တွေ့ဆုံအမှာစကား ပြောကြားစဉ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောသွားတာပါ။

နိုင်ငံတော်ကို ကာကွယ်နိုင်ဖို့ မိမိတို့တစ်ဦးချင်းတာဝန် ဝတ္တရားတွေ ကျေပွန်စွာ ထမ်းဆောင်ဖို့ စစ်စည်းကမ်းဟာ တပ်မတော်ရဲ့ကျောရိုးပင်ဖြစ်ပြီး စည်းကမ်းသေဝပ် အမိန့် နာခံမှုကောင်းစွာ လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းပါတယ်။

စစ်သည်တွေအနေနဲ့ သင်ကြားခဲ့ရတဲ့ စစ်နည်းဗျူဟာတွေကို ပိုင်နိုင်ကျွမ်းကျင်မှုရှိအောင် လေ့လာလေ့ကျင့်ရုံသာ မ က လက်တွေ့စစ်မြေပြင်မှာလည်း ထိရောက်စွာ အသုံးချနိုင်ရမှာ ဖြစ်တယ်

အခြေခံစစ်နည်းဗျူဟာနဲ့ စစ်ပညာတွေကို လိုက်နာမှုမရှိပါက စစ်မြေပြင်မှာ ပေးဆပ်မှုတွေ ကြီးမားနိုင်လို့ စစ်သည်တစ်ဦးချင်းအနေနဲ့ ကျန်းမာ ကြံ့ခိုင် ကျွမ်းကျင်မှုရှိအောင် လေ့ကျင့် နေရမှာဖြစ်သလို စစ်စည်းကမ်းနဲ့ အမိန့်နာခံမှု ကောင်းမွန်ရမယ်လို့လည်း ပြောပါတယ်။

နိုင်ငံတော်တာဝန်ကို တပ်မတော်က ခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေရတာဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ဖြစ်စေရေး စည်းကမ်းရှိပြီး ခိုင်မာတဲ့ ဒီမိုကရေစီ ဖြစ်စေရေးအတွက် တပ်မတော်အနေနဲ့

ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ကြိုးပမ်းလုပ်ဆောင်နေပြီး တပ်မတော်အနေနဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ

ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ လွတ်လပ် တရားမျှတဲ့ ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့လည်း ပြောသွားပါတယ်။

စက်တင်ဘာ ၇ ရက်ကစပြီး NUG အစိုးရက ခုခံ တွန်းလှန်စစ်ပွဲ စတင်ကြေညာပြီးနောက် အာဏာသိမ်း စစ်ခေါင်းဆောင်က ပြင်ဦးလွင်မြို့ကို ပထမဆုံးသွားရောက်ကာ အရာရှိစစ်သည်တွေနဲ့ တွေ့ဆုံ စကားပြောကြားခဲ့တာ ဖြစ်ပါတယ်။

အရာရှိ စစ်သည် မိသားစုတွေ အနေနဲ့ ရောင့်ရဲတင်းတိမ် စိတ်နဲ့ ရိုးသားကြိုးစားစွာ ဆောင်ရွက်ကြဖို့နဲ့ မိမိ ဝင်ငွေနဲ့ ထွက်ငွေ

မျှတအောင် နေထိုင်သွားကြဖို့ အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၁၄ ရက်က ပြင်ဦးလွင်တပ်နယ်ရှိ နည်းပြအရာရှိကြီးတွေ ကထိကအရာရှိကြီးတွေ ပါရဂူဆေးမှူးတွေ ဆရာ ဆရာမတွေ သန္ဓေအရာရှိ စစ်သည် မိသားစုတွေကို

စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမှာ တွေ့ဆုံအမှာစကား ပြောကြားစဉ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောသွားတာပါ။

နိုင်ငံတော်ကို ကာကွယ်နိုင်ဖို့ မိမိတို့တစ်ဦးချင်းတာဝန် ဝတ္တရားတွေ ကျေပွန်စွာ ထမ်းဆောင်ဖို့ စစ်စည်းကမ်းဟာ တပ်မတော်ရဲ့ကျောရိုးပင်ဖြစ်ပြီး စည်းကမ်းသေဝပ် အမိန့် နာခံမှုကောင်းစွာ လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းပါတယ်။

စစ်သည်တွေအနေနဲ့ သင်ကြားခဲ့ရတဲ့ စစ်နည်းဗျူဟာတွေကို ပိုင်နိုင်ကျွမ်းကျင်မှုရှိအောင် လေ့လာလေ့ကျင့်ရုံသာမ က လက်တွေ့စစ်မြေပြင်မှာလည်း ထိရောက်စွာ အသုံးချနိုင်ရမှာ ဖြစ်တယ်

Credit