Cele News

အရာရှိ စစ်သည်များနှင့် တွဲရိုက်ထားသော ဓာတ်ပုံများ လိုင်းပေါ်တင်လျှင် ပြင်းထန်စွာ အရေးယူမည်ဟု ရွှေရူပါဦးအား သတင်းထုတ်

ပရိသတ်ကြီးရေ ခြေထောက် အလှပိုင်ရှင် ရွေရူပါဉီးကိုတော့ အားလုံးသိပြီးသား ဖြစ်မှာပါ

သူမအား တချို့ကတော့ စစ်တပ်အားပေး တပ်ကုန်း မလေး လို့လည်း ခေါ်ကြပါတယ်နော်

သူမဟာ စစ်တပ်အသိုင်းအဝိုင်းမှာ ကျင်လည် ကျက်စားနေသူ တစ်ဉီးဖြစ်ပြီး အရာရှိများ စစ်သည်များနှင့်လည်း အမှတ်တရဓာတ်ပုံများ

တွဲရိုက်ကာ လိုင်းပေါ်တင် ကြွားလေ့ ရှိသူ တစ်ဉီးလည်း ဖြစ်ပါတယ်။

သို့သော် ယခု နောက်ပိုင်းမှာတော့ သူ မနဲ့ ဓာတ်ပုံ တွဲရိုက်ဖူးသော စစ်သားတိုင်း လိုလို

ရာထူးကြီး ငယ်မရွေး အသက်မရှည်ဘဲ မပြန်လမ်းသို့ အမြန် ကြွလှမ်းသွားလေ့ ရှိကြောင်း

အချက်အလက် များနှင့်တကွ သတင်းအတိအကျ ပေါ်ထွက်လာပြီးနောက်

စစ်တိုင်းဌာ န တော်တော်များများဟာ သူ မ လာရောက် လှူဒါန်းလည်ပတ်ပြီး

ဓာတ်ပုံအတူ တွဲရိုက်ရမှာကို စိုးရွံ့ကာ ရွှေရူပါဉီးအား မည်သည့် အကြောင်းနဲ့ ဖြစ်စေ

တပ်တွင်း ဝင်ရောက်ခြင်း ခွင့်မပြုရ ဟူသော အမိန့်စာများ ထုတ်ပြန် ထားတယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

ထိုသတင်းများ ထွက်ပေါ်ပြီးနောက် ယနေ့မှာတော့ ခြေထောက် အလှမယ်ရွှေရူပါဦး အား မည်သည့် စစ်သည်နှင့်

အမှတ် တရ တွဲရိုက်ထားသော ပုံဖြစ်စေ ဗီဒီယိုဖြစ်စေ လိုင်းပေါ် လုံးဝ တင်ခွင့် မပြုကြောင်း ကန့်သတ်ထားကြောင်းနှင့်

ခွင့်ပြုချက် မရှိဘဲ အရာရှိ စစ်သည်များနှင့် အမှတ် တရ ရိုက်ထားသော ပုံများအား ဖေ့ဘုတ်စာမျက်နှာနှင့်

အခြား လူမှုကွန်ယက် အွန်လိုင်းထက်သို့ ဆက်လက် တင်နေမည်ဆိုပါက တည်ဆဲ ဥပေဒများအ ရ

ထိရောက် ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အောက်ပါအတိုင်း ထုတ်ပြန် ကြေငြာလာတယ်လို့ သိရပါတယ်။

အရာရှိ စစ်သည်များနှင့် အမှတ် တရ အဖြစ် ယှဉ်တွဲ ရိုက်ကူးထားခဲ့သော ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များအား

ခွင့်တောင်း အကြောင်းကြားခြင်း မရှိဘဲ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ရေးသားခြင်း ဆက်လက် ဖြန့်ဝေခြင်းများ မပြုလုပ်ရန်

ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင်ဟု လူသိများထင်ရှားသူ မော်ဒယ် ရွှေရူပါဉီးအား တပ်မတော်မှ မေတ္တာ ရပ်ခံခဲ့သော်လည်း

၎င်း အနုပညာရှင်မှာ လိုက်နာမှု မရှိခဲ့သည့် အတွက် ယင်းကဲ့သို့ ထပ်မံ ပြုလုပ်သွားမည် ဆိုပါက တည်ဆဲ ဥပဒေများနှင့် အညီ

ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြဝတီ ရုပ်မြင်သံကြားမှ သတိပေးစကား ပြောကြားလာခဲ့တယ် လို့ ဆိုပါတယ်။

ပရိသတ်ကြီးရေ သူနဲ့ ဓာတ်ပုံတွဲရိုက်တဲ့ စစ်သည်မှန်သမျှ မကြာချက်ချင်း ဘဝတစ်ပါး ပြောင်းသွားစေတဲ့ ရွှေရူပါဉီးရဲ့

စွမ်းပကားက ကြာလေမြင့်လေ ဖြစ်လာသဖြင့်တပ်တွင်းက ပုံတွဲ ရိုက်ဖူးသူ မှန်သမျှ သာမ က မရိုက်ရသေး သူများကပါ

တစ်နေ့ ဒင်း ငါတို့ဆီ ရောက်လာခဲ့မယ် ဆိုရင်ဖြင့်ဟု တွေးကာ ရင်မော စိတ်ပူနေကြရတယ်လို့ အတွင်း သတင်းများအ ရ သိရပါတယ်။

ဒါ့ကြောင့်သာပင် ရွှေရူပါဉီး တပ်တွင်း မဝင်ရတို့၊အရင်က ရိုက်ဖူးတဲ့ အမှတ် တရ ပုံရိပ်တွေကိုလည်း လိုင်းပေါ်မတင်ရ

တင်မည်ဆိုပါက ပြင်းထန်စွာ အရေးယူသွားမည်တို့ ထုတ်ပြန် ပြောဆိုလာတာလည်း ဖြစ်ပါတယ်နော်

ပရိသတ်ကြီး ဆီမှာကော ရွှေရူပါဉီးနဲ့ စစ်သားတွေ တွဲရိုက်ထားတဲ့ပုံ ဘယ်နှစ်ပုံလောက် ရှိနေလဲ အပန်းမကြီးရင် ပြခဲ့ မန့်ခဲ့ပေးကြပါအုံးနော်။

Credit