Knowledge

မော်လမြိုင် ကမ်းနားလမ်းမှာ ပေါက်စီရောင်းနေတဲ့ အဘိုး အဖွားအတွက် အံအားသင့်သွားစေခဲ့တဲ့ မွန်လူငယ်လေးတစ်ဦးရဲ့ အလှူ

မွန်ပြည်နယ် ဘီလူးကျွန်း ဒရယ်ရွာက အလှူရှင် ညီမလေးတွေ ကျွန်တော်ရဲ့ Messengerကဆက်သွယ်လာတယ်။

ဦးမြင့်စိုးရေ သမီးနဲ့သမီးသူငယ်ချင်း ကမ်းနားလမ်းမှာ ပေါက်စီရောင်းနေတဲ့

အဖွား ရန်ကုန်မှာ ဆေးရုံတက်နေတဲ့
ကလေးကို အလှူငွေလေး လှူဒါန်းခြင်လို့ပါ

သမီးတို့ ကိုယ်စား ဦးလှူဒါန်းပေးပါလို့ဆက်သွယ်လာ၍ ရတယ် သမီးရေ ဦးမြင့်စိုး ကိုယ်စားလှူပေးဖို့ လက်ခံခဲ့ပါတယ်။

အလှူရှင် ညီမလေးတွေ မိခိုင်သဇင်ထွေး မိနှင်းပွင့်ဖြူစင် တို့မှ ရန်ကုန်ဆေးရုံမှာ ဆေးကုသနေသော ကလေးငယ်အတွက် ၄၀၀၀၀ကျပ်

ပေါက်စီ ရောင်းနေတဲ့ အဘိုး အဖွားအတွက် အလှူငွေ ၂၀၀၀၀ကျပ် အလှူရှင်ကိုယ်စား ကျွန်တော် သွားရောက် ကူညီလှူဒါန်း ပေးခဲ့ပါတယ်။

အဖွားကပြောတယ် သားရေ အဖွားနေလို့ သိမ့်မကောင်းဘူးတဲ့ ဈေးလဲရောင်းမကောင်းဘူးတဲ့ ကျွန်တော် အားပေးစကား ပြောခဲ့ပါတယ်

အဖွား ဒီရက်ပိုင်းက ဈေးရောင်းဈေး၀ယ် အားလုံးနည်းပါ အဆင်မပြေကြဘူး

သားတို့ဆိုရင် သုံးဘီးTaxiမောင်းတာ
ဈေးဦး မပေါက်တဲ့နေ့‌တွေ ရှိတယ်

ဓါတ်ဆီဈေးက တက်တော့ သုံးဘီးမောင်းရင် ဈေးဖိုးပဲရတယ် အဖွား အဆင်မပြေဘူး။

အဖွား ကျန်းမာရေးအတွက် စိတ်မပူနဲ့
ကျနော် အသိဆရာ၀န်တွေ အဖွားကျန်းမာရေးအတွက် အခမဲ့ ဆေးကုပေးမယ်လို့ အားပေစကား ပြောခဲ့တယ်။

ကျွန်တော့် သူငယ်ချင်းတွေ မော်လမြိုင်ကမ်းနားလမ်း ညဈေးမှာ တွန်းလှည်းနဲ့ ဈေးရောင်းနေတဲ့

အဘိုး အဖွား ပေါက်စီဆိုင်ဘက်ကို ရောက်ခဲ့ရင် ၀ယ်ယူ အားပေးကြဖို့ လေးစားစွာ တင်ပြပါတယ်။
M y i n t S o e
Credit