Local News

ဘားအံက မြိုပေါ်ရပ်ကွက်ရုံးတွေအတွင်း စစ်မူ့ထမ်းဟောင်း ပြည်သူ့စစ်တပ်ဖွဲ့တွေ ဝင်ရောက်နေရာယူ

ဘားအံမြို့က ရပ်ကွက်ရုံးတွေမှာ စစ်ကောင်စီ လက်အောက်ခံဖြစ်တဲ့ ပြည်သူ့ စစ်တပ်ဖွဲ့တွေဟာ လုံခြုံရေးအကြောင်းပြပြီး

ဝင်ရောက်နေရာယူထား တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘားအံမြို့ အမှတ် ၃ ရပ်ကွက် အမှတ် ၇ ရပ်ကွက် အမှတ် ၉ ရပ်ကွက် စတဲ့ ရပ်ကွက်ရုံးတွေ အချို့မှာ မနေ့ စက်တင်ဘာ ၁၃ ရက်နေ့ ကစပြီး ဝင်ရောက်နေရာ ယူလာတာ ဖြစ်ပါတယ်။

ရပ်ကွက်ရုံးထဲ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အရပ်ဝတ်နဲ့ ရောက်ရှိနေရာယူထားတာကို တွေ့ရတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

မနေ့က သူတို့ရုံးထဲကို ရောက်လာခဲ့တာ ရတခတိုင်း စစ်ဌာနချုပ်ကွပ်ကဲ တာဝန် ပေးမှုနဲ့ပေါ့ အရင်က ရပ်ကွက်ရုံးမှာ စစ်သားတွေ

နေတာလေ အခု စစ်သားတွေနေရာမှာ ပြည်သူ့စစ်တွေ ရောက်လာတယ်။

လုံခြုံရေးအတွက်လို့တော့ ပြောတာပဲ လို့ ရပ်ကွက်သားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဟောင်းတွေကို ပြန်လည်ခေါ်ယူမှုတွေ ရှိနေပြီး ပြည်သူ့စစ် တပ်ဖွဲ့အဖြစ် ဖွဲ့စည်းပေးလိုက်ကာ

အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရဲ့ တိုက်ရိုက်ကွပ်ကဲမှုနဲ့ လက်နက် တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဘားအံမြို့အ၀င်နေရာ အချို့မှာ စစ်အုပ်စုတွေက ရှာဖွေစစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်နေပြီး ကျေးရွာထဲမှာ

စစ်ကားတွေနဲ့ လိုက်ပတ်လှည့်လည် သွားလာနေလို့ ဒေသခံရွာသားတွေ စိုးရိမ်ထိတ်လန့်နေရပါတယ်။

Credit