Knowledge

သားဖြစ်သူရဲ့ ဆေးကုသမှု စရိတ်အတွက် နေ့ရော ညပါ မ နားတမ်း မုန့်များက်ို ရောင်းချခဲ့တဲ့ အသက် ၁၀၅နှစ် အရွယ် အဘိုးအို

သားဖြစ်သူရဲ့ ဆေးကုသမှု စရိတ်အတွက် နေ့ရော ညပါ မ နားတမ်း မုန့်များက်ို ရောင်းချခဲ့တဲ့ အသက် ၁၀၅နှစ် အရွယ် အဘိုးအို

တရုတ်နိုင်ငံရှိ S h a n d o n g ပြည်နယ်မှ အသက် ၁၀၅ နှစ်အရွယ် အဘိုးအို တစ်ဦးရဲ့

ဇာတ်လမ်းဟာ မကြာသေးမီက social media ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်

ထိုအဘိုးအိုဟာ သူနဲ့ သူ့သားရဲ့စားဝတ်နေရေးအပြင် သားဖြစ်သူရဲ့ ဆေးဖိုးကိုပါ

ထောက်ပံ့နိုင်ရန် အတွက် ထိုင်ဝမ်ရှိ ထိုင်ပေမှလာတဲ့ တရုတ်မုန့် man tou ကို

ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေခဲ့ပါတယ် ထိုအဘိုးအိုရဲ့ သားဟာ

မူးယစ်ဆေး စွဲခြင်းနှင့် ဆီးချိုရောဂါ တို့ကြောင့် စိတ်ကျရောဂါ ခံစားခဲ့ရပြီး

လက်ရှိမှာ ဆေးကုသမှု ခံယူနေရပါတယ် ဒါ့ကြောင့် အဘိုးအိုက

သူ့ရဲ့ မိသားစု သေးသေးလေးကို ထောက်ပံ့ရန်နှင့် သားဖြစ်သူရဲ့

ဈေးများတဲ့ ဆေးကုသမှု စရိတ်အတွက် ငွေပေးချေနိုင်ရန် man tou မုန့်ကို

နေ့ရော ညပါ ရောင်းခြင်းဖြင့် ကြိုးစား ရုန်းကန်နေရပါတယ်

နေ့ခင်းဘက်မှာ ထိုအဘိုးအိုဟာ Jing m e i ဈေးရှိသူရဲ့ လူလုပ် ဆိုင်ငယ်လေးမှာ တွေ့နိုင်ပြီး

ညနေပိုင်း မှာတော့ သူ့ရဲ့ ဆိုင်လေးကို နေရာရွှေ့ပြီး Wan long ဘူတာ အပြင်ဘက်မှာ

ဈေးရောင်းလေ့ ရှိပါတယ် အဆိုပါ အဘိုးအိုရဲ့အဖြစ်အပျက် ဇာတ်လမ်းကို

ပြန်လည် မျှဝေပေးခဲ့တဲ့ n e t i zen တစ်ဦးက အဘိုးရဲ့ ဆိုင်ရှေ့ကို

မ ကြာ ခ ဏ ဖြတ်သွားခဲ့ ဖူးတာကြောင့် အဘိုးရဲ့အကြောင်းကို သိလာခဲ့ပြီး

သူ့ ရဲ့ Facebook မှာမျှဝေပေးခဲ့ကြောင်း နှင့် အဆိုပါ အဘိုးဟာ

သူ့ရဲ့ ညနေစာကို အမြဲတမ်း မသုံးဆောင် ခဲ့တာကိုပါ သတိပြုမိတာကြောင့်

အဘိုး အတွက် စိုးရိမ် ပူပန်မိကြောင်းလည်း ရေးသားခဲ့ပါတယ်

ထို့နောက် အင်တာနက် သုံးစွဲသူများ ကလည်း အသက်ကြီးလှပြီ ဖြစ်တဲ့

အဘိုးရဲ့ကျန်းမာရေးကို စိုးရိမ်ခဲ့ကြပါတယ် အချို့ကလည်း

အဘိုးကို ကူညီနိုင်ရန် အဘိုးရှိရာ နေရာသို့ချက်ချင်း သွားခဲ့ကြပါတယ်

credit