Cele News

လွတ်မြောက်နယ်မြေက တိုင်းရင်းသားကလေးတွေအတွက် မုန့်တွေဝေပေးရင်း ကလေးတွေနဲ့အတူပျော်နေတဲ့ ဒါရိုက်တာ ကိုပေါက်

မိသားစုနဲ့ အဝေးမှာနေပြီး ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်နေတဲ့ ဒါရိုက်တာ ကိုပေါက်ဟာ လက်ရှိမှာတော့

လွတ်မြောက်နယ်မြေ တစ်နေရာမှာ ရောက်ရှိနေခဲ့ပြီး ကိုယ်တတ်နိုင်တဲ့ ဖက်ကနေ အာဏာရှင်ကို တော်လှန်ရေးမှာ အစွမ်းကုန် ပါဝင်နေခဲ့ပါတယ်။

စိတ်အာရုံ ခံစားရတဲ့ အနုပညာသမား အဖြစ်ကနေ မတရားမှုကို တော်လှန်သူအဖြစ် ရဲရဲဝံ့ဝံ့

ကူးပြောင်းခဲ့ပြီးနောက် ကိုယ့်ရဲ့ရပ်တည်ချက်အတွက် လည်းနောင်တမရဘဲ နောက်မဆုတ်တမ်း တိုက်ပွဲဝင်နေခဲ့ပါတယ်။

မလုံခြုံမှန်း သိသိရက်နဲ့ ဒီလမ်းကို လျှောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ရောက်တဲ့ နေရာမှာလည်း တိုင်းရင်းသား ကလေးတွေအတွက် ပျော်ရွှင်သွားရအောင် မုန့်လေးတွေဝေပြီး ကလေးတွေနဲ့အတူ

အပျော်တွေထပ်တူကျနေတဲ့ ပုံရိပ်တစ်ချို့ကို ကိုပေါက်ရဲ့ မိတ်ဆွေတစ်ယောက်က လူမှုကွန်ယက်မှာ ဝေမျှလာခဲ့ပါတယ်။

မိသားစုနဲ့ဝေးကွာပြီး နေရပေမယ့် ရောက်တဲ့နေရာမှာ ပျော်အောင်နေရင်း အကျိုးရှိတာတွေ လုပ်နေခဲ့ပါတယ်။

ပန်းချီဝါသနာ ပါသူဖြစ်တဲ့ အလျောက် တော်လှန်ရေးတပ်သား တစ်ယောက်ဖြစ်သွားခဲ့တဲ့ မင်းမော်ကွန်း အတွက် ဂုဏ်ပြု ပန်းချီကားလေး ဆွဲပေးခဲ့ပါသေးတယ်။

ဘယ်နေရာရောက်ရောက် နှလုံးသားထဲက မြတ်နိုးတဲ့ အနုပညာကတော့ ဘယ်တော့မှ အဆုံးသတ် မသွားခဲ့ပါဘူး။

ပြည်သူတွေဟာလည်း တော်လှန်ရေးကြီး အောင်မြင်သွားတဲ့အချိန်မှာ ပြည်သူနဲ့အတူ ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တွေကို

မှတ်သားပြီး အရင်ထက်ပိုတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ချစ်ခင်အားပေးမယ့် အကြောင်း မှတ်ချက်တွေ အများအပြား ပေးခဲ့ကြပါတယ်။

Credit