Local News

မွေးနေ့မှာ အမှတ်တရအဖြစ် ပြည်သူထံ မွေးနေ့လက်ဆောင်လေး တောင်းခဲ့တဲ့ PDF လူငယ်တစ်ဦး

တောထဲမှာ ပင်ပင်ပန်းပန်း ဖြတ်သန်းနေရတဲ့ PDF လူငယ်လေး တစ်ယောက်ဟာ လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့မှာ

သူ့ရဲ့အသက် ၃၀ ပြည့်မွေးနေ့အတွက် အမှတ်တရဖြစ်အောင် မွေးနေ့လက်ဆောင် အဖြစ်နဲ့ အလှူငွေလှူဒါန်းပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

လက်ရှိမှာ သူတို့ဟာ အကြမ်းဖက်လက်နက်ကိုင် တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်လို့ နှစ်ဖက်ထိပ်တိုက် တွေ့လာတဲ့အချိန်မှာ

လက်နက်အင်အား မမျှတတာတွေ မဖြစ်ရလေအောင် လိုအပ်တဲ့လက်နက်တွေ ဝယ်နိုင်ဖို့အတွက် တောင်းခံခဲ့တာပါ။

လက်ရှိမှာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေတော်တော်လို အပ်နေတာကြောင့် အခုလို အလှူခံရကြောင်းလည်း ပြောလာခဲ့ပါတယ်။

ရရှိခဲ့တဲ့ အလှူငွေအနည်းအများပေါ်မူတည်ပြီးတော့လည်း မြို့ပေါ်မှာ အသက်နဲ့ရင်းပြီး တိုက်ခိုက်နေတဲ့ PDF ညီအကိုတွေဆီကို တဆင့်ပြန်လည်မျှဝေ ပေးသွားမယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ပွဲဟာ ဒီမျိုးဆက်ရဲ့ နောက်ဆုံး တိုက်ပွဲဖြစ်တာကြောင့် အောင်ပွဲမရမချင်း အစွမ်းကုန်တိုက်ပွဲဝင် သွားမယ့်အကြောင်း ကတိပြုခဲ့ပါသေးတယ်။

ဒီအလှူခံ Post လေးဟာ မွေးနေ့အမှတ်တရအတွက် တောင်းဆိုတာဖြစ်ပြီး နောက်ထပ်ဘယ်တော့မှ အလှူမခံတော့မယ့် အကြောင်းကိုလည်း အားနာစွာ အသိပေးခဲ့ပါသေးတယ်။

ဘယ်လိုပဲ မတောင်းဆိုသော်ငြားလည်း ပြည်သူတွေဟာ PDF လူငယ်လေးတွေအတွက် စေတနာဗရပွနဲ့ အမြဲတမ်းလှူဒါန်းပေးနေကြောင်းလည်း သိရပါတယ်။

ခက်ခဲကြမ်းတမ်းမှု ပေါင်းစုံကို ရင်ဆိုင်နေရတဲ့ လူငယ်လေးတွေဟာ ပြည်သူအားလုံး မျှော်လင့်တဲ့ အောင်ပွဲကို အသက်နဲ့ရင်းပြီး ယူဆောင်ပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားပေးနေခဲ့တာလည်း အားလုံးမျက်မြင်ပါပဲ။

မိသားစုနဲ့ဝေးရာမှာ နေရသလို အန္တရာယ်တွေကြားထဲမှာလည်း ဘေးကင်းအောင်ကြိုးစားနေထိုင် ရသူတွေမို့ ပြည်သူတွေက ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဆက်လက် လှူဒါန်းနေကြဦးမယ်ဆိုတာ အသေအချာပါပဲ။

မွေးနေ့မှာ အမှတ်တရအဖြစ် ပြည်သူထံ မွေးနေ့လက်ဆောင်လေး တောင်းခဲ့တဲ့ PDF လူငယ်တစ်ဦး

တောထဲမှာ ပင်ပင်ပန်းပန်း ဖြတ်သန်းနေရတဲ့ PDF လူငယ်လေး တစ်ယောက်ဟာ လာမယ့်စက်တင်ဘာ ၁၄ ရက်နေ့မှာ

သူ့ရဲ့အသက် ၃၀ ပြည့်မွေးနေ့အတွက် အမှတ်တရဖြစ်အောင် မွေးနေ့လက်ဆောင် အဖြစ်နဲ့ အလှူငွေလှူဒါန်းပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

လက်ရှိမှာ သူတို့ဟာ အကြမ်းဖက်လက်နက်ကိုင် တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်လို့ နှစ်ဖက်ထိပ်တိုက် တွေ့လာတဲ့အချိန်မှာ

လက်နက်အင်အား မမျှတတာတွေ မဖြစ်ရလေအောင် လိုအပ်တဲ့လက်နက်တွေ ဝယ်နိုင်ဖို့အတွက် တောင်းခံခဲ့တာပါ။

လက်ရှိမှာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေတော်တော်လို အပ်နေတာကြောင့် အခုလို အလှူခံရကြောင်းလည်း ပြောလာခဲ့ပါတယ်။

ရရှိခဲ့တဲ့ အလှူငွေအနည်းအများပေါ်မူတည်ပြီးတော့လည်း မြို့ပေါ်မှာ အသက်နဲ့ရင်းပြီးတိုက်ခိုက်နေတဲ့ PDF ညီအကိုတွေဆီကို တဆင့်ပြန်လည်မျှဝေ ပေးသွားမယ်လို့လည်း ဆိုပါတယ်။

Credit